Friday, March 24, 2017

တရုတ်နိုင်ငံမှ တင်သွင်းလာသော တရားဝင်အထောက်အထားမပြနိုင်သည့် အကောက်ခွန်မဲ့ လူသုံးကုန်နှင့် စားသောက်ကုန်များ၊ ဘီယာများ သိမ်းဆည်းရမိ


Image may contain: outdoor
ရန်ကုန် မတ် ၂၃
တရားမဝင်ကုန်စည်များ ကူးသန်းရောင်းဝယ်နေမှုများကို အဓိက ကုန်စည်သယ်ပို့ရေးလမ်းကြောင်း နှစ်ခုဖြစ်သည့် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေး-မူဆယ်လမ်းပေါ်ရှိ ရေပူစစ်ဆေးရေးဂိတ်စခန်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ ရန်ကုန်- မြဝတီလမ်းကြောင်းပေါ်ရှိ မရမ်းချောင် စစ်ဆေး ရေး စခန်းတို့တွင် တားဆီးစစ်ဆေးအရေးယူလျက်ရှိရာ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် သယ်ဆောင်လာသည့် လူသုံးကုန်၊ စားသောက်ကုန်နှင့် ဘီယာများကို ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
မတ် ၂၂ ရက်တွင် မူဆယ်မှလားရှိုးသို့ သွားရောက်မည့် Canter ခြောက်ဘီးယာဉ်အမျိုးအစားကို ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တားဆီး စစ်ဆေးရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆပ်ပြာမှုန့်၊ ခေါက်ဆွဲခြောက်၊ ဘီယာနှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်သုံးစီးအပါ အဝင် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃ ဒသမ ၇ သန်းခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်စခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးလျက်ရှိရာ မတ် ၂၂ ရက်က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တရား မဝင် ကုန်သွယ်နေမှုကို တားဆီးမှု ခြောက်မှု (ခန့်မှန်း တန်ဖိုး ကျပ် ၄၃ ဒသမ ၇ သန်းခန့်)နှင့် မရမ်းချောင် အမြဲ တမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ငါးမှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈ ဒသမ ၁၈၆၈ သန်းခန့်)ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
မတ် ၁ ရက်မှစတင်ကာ ရေပူစစ်ဆေးရေး ဂိတ်စခန်းနှင့် မရမ်းချောင် စစ်ဆေးရေးစခန်းတို့တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ ပါဝင်သည့်အဖွဲ့များက တရားမဝင် ကုန်သွယ်မှုများကို တားဆီးစစ်ဆေးအရေးယူ လျက်ရှိရာ မတ် ၂၂ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၆၂၅ စီး၊ သွင်းကုန် ၇ဝ၆ စီး၊ ရန်ကုန်- မြဝတီ လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၃၉ စီး၊ သွင်းကုန် အစီး ၂ဝဝ ဖြင့်ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိ ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
(ဝဝ၁)

No comments:

Post a Comment