ကိုရင်သြ
ယခုရက်သတ္တပတ်အတွင်း အရှေ့တောင်အာရှဒေသတစ်ဝန်းမှ ပေါ်ထွက်လာသော သတင်းများအနက် ကြိုင်သင်းလှသည့် သတင်းတစ်ပုဒ်အဖြစ် အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ကျွန်းပေါင်း ၇ဝဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသော ဖိလစ်ပိုင်နိုင်ငံ၌၁၆ ဦး မြောက်သမ္မတဖြစ်လာမည့် ရိုဒရစ်ဂို ဒူတာတေးကျမ်းသစ္စာကျိန်ဆိုခြင်းသတင်းကို ဇွန် ၃ဝ ရက်တွင် ကျွန်ုပ်ဖတ်ရှုလိုက်ရ
လေ၏။
လေ၏။
ထူးခြားသော ပုဂ္ဂိုလ်စရိုက်ဖြင့် နိုင်ငံရေးဘဝကို ဖြတ်သန်းလျက်ရှိသော ဒူတာတေးအတွက် ယခုအချိန်အခါသည်ကား 'ပျားရည်ဆမ်းခရီး'ကာလပေတည်း။
ရိုးသားဖြူစင်သော ပြည်သူများ၏အချစ်တော် ဖြစ်လင့်ကစား ကောက်ကျစ်
ယုတ်မာသော ဒုစရိုက်ဂိုဏ်းသားများ၏ရန်သူတော် ဖြစ်နေရသူ ဒူတာတေးသည် မေလက ကျင်းပသော ရွေးကောက်ပွဲတွင် သူ၏ပြိုင်ဘက် သုံးဦးအပေါ် အနိုင်ရရှိခဲ့ပြီးလျှင် ပြည်သူတို့က ကြည်ဖြူစွာအပ်နှင်းသော'မန်းဒိတ်' (ဝါ) အခွင့်အာဏာကို ဆုပ်ဆုပ်ပိုင်ပိုင်ရရှိလေတော့သည်။

အသက် ၇၁ နှစ်အရွယ်တွင်အသစ် ကျပ်ချွတ်သမ္မတကြီးဖြစ်လာသူ ဒူတာတေးမှာ စိတ်ဓာတ်ခွန်အားအရ အရွယ်နှင့်မမျှအောင် နုပျိုလန်းဆန်း တက်ြ<ွကနေဆဲဖြစ်၏။ ပြည်သူလူထုအား ထိပါးနှောင့်ယှက်မည့် ရန်သူအပေါင်းကို လှေခွက်ချည်းကျန်အလံမလှဲ စိတ်ဓာတ်ဖြင့် နှိမ်နင်းရန် အားတက်လျက်ရှိ၏။
ဇွန် ၃ဝ ရက် က ပြုလုပ်သည့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား
တွင် ဒူတာတေးက ဒုစရိုက်သမားများနှင့်အဂတိလိုက်စားသူများ ကျပ်ကျပ်သတိထားကြဖို့ အတိအလင်းပင် ဘွင်းဘွင်းရှင်းရှင်း ကြေညာမောင်းခတ်ခဲ့၏။ တရားဥပဒေစိုးမိုးရေးကို မလေးမခန့်ပြုသူများ၊ မလိမ့်တပတ်လုပ်သူများကို ထိထိရောက်ရောက် အရေးယူမည်ဟု သူက ကြွေးကြော်ခဲ့၏။ ဥပဒေမဲ့ပြုကျင့်သူများနှင့် အဂတိတရား တိမ်းစောင်းသူများကို အပြတ်ရှင်း
မည်ဟု သူက ငြာသံပေးခဲ့၏။

ဤတွင်ရွေ့ကား ကျွန်ုပ်အနေဖြင့် 'ဇာတ်တူသားစား၍ ဟင်္သာကိုးသောင်း
ပျက်ရသည်'ဟူသော မြန်မာမှု လောဂျစ်ကို ပြန်ပြောင်းသတိရမိလေသည်။ ဥပဒေကို ရွာလွန်ရွက်တိုက်ပြုတတ်သူများသည် လူသားအချင်းချင်း နိုင်ရာစားလုပ်သူများဖြစ်ကြပေရာ အဆုံးတစ်နေ့၌ ၄င်းတို့သစ္စာမဲ့၍ အားလုံးပျက်စီးရလိမ့်မည်ဟု ကျွန်ုပ်တွေးတောမိလေသည်။

ကိန်းခန်းမကြီးသည့် သမ္မတကြီးလော
