Wednesday, January 4, 2017

မူလတန်းကျောင်းအနီးရှိ ကားဝပ်ရှော့နှင့် ကားဂိတ်များ ဖယ်ရှားပေးစေလို

 


ထင်သာမြင်သာပြုပြင်စရာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့လယ်ကောင်တွင် တည်ရှိ နေသော မြို့မမူလတန်းကျောင်းအနီးရှိကားဝပ်ရှော့နှင့် ကားဂိတ်များ ရှိနေ ခြင်းကြောင့် မူလတန်းအရွယ် ကျောင်းသား ကျောင်းသူများအတွက်ယာဉ်အ္တရာယ်စိုးရိမ်ရကြောင်း သိရ သည်။
အဆိုပါ မူလတန်းကျောင်းအနီး တွင် ကားဂိတ်တည်ရှိနေပြီး ယင်းနှင့် မျက်နှာချင်းဆိုင်နေရာတွင် ကားဝပ်ရှော့ ရှိနေရာ ဝပ်ရှော့သို့လာပြင်သော ကားများနှင့် ဂိတ်၌ရပ်ထားသောကား များ ပုံမှန်သွားလာနေကျကားများဖြင့် လမ်းအနေအထား ကျဉ်းမြောင်းသွား ပြီး ကျောင်းသွား ကျောင်းလာ၊ ယာဉ် သွားယာဉ်လာများ အခက်တွေ့နေ ကြောင်း သိရသည်။
အဆိုပါ ကျောင်းရှေ့လမ်းသည် ရွှေဘို - မြစ်ကြီးနားသွား အဝေးပြေး လမ်းဖြစ်နေသဖြင့် ခရီးသည်တင်မှန်လုံ ယာဉ်များ၊ ဆီသယ်ယာဉ်များနှင့် ကုန်တင်ယာဉ်များသည် ပွင့်လင်းရာ သီတွင် တစ်ရက်လျှင် နေ့၊ ည ယာဉ်စီး ရေ ၂ဝဝ ခန့် ဖြတ်သန်းလျက်ရှိရာ ကျောင်းဆင်း ကျောင်းတက် ကလေး သူငယ်များအတွက် အ္တရာယ်ကြီးလှ ကြောင်း သိရသည်။
''ကျွန်တော်ရဲ့ကလေးဆို နှစ်ခါ ရှိပြီ ယာဉ်တိုက်မှုဖြစ်တော့မလို့''ဟု အောင်မေတ္တာရပ်ကွက်မှ ကျောင်းသား မိဘတစ်ဦးက ပြောပြသိရှိရသည်။
သို့ဖြစ်ပါ၍ အင်းတော်မြို့ရှိ မြို့မ မူလတန်းကျောင်းအနီး၌ တည်ရှိ နေသော ကားဂိတ်များနှင့် ကားဝပ် ရှော့များကို သက်ဆိုင်ရာတို့မှ လိုအပ် သလို ဆောင်ရွက်ပေးပါရန် ကျောင်း သား ကျောင်းသမိဘများ၏ ပြောကြား ချက် အရ သိရသည်။ လူအောင်(ကသာ)

No comments:

Post a Comment