
တိုကျို ဇူလိုင် ၆
တိုယိုတာမော်တော်ကား ကော်ပိုရေးရှင်း၏ ထိုင်းစက်ရုံခွဲမှ အလုပ်အကိုင်နေရာ ၈ဝဝ ခန့်ကို လျှော့ချရန် စီစဉ်လျက်ရှိကြောင်း ဂျပန်နိုင်ငံအခြေစိုက် အဆိုပါကော်ပိုရေးရှင်း၏ ဇူလိုင် ၆ ရက် ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။
ကမ္ဘာ့စီးပွားရေးနှင့်ပတ်သက်၍ မရေရာမှုများ ပေါ်ထွက်လျက်ရှိပြီး ထိုင်းနိုင်ငံ၏စီးပွားရေးတိုးတက်မှု နှေးကွေးလာနေချိန်တွင် တိုယိုတာ မော်တော်ကား ကော်ပိုရေးရှင်းသည် ပြည်တွင်းကားထုတ်လုပ်ရေးလုပ်ငန်းမှာရော ပြည်ပကားရောင်းချရေးဈေးကွက်မှာပါ ဆိုးကျိုးသက်ရောက်မှုများနှင့် တွေ့ကြုံလာရကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
အထက်ဖော်ပြပါ အခြေအနေအရ မော်တော်ကားထုတ်လုပ်မှု ပမာဏကို လျှော့ချရန် လိုအပ်လာကြောင်း၊ အလုပ်သမားများ၏ အချိန်ပိုလုပ်အားခနှင့် လစဉ်လုပ်ခလစာတို့နှင့်ပတ်သက်၍ ပြန်လည်ချိန်ညှိရန် လိုအပ်လာကြောင်း၊ ပိုလျှံဝန်ထမ်းလျှော့ချရေးအစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းစက်ရုံခွဲ၏ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဆာမာတာက ပြောကြားသည်။
ရိုက်တာ။
No comments:
Post a Comment