
ဟားလ်စီးတီးအသင်းနှင့် မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့သည့် အီးအက်ဖ်အယ်လ်ဖလား ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်တွင် မန်ယူအသင်းက ဟားလ်စီးတီးအသင်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် အီးအက်ဖ် အယ်လ်ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် မန်ယူအသင်းနှင့် ဆောက်သမ်တန်အသင်းတို့ ထိပ်တိုက်တွေ့မည်ဖြစ်သည်။
မန်ယူအသင်းသည် ပထမအကျော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်တွင် နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ယခု ဒုတိယအကျော့တွင် ဟားလ်စီးတီးအသင်း၏ အိမ်ကွင်း ကေစီအိုအင်မ်ကွင်းကြီးထဲ၌ နိုင်ပွဲရရှိရေးအတွက် ရုန်းကန်ခဲ့ရသည်။
ယင်းပွဲစဉ်တွင် ဟားလ်စီးတီးအသင်းသည် ပွဲကစားချိန် ၃၅ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီသွင်းဂိုးဖြင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပွဲကစားချိန် ၆၆ မိနစ်ရောက် မှသာ ကွင်းလယ်ကစားသမား ပေါ့ဘာက မန်ယူအသင်း အတွက် အဖိုးတန်ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့သည်။ သို့ရာတွင် ပွဲကစားချိန် ၈၅ မိနစ်တွင် ဟားလ်စီးတီးအသင်း နောက်ထပ် တစ်ဂိုးရရှိခဲ့ခြင်းကြောင့် ဒုတိယအကျော့တွင် မန်ယူအသင်းနှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ထိုသို့ ဒုတိယအကျော့ရှုံးခဲ့သော်လည်း ပထမအကျော့ တွင် နှစ်ဂိုးပြတ်နိုင်ပွဲရရှိထားခဲ့ခြင်းကြောင့် နှစ်ကျော့ ပေါင်းရလဒ် သုံးဂိုး-နှစ်ဂိုးဖြင့် မန်ယူအသင်းက အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။ ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် အီးအက်ဖ်အယ်လ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဆောက်သမ်တန်အသင်းက လီဗာပူးအသင်းကို အနိုင်ရရှိခဲ့ခြင်းကြောင့် နောက်ဆုံးဗိုလ်လုပွဲတွင် မန်ယူအသင်းနှင့် ဆောက်တမ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်ပြီး အဆိုပါဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
(ငွေကြယ်)
No comments:
Post a Comment