မြို့တော် မနီလာရှိ မာလာကာနန် သမ္မတနန်းတော်၌ ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ အကျဉ်းမျှသာဖြစ်သည်။ ယင်းအခမ်းအနားကို သတင်းယူရန် နိုင်ငံပိုင်မီဒီယာကိုသာ ခွင့်ပြုပေးခဲ့သည်။ သို့တစ်မူကား အခမ်းအနားကျင်းပပုံကို ပြည်သူများအား ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ထုတ် လွှင့်ပြသပေးခဲ့လေသည်။
အသစ်ကျပ်ချွတ် သမ္မတကြီး၏ ဥပဓိရုပ်မှာတည်ကြည်ခံ့ထည်လှပြီး ဟန်ဆောင်ညာဝါးမှုမရှိ ပကတိရိုးစင်းသောအသွင်၊ ကိန်းခန်းမကြီးသော အမူအရာကို ရုပ်မြင်သံကြားဖန်သားပြင်ထက်ဝယ် ကျွန်ုပ်တွေ့မြင်ရသည့်အခိုက် ပြည်သူပြည်သားများကို ဗိုင်းကောင်းကျောက်ဖိ ဣနြေ္ဒသိက္ခာရှိရှိဖြင့် အုပ်ချုပ်မည့် ပုဂ္ဂိုလ်ကြီးအဖြစ် ကျွန်ုပ်ရှုမြင်မိလေသည်။
''ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးတယ်၊ ကိုယ့်တရားကို ကိုယ်စီရင်တယ်၊ ကိုယ့်ဘဝကို ကိုယ်တည်ဆောက်တယ်ဆိုတဲ့ သဘောတရားက ပြည်သူတိုင်းနဲ့ သက်ဆိုင်ပါတယ်၊ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကအပေါ် မှီခိုအားထားနေမှာ မဟုတ်ဘူး၊ ဖိလစ်ပိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားမှတစ်ပါး ဘယ်သူ့ကိုမှ စိတ်ကျေနပ်အောင် လုပ်ပေးနေဖို့ဆိုတဲ့ မူဝါဒကို ကျွန်တော်လက်မခံဘူး''
ဟု ဒူတာတေးက သမ္မတတစ်ဦးအဖြစ် ပြည်သူများအား ပထမဆုံးအကြိမ် မိန့်ခွန်းမြွတ်ကြားရာတွင် သူ၏ရပ်တည်ချက်ကို ဖွင့်ဟလေသည်။
ဟု ဒူတာတေးက သမ္မတတစ်ဦးအဖြစ် ပြည်သူများအား ပထမဆုံးအကြိမ် မိန့်ခွန်းမြွတ်ကြားရာတွင် သူ၏ရပ်တည်ချက်ကို ဖွင့်ဟလေသည်။
''တောင်တရုတ်ပင်လယ်ထဲက ပိုင်နက်အငြင်းပွားနေတဲ့ရေပြင်မှာ ကင်းလှည့်
စောင့်ကြပ်ပေးမယ့် အမေရိကန်လေယာဉ်တင်သင်္ဘောကြီးနဲ့အတူ လိုက်ပါဖို့ အမေရိကန်က ဖိတ်ခေါ်လာရင် ဝမ်းနည်းပါတယ်ဆိုပြီး ကျွန်တော်ပြောဖို့ ကြံရွယ်ထားတယ်''ဟု သမ္မတသစ်က သူ၏လုံခြုံရေး မူဝါဒပလက်ဖောင်းနှင့်ပတ်သက်၍ ဖော်ပြခဲ့လေသည်။

ထိုမှဆက်၍ ဒူတာတေးက ဒေသတွင်း ဆက်ဆံရေးအနေအထားနှင့်ပတ်သက်၍ မည်သို့မည်ပုံ ပုံဖော်သွားမည်ကို အကြွင်းမရှိ ဆက်လက်ဖွင့်ချ၏။ တရုတ်နိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများ မြှင့်တင်ရန် အသင့်ရှိနေပုံကို ချပြ၏။ ဖိလစ်ပိုင်နိုင်ငံ၌ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ ကမ်းလှမ်းချက်ကို ထောက်ပြ၏။
နှစ်နိုင်ငံဆက်ဆံရေးတွင် ချိန်သားမျှတသော သံတမန်အခင်းအကျင်းကို ဖော်
ဆောင်သွားလိုသူ ဒူတာတေး၏ ရည်မှန်းချက်နှင့်ပတ်သက်၍ တရုတ်မီဒီယာ၏ စန်းတင်ရေးသားမှု ယခုရက်ပိုင်းအတွင်း ကျွန်ုပ်ဖတ်ရှုခဲ့ရသေးသည်ကို အမှတ်ရမိလေသည်။
