Wednesday, August 3, 2016

အိုလံပစ် အဖွင့်ပွဲစဉ်မှာ ဘရာဇီးတို့နိုင်ပွဲ ပုံဖော်နိုင်ပါ့မလား


မိုးမြင့်လင်းလက်

ဘရာဇီးနိုင်ငံမှာ ကျင်းပတော့မယ့် ၂ဝ၁၆ အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲ စဉ် အုပ်စုပွဲတွေကို သြဂုတ် ၄ ရက်နဲ့ ၅ ရက်တွေမှာ စတင်ကျင်းပတော့မှာ ဖြစ်ပါ တယ်။ ဒီပွဲစဉ်တွေမှာ နာမည်ကြီး ထိပ်တန်းအသင်းတွေ ပါဝင်နေတာမို့ ပရိသတ် အကြိုက်ပွဲတွေအဖြစ် မြင်တွေ့ရပါဦးမယ်။ ဘရာဇီး၊ အာဂျင်တီးနား၊ ဂျာမနီနဲ့ ယူရို ၂ဝ၁၆ ချန်ပီယံ ပေါ်တူဂီတို့ရဲ့ ခြေစွမ်းတွေကို အကဲဖြတ်ရဦးမှာမို့ ရင်ခုန်စရာကောင်း နေဦးမှာ ဖြစ်ပါတယ်။

ဘရာဇီးနှင့် တောင်အာဖရိက
ပြီးခဲ့တဲ့မတ်လက ဒီနှစ်သင်း ခြေစမ်းပွဲ တွေ့ဆုံရာမှာတော့ ဘရာဇီးက သုံးဂိုး- တစ်ဂိုးနဲ့ နိုင်ပွဲရခဲ့ပါတယ်။ ဘရာဇီးအသင်းဟာ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ တောင် အာဖရိကထက် ခြေစွမ်းသာလွန်နေတာမို့ အခုပွဲမှာလည်း အိမ်ရှင်တို့ပဲ အသာစီးရအောင် စွမ်းဆောင်သွားပါလိမ့်မယ်။ တိုက်စစ်မှာ နေမာ၊ ဂါဘရီရယ်တို့ ဦးဆောင်ပြီး ကွင်းလယ်မှာ ဖိလစ်ပီ၊ အန်ဒါဆန်တို့ ပါဝင်မှာမို့ ဘရာဇီးဟာ တောင် အာဖရိကကို သက်သက်သာသာ ကစားပြီး နိုင်ပွဲရသွားပါလိမ့်မယ်။

ပေါ်တူဂီနှင့် အာဂျင်တီးနား
အုပ်စု (D)မှာ ပါဝင်နေတဲ့ ပေါ်တူဂီဟာ အုပ်စုအတွင်းမှာ အင်အားအကြီးဆုံးဖြစ် တဲ့ အာဂျင်တီးနားနဲ့ ပွဲဦးထွက် ဆုံတွေ့ရခြင်းပါပဲ။ ပေါ်တူဂီရဲ့ လက်ရှိခြေစွမ်းကိုကြည့် ရင် နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲဖြစ်တဲ့ ဂျပန်၊ ပါရာဂွေးနဲ့ ချက်အသင်းတွေကို ရှုံးပွဲမရှိ အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားတို့ကတော့ လတ်တလော ကစား ခဲ့တဲ့ သုံးပွဲမှာ အီတလီ၊ ပါရာဂွေးနဲ့ မက္ကဆီကိုတို့ကို ရှုံးပွဲမရှိခဲ့ပါဘူး။ အိုလံပစ်သမိုင်း မှာ အာဂျင်တီးနားတို့က ၂ဝဝ၄ နဲ့ ၂ဝဝ၈ တွေမှာ ချန်ပီယံဖြစ်ခဲ့တာမို့ သမိုင်းအစဉ် အလာ ရှိတဲ့အတွက် ပေါ်တူဂီတို့ ခက်ခဲပါလိမ့်မယ်။ ခြေစစ်ပွဲအောင်ဖို့ အစွမ်းကုန်ကြိုး စားခဲ့ရတဲ့ ပေါ်တူဂီတို့ ဒီပွဲမှာ နိုင်ပွဲရဖို့ ခဲယဉ်းပါလိမ့်မယ်။

