Friday, June 2, 2017

မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူ နှစ်ဦးအားမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

No automatic alt text available.
ဝါးခယ်မ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မ မြို့နယ် ရေကျော်ရပ်ကွက်နေ ဦးမင်းမင်းလတ်၏ နေအိမ်၌ စိတ်ကြွမူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲနေကြောင်း သတင်းအရ မေ ၂၉ ရက် နံနက် ၁ဝ နာရီက ဝင်ရောက်ရှာဖွေရာ မူးယစ် ဆေးဝါး သုံးစွဲရောင်းချသူနှစ်ဦးအား ဖမ်းဆီး ရမိခဲ့သည်။
ဦးမင်းမင်းလတ်၏ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း၌ မင်းမင်းလတ်နှင့် သက်နိုင်တို့ နှစ်ဦးအား တွေ့ရှိရပြီး အခန်းအတွင်းမှWYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၅ဝ၊ အစိမ်းရောင်စိတ်ကြွဆေးပြား ခြောက်ပြား၊ ဆေးခြောက်ရွက် နှစ်ကျပ်လေးပဲသား၊ ငွေကျပ် ၂ဝဝဝဝ နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ ခဲ့ပြီး မူးယစ်ဆေးဝါး တရားမဝင်လက်ဝယ်ထားရှိ သုံးစွဲရောင်းချသူ မင်းမင်းလတ်(၄၅)နှစ်နှင့် သက်နိုင်(၂၄)နှစ်တို့နှစ်ဦးအား အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
လွှမ်းသီဟ(ဝါးခယ်မ)

No comments:

Post a Comment