ဆောင်သွားလိုသူ ဒူတာတေး၏ ရည်မှန်းချက်နှင့်ပတ်သက်၍ တရုတ်မီဒီယာ၏ စန်းတင်ရေးသားမှု ယခုရက်ပိုင်းအတွင်း ကျွန်ုပ်ဖတ်ရှုခဲ့ရသေးသည်ကို အမှတ်ရမိလေသည်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ တင်းမာမှု
များ ဖြေလျှော့ရေးအတွက် ဖိလစ်ပိုင်အစိုးရအဖွဲ့သစ်က ရည်ရွယ်ရင်းရှိပုံကို ကျွန်ုပ် အကဲခတ်မိလေသည်။
များ ဖြေလျှော့ရေးအတွက် ဖိလစ်ပိုင်အစိုးရအဖွဲ့သစ်က ရည်ရွယ်ရင်းရှိပုံကို ကျွန်ုပ် အကဲခတ်မိလေသည်။
ပင်လယ်ရေကြောင်းပိုင်နက်နယ်မြေ အငြင်းပွားမှုဖြစ်စဉ်တွင် ဒေသတွင်းနိုင်ငံ
များ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုဆီသို့ ဦးတည်နိုင်သော ဖြေရှင်းနည်းကို တရုတ်နိုင်ငံပိုင်'ဂလိုဘယ်တိုင်း'သတင်းစာကြီးက ဖော်ပြခဲ့လေရာ ဖိလစ်ပိုင်နှင့်ပြည်ကြီးတွင်ရစ် ဂန္ဓာရာဇ်နိုင်ငံကြီးအကြား သံတမန်ရေး အခင်းအကျင်းသစ်ဖော်ဆောင်ကြလေပြီဟု ကျွန်ုပ်မိုးတိုးမတ်တတ် အတွေးနယ်ချဲ့မိလေသည်။

နှိုင်းယှဉ်စရာ မူဝါဒရေးရာ
သမ္မတသစ် ဒူတာတေး၏ လူမှုရေးဆိုင်ရာ ပလက်ဖောင်းမှာ တစ်မျိုးတစ်ဖုံ ဆန်းသစ်နေပြန်သည်။
အစိုးရအဖွဲ့သစ်၏ ပဋိသန္ဓေထိန်းချုပ်ရေး အယူအဆမှာ ဆင်းရဲမွဲတေမှု တိုက်
ဖျက်ရေး သဘောတရားနှင့်ဆက်နွှယ်နေသည်ဟု ကျွန်ုပ်စောင်းပါးရိပ်ခြည် သဘောပေါက်မိ၏။ မိသားစုဘဝနှင့် လူနေမှုဘဝတို့ နယ်နိမိတ်စည်းဆက်စပ်နေပုံကို သမ္မတကြီး ဒူတာတေးက ထောက်ပြ၏။
ဖျက်ရေး သဘောတရားနှင့်ဆက်နွှယ်နေသည်ဟု ကျွန်ုပ်စောင်းပါးရိပ်ခြည် သဘောပေါက်မိ၏။ မိသားစုဘဝနှင့် လူနေမှုဘဝတို့ နယ်နိမိတ်စည်းဆက်စပ်နေပုံကို သမ္မတကြီး ဒူတာတေးက ထောက်ပြ၏။
''ကလေးများများ မမွေးနဲ့၊ သုံးယောက်ပဲမွေး၊ ပဋိသန္ဓေပွားစီးတာကို ထိန်းချုပ်မှု
မပြုကြရင်ဖြင့် ခင်ဗျားတို့ (မိသားစုတွေ) ဆင်းရဲကြလိမ့်မှာပေါ့'' ဟု ဒူတာတေးကလူမှုရေး နီတိတစ်ရပ်ကို အနားကွပ်ပြလေသည်။
မပြုကြရင်ဖြင့် ခင်ဗျားတို့ (မိသားစုတွေ) ဆင်းရဲကြလိမ့်မှာပေါ့'' ဟု ဒူတာတေးကလူမှုရေး နီတိတစ်ရပ်ကို အနားကွပ်ပြလေသည်။
ဖိလစ်ပိုင်၌ ဆင်းရဲနွမ်းပါးသော မိသားစုများသည် အသီးသီး အသက အသက ကလေးများစွာကို ထိန်းကျောင်းမွေးမြူနေကြရသည်ဟု အစိုးရ၏ စာရင်းအင်း အစီရင်ခံလွှာများက မီးမောင်းထိုးပြနေ၏။ ဆင်းရဲနွမ်းပါးသော မိခင်တစ်ဦးသည် ပျမ်းမျှကိန်းအရ ကလေး ၅ ဒသမ ၂ ဦးနှုန်း ပိုင်ဆိုင်ပြီးလျှင် ချမ်းသာကြွယ်ဝသော မိခင်တစ်ဦးမှာမူ ကလေး ၁ ဒသမ ၉ ဦးနှုန်းသာ ပိုင်ဆိုင်သည်ဟု စာရင်းအင်း ပညာရှင်များက ထောက်ပြထားကြ၏။
