မြန်မာ့အလင်းအယ်ဒီတာအာဘော်
နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက် ၍
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မီဒီယာများမှ တစ်ဆင့်
ကြိုတင်သတိပေးနှိုးဆော်ချက်များထုတ်ပြန်ခဲ့ပြီး ရက်သတ္တ နှစ်ပတ်ခန့်ကာလအတွင်း
ထူးခြားသည့် မိုးလေဝသဖြစ်စဉ်များမှာ လည်း ဖြစ်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်း အရပ်ဒေသများတွင် နွေကာလဖြစ်သည့် အလျောက်
နေ့အပူချိန်များမြင့်တက်လာခြင်း၊ ယင်းနှင့်ဆက်နွှယ်၍
လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုး
ပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခင်း၊ နေရာကွက်ကျား မိုး
ထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း၊
လေပြင်းတိုက်ခတ်စဉ် မြေပြင်၊ ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄ဝ
အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက
သတိပေးထားခဲ့သကဲ့သို့ပင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍
ပြည်သူသို့ပန်ကြားချက်ကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ထားပြီး
နေအိမ်အဆောက်အအုံများနှင့် စပ်လျဉ်း၍ ပြင်ဆင် ရန် အကြံပြုချက်များ၊
မိုးသည်းထန်စွာရွာသွန်းချိန် လေပြင်းတိုက် ခြင်း၊ မိုးကြိုးပစ်ခြင်း၊
မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်လာချိန် တွင် သတိပြုဆောင်ရွက်ရန်များ၊
သဘာဝဘေးနှင့်ကြုံတွေ့ရပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို
ဖော်ပြအသိပေးထားခဲ့ပြီးဖြစ်သည်။
သဘာဝဖြစ်စဉ်များဖြစ်သည့်
နွေကာလနေ့အပူချိန် မြင့်တက်ခြင်း ကြောင့်
ပြည်သူများကျန်းမာရေးဆိုင်ရာဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ရာ အပူဒဏ်ကြောင့်
ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်
ဆားဓာတ်များဆုံးရှုံးမှုများပြားကာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊
နုံးချည့်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်၍ ကိုယ်အပူချိန်တက်ခြင်း၊
အတက်ရောဂါဖြစ်ပွားခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အ္တရာယ် စိုးရိမ်ရသော
အခြေအနေများဖြစ်ပေါ်တတ်ရာ အပူဒဏ်အန္တရာယ် ကာကွယ်ရေးအတွက်လည်း
မီဒီယာများမှတစ်ဆင့် နှိုးဆော်ပေးလျက် ရှိသည်။
ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု များကြောင့်
မိုးလေဝသဖြစ်စဉ်များမှာလည်း ပိုမိုပြင်းထန်ကြမ်းတမ်း လျက်ရှိသည်။
တစ်ဖက်တွင်လည်း မိမိတို့မြန်မာနိုင်ငံသည် သဘာဝဘေး ကျရောက်မှုကြောင့်
ထိခိုက်နိုင်ခြေအများဆုံးနိုင်ငံများအနက် ဒုတိယ နေရာတွင်ရှိနေရာ
မိုးလေဝသဖြစ်စဉ်များအပေါ် လူတိုင်းက အာရုံစိုက် သတိပြုကြရန်လိုအပ်ပြီး
သဘာဝဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်း၊
ဘေးအ္တရာယ်ကျရောက်လာချိန် တွင်လည်း
အလျင်မြန်ဆုံးနှင့်အကောင်းဆုံးတုံ့ပြန်နိုင်ရန် လေ့ကျင့်စီမံ ထားခြင်း၊
ဘေးအ္တရာယ်ကျရောက်ပြီးအချိန်တွင် ဆောင်ရွက်ကြ ရမည့်
နောက်ဆက်တွဲလုပ်ငန်းများအတွက် ကြိုတင်စီမံချက်များ ရေးဆွဲထားခြင်းတို့ကို
သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်း များက ပြင်ဆင်ဆောင်ရွက်နေကြသလို
ဒေသတွင်းနေထိုင်သူများ ကလည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။
အထူးသဖြင့် ထူးခြားသော မိုးလေဝသဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်၊
ရှောင်ရန် ဂရုပြုဖွယ်တို့ကို သက်ဆိုင်ရာဌာန အသီးသီးတို့က
မီဒီယာနည်းလမ်းများမှတစ်ဆင့် အသိပေးနှိုးဆော်ထုတ်ပြန်လျက်ရှိရာ အမှုမဲ့၊
အမှတ်မဲ့ လျစ်လျူပြုမနေဘဲ သဘာဝဘေးအန္တရာယ်များကို
ရင်ဆိုင်ရှောင်လွှဲကျော်လွှားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နိုင်ကြ
ပါစေကြောင်း။ ။
No comments:
Post a Comment