မက္ကဆီကိုနှင့် ဂျာမနီ
အုပ်စု(C)ရဲ့ အဖွင့်ပွဲစဉ်မှာတော့ ဂျာမနီတို့ ခြေကုန်ထုတ်ရမယ့် အခြေအနေပါ ပဲ။ ပြီးခဲ့တဲ့ရက်တွေက ကစားခဲ့တဲ့ မက္ကဆီကိုရဲ့ ခြေစမ်းပွဲတွေကိုကြည့်ရင် ဘူလ်ဂေးရီး ယားကို တစ်ဂိုး-ဂိုးမရှိနိုင်ပြီး နိုင်ဂျီးရီးယားကိုလည်း တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ထားခဲ့ပါတယ်။ မက္ကဆီကိုရဲ့ ခြေစွမ်းကတည်ငြိမ်ပြီး ကစားသမားတွေရဲ့ တစ်ဦးချင်းအားထုတ်မှုက ကောင်းနေပါတယ်။ ဂျာမနီတို့ကလည်း လူငယ်ကစားသမားတွေနဲ့ စနစ်တကျ စုဖွဲ့ ထားတာမို့ ဒီပွဲမှာ အနိုင်ရရေး စုစုစည်းစည်းနဲ့ အားထုတ်ပါလိမ့်မယ်။ ဒီပွဲရဲ့ အဖြစ် နိုင်ဆုံးရလဒ်က သရေပါပဲ။

ဆွီဒင်နှင့် ကိုလံဘီယာ
အုပ်စု(B)က ဆွီဒင်တို့ အဖွင့်ပွဲစဉ်မှာ ကိုလံဘီယာအသင်းနဲ့ တွေ့တာ ကံမကောင်း ခြင်းပါပဲ။ ဆွီဒင်တို့ရဲ့ လက်ရှိခြေစွမ်းက ကောင်းမွန်နေပြီး မော်ရိုကိုအသင်းကို လေး ဂိုးပြတ်နိုင်ကာ တောင်ကိုရီးယားကိုတော့ တစ်ဂိုးစီ သရေပွဲဖြစ်ထားပါတယ်။ သြ စတြေးလျအသင်းကိုတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးထားပါတယ်။ ကိုလံဘီယာတို့ကတော့ မက္ကဆီကိုအသင်းကို ဂိုးမရှိ သရေ၊ အမေရိကန်အသင်းကို တစ်ဂိုးစီသရေကစားပြီး နောက်ဆုံး ရှုံးထွက်ပွဲမှာ အမေရိကန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့ ပါတယ်။ အသင်းလိုက်ရော တိုက်စစ်ပိုင်းမှာပါ သာလွန်တဲ့ ကိုလံဘီယာတို့ပဲ နိုင်ပွဲ ရသွားပါလိမ့်မယ်။ 

နိုင်ဂျီးရီးယားနှင့် ဂျပန်
အုပ်စု(B)မှာ နိုင်ဂျီးရီးယားရော ဂျပန်တို့ပါ အိုလံပစ်မှတ်တမ်းကောင်းရရှိထားတဲ့ အသင်းတွေဖြစ်ပါတယ်။ ဂျပန်အသင်းရဲ့ လောလောဆယ်ခြေစွမ်းကိုကြည့်ရင် အင်္ဂလန် အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးထားပြီး ကျန်တစ်ပွဲကတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ထားခဲ့ ပါတယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံး ခြေစွမ်းပိုင်းတူညီနေတာမို့ အကြိတ်အနယ် ရှိလာမယ့်ပွဲပါပဲ။ ဒီပွဲမှာ ဂျပန်တို့ အခြေအနေကောင်းသွားနိုင်ပါတယ်။ ။

No comments:

Post a Comment