မန္တလေး ဇန်နဝါရီ ၂၇
ပြန်ကြားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် (မန္တလေး) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ကျောင်းသား ကျောင်းသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ဆရာကြီးမင်းသုဝဏ်ပြခန်းကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဆရာကြီးမင်းသုဝဏ် အမှတ်တရပြခန်းကို လှည့်လည်ကြည့်ရှု ကြသည်။
ဖွင့်လှစ်
ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက် ကျင်းပရာ မန္တလေးမြို့ ပုဂ္ဂလိကအထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များက ကလေးစာပေပွဲတော် Theme Song သီချင်းသီဆို၍ ဖွင့်လှစ်ပေးကြ သည်။
သမိုင်းအစဉ်အလာကြီးမား
မန္တလေးမြို့
ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ကလေးများ၏ ဉာဏ်ရညဉာဏ်သွေး နှင့် အတွေးအခေါ်အယူအဆများ ထက်မြက်လာရန်၊ တီထွင်ဖန်တီးလိုစိတ် များ ရင့်သန်စေရန်နှင့် စာပေနှင့်ရင်းနှီးပြီး စာဖတ်ခြင်းတွင် ပျော်မွေ့တတ်လာစေ ရန် ရည်ရွယ်ကျင်းပသည့် ကလေးစာပေ ပွဲတော်ကြီးကို သမိုင်းအစဉ်အလာကြီးမား သည့် မန္တလေးမြို့၌ စီစဉ်ကျင်းပသည့် အတွက် လွန်စွာဝမ်းသာပီတိဖြစ်ရပါ ကြောင်း။
မကြာသေးမီက ကလေးစာပေ ပွဲတော်ကို နေပြည်တော်၌ စည်စည် ကားကားကျင်းပနိုင်ခဲ့ပြီး နိုဘယ်လ်-မြန်မာစာပေပွဲတော်ကိုလည်း ရန်ကုန်မြို့ ၌ စည်စည်ကားကားကျင်းပခဲ့ကြသည် ကိုတွေ့ရသည့်အတွက် ပြည်သူများ အသိပညာမြင့်မားအောင်၊ မြန်မာစာပေ မြင့်မားတိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်း အသီးသီးကို ကျေးဇူးတင်ရှိပါကြောင်း။
အမြဲတမ်းရှင်သန်သက်ဝင်နေမည့်စာပေ
မြန်မာ့ပုံပြင်များ၊ မြန်မာ့ကလေး ကဗျာများ၊ မြန်မာ့ကျေးလက်အငွေ့ အသက်များအကြားတွင် ကြီးပြင်းလာ ခဲ့သည့် မိမိတို့အတွက် ကလေးစာပေ များသည် အမြဲတမ်းရှင်သန်သက်ဝင် နေမည့် စာပေများဖြစ်ကြောင်း။
အားမာန်သတ္တိများ ရလာခဲ့
ထိုကဗျာများ၊ စာပေများကြောင့် နိုင်ငံချစ်စိတ်များ ပေါ်ပေါက်လာခဲ့ ကြောင်း၊ တိုင်းကျိုးပြည်ကျိုးထမ်းဆောင် လိုစိတ်များ မြင့်တက်လာခဲ့ကြောင်း၊ ဘဝ အခက်အခဲများကို ရဲရင့်မှန်ကန်စွာ ကျော်ဖြတ်လိုသည့် အားမာန်သတ္တိများ ရလာခဲ့သည်ဟု မိမိတို့ဆိုကြရမည် ဖြစ်ကြောင်း။
ဝမ်းနည်းဖွယ်တွေ့မြင်ရမည်
ကလေးစာပေများသည် တစ်ခေတ် တစ်ခါက မြန်မာစာပေဧည့်ခန်းဆောင် ကြီးထဲတွင် ဂုဏ်သရေရှိစွာပေါ်ထွက်ခဲ့ ကြသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် အားပျော့မှေးမှိန်ခဲ့ရသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ရမည်ဖြစ်ကြောင်း။
ကလေးစာပေများ ဖွံ့ဖြိုးအောင်
ဝိုင်းဝန်းကူညီ
ကလေးစာပေများ မဖွံ့ဖြိုးမတိုး တက်ခြင်းသည် ကလေးများ၏ အနာဂတ် ကိုသာမက နိုင်ငံ၏အနာဂတ်ကိုပါ ရိုက်ချိုးဖျက်ဆီးရာ ကျစေနိုင်သည့် အတွက် မိမိတို့အနေဖြင့် ကလေးများ ဖွံ့ဖြိုးတိုးတက်အောင်၊ ကလေးစာပေ များဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
မဖြစ်မနေ ဝိုင်းဝန်းလုပ်ဆောင်
နည်းပညာ ဖွံ့ဖြိုးတိုးတက်နေသည့် ယနေ့လိုအချိန်အခါမျိုးတွင် မိမိတို့၏ ကလေးငယ်များကို အတွေးအခေါ်အယူ အဆများ၊ ပြုမူပြောဆိုပုံများ ယိမ်းယိုင် ပျက်ယွင်းစေမည့် နည်းလမ်းများသည် ဖျော်ဖြေရေးနည်းများ၊ ကစားနည်းများ အဖြစ် ပုံဖျက်စည်းရုံးရောက်ရှိနေကြ သည်ကိုတွေ့ကြရမည်ဖြစ်ကြောင်း၊ ယခု ကဲ့သို့ အခြေအနေမျိုးတွင် ကလေးများ စာပေဖတ်ရှုလာအောင်၊ စာကြည့်တိုက် ဝန်းကျင်တွင် မွေ့လျော်လာအောင် စည်းရုံးဆောင်ရွက်ရန် လွယ်ကူမည် မဟုတ်ပါကြောင်း၊ သို့သော်လည်း မိမိတို့ ကလေးများ၏အနာဂတ်များ တိုးတက် ကောင်းမွန်လာရန်အတွက် မဖြစ်မနေ ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
ပူးပေါင်းပါဝင်ပေးကြစေလို
နိဂုံးချုပ်အားဖြင့် ကလေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကလေးစာပေနှင့် ကလေးစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးသည် နိုင်ငံ၏အနာဂတ်အပေါ် သက်ရောက်မှုများစွာ ရှိလာနိုင်သည့် အတွက် ဝိုင်းဝန်းကူညီဖော်ဆောင်ပေးကြ စေလိုကြောင်း၊ ကလေးများစာပေနှင့် ရင်းနှီးပြီး စာပေဝန်းကျင်တွင် မွေ့လျော် လာအောင် အဖွဲ့အစည်းအသီးသီးက ပူးပေါင်း ပါဝင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကျေးဇူးတင်စကားပြောကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသ ထားသည့် ကလေးစာပေပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို လှည့်လည် ကြည့်ရှုအားပေးပြီး ကလေးစာပေ ပွဲတော်သို့ တက်ရောက်လာကြသည့် ကလေးငယ်များနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ကလေးစာပေပွဲတော် ကလေး စာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်ကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲရက်များ တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ကျပန်း စကားပြောပြိုင်ပွဲများ၊ စက္ကူခေါက်ချိုး ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ဂိမ်းကစားပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ စာပေဟောပြောပွဲ၊ စာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအပါအဝင် ပြပွဲ ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment