
နယူးဒေလီ ဇူလိုင် ၃
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်း ပြည်နယ်၌ ဇူလိုင် ၂ ရက်နှင့် ၃ ရက်နေ့တို့က ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၄ဝ ထက်မနည်း သေဆုံးသည်ဟု ခန့်မှန်းရကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၃ ရက်တွင် ပြောကြားသည်။
ဥတ္တရာခန်းပြည်နယ်ရှိ ရေလွှမ်းမိုးမှုဒဏ်ကို အခံစားရဆုံးဒေသဖြစ်သော ချာမိုလီနှင့် ပီသိုရာဂတ်မြို့ငယ်များတွင် လူအများအပြား ပျောက်ဆုံးလျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်ရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် အွမ်ပရာကက်ရှ်က ပြောကြားသည်။
ယနေ့အထိ ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၁၈ ဦးရှိသည်ဟု အတည်ပြုနိုင်ကြောင်း၊ သေဆုံးသူများအနက် ၁၅ ဦးမှာ ဝေးလံသီခေါင်သော အရပ်ရှိ ပီသိုရာဂတ်မြို့မှ ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
ရိုက်တာ။
No comments:
Post a Comment