'' ကလေးချစ်တတ်ကြတဲ့ အမျိုးသားတွေ အိမ်ထဲမှာ ငြိမ်ငြိမ်နေကြ''ဟူ၍ပင် ပျော်ပျော်နေတတ်သော သမ္မတကြီးက ရယ်ရွှန်းဖတ်ရွှန်းပင် ပြောကြားခဲ့သည်။
ထိုမှတစ်ဖန် ဒူတာတေး၏ မူဝါဒရေးရာ လမ်းညွှန်ချက်များကို ကျွန်ုပ် ဆက်လက်၍ စေ့ငုမိသည်။
ဒူတာတေးဆိုသူကား ဒုစရိုက်သမားများကို တရားဥပဒေစိုးမိုးရေး ရေအလျဉ်တွင်ကန့်လန့်တိုက် လိုက်ပါမှုကို အူလှိုက်သည်းလှိုက် ရွံမုန်းသူတည်း။ အလျှို အလျှိုသော ဒုစရိုက်ဂိုဏ်းသားများကို အသေအလဲချေမှုန်းသုတ်သင်တတ်သူအဖြစ် ဒါဗာအိုမြို့ဝန် ဘဝကပင်လျှင် သတင်းကြီးခဲ့သူဖြစ်၏။ ရပ်ရွာငြိမ်ဝပ်ပိပြားရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ရာတွင် စံနမူနာပြသ
ခဲ့သူဖြစ်၏။ 'လက်ကသုံးတောင်ဝှေး' ခြောက်လုံးပြူးသေနတ်ကို ခါးတွင်ချိတ်ကာ ဖိလစ်ပိုင်တောင်ပိုင်းရှိ ဒုစရိုက်သားတို့ ကွန်းခိုရာ ဒါဗာအို မြို့၏ လမ်းမများပေါ် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ ကင်းလှည့်စောင့်ကြပ်ပေးခဲ့သူ ဖြစ်၏။

မြို့ဝန်ဘဝတွင် ကျင်လည်စဉ် ဒုစရိုက်ဂိုဏ်းသားများအပေါ် လက်မရွံ့ အာဏာ
သားပမာ မထောက်မညှာ နှိပ်ကွပ်ခဲ့သူအဖြစ်ရပ်ကျော်ရွာကျော် ပြည်လုံးထင်ပေါ်ခဲ့ပြီးလျှင် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းပြုလိုသော ပြည်သူ့ အချစ်တော် နိုင်ငံရေးသမား ဘဝကို တည်ဆောက်ခဲ့သူ ဖြစ်လေသည်။
သားပမာ မထောက်မညှာ နှိပ်ကွပ်ခဲ့သူအဖြစ်ရပ်ကျော်ရွာကျော် ပြည်လုံးထင်ပေါ်ခဲ့ပြီးလျှင် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းပြုလိုသော ပြည်သူ့ အချစ်တော် နိုင်ငံရေးသမား ဘဝကို တည်ဆောက်ခဲ့သူ ဖြစ်လေသည်။
မူးယစ်ဆေးဝါး ဂိုဏ်းသားများကို အရှင်မထား၊ ငရဲသို့ ပို့မည်ဟု ဆိုသူ ဒူတာတေးသည် ဒုစရိုက်မှုခင်းများ ကျဆင်းခြင်းမှတစ်ဆင့် တိုင်းပြည်အေးချမ်းသာယာက ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သူတည်း။
အာရှတိုက်၏ ဒေါ်နယ်ထရန့်လော
ဒူတာတေးအား အာရှတိုက်၏ ဒေါ်နယ်ထရန့်အဖြစ် ပုံခိုင်းမှုကို ကျွန်ုပ်ကြားသိရလေသောအခါ သူလည်း ခေသူမဟုတ်ဟု ကျွန်ုပ် အတွေးဝင်မိလေသည်။
ဒေါ်နယ်ထရန့် ဆိုသူသည်ကား ကျင်းပအံ့သော အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလေကန်ပါတီ၏ သမ္မတလောင်းဖြစ်လာရန် တာစူနေသူတည်း။
ဒူတာတေးကိုယ်၌ကမူ အမေရိကန်၏ အကျော်ဇေယျ ပုဂ္ဂိုလ်ကြီး ဒေါ်နယ်ထရန့်နှင့် သူ့အား ပုံနှိုင်းချင်းကို မနှစ်မြို့ပါချေ။
''သူက အမေရိကန် ကုဋေကြွယ်သူဌေးကြီးဗျ၊ သူက တစ်ယူသန်သမား၊ အယူသည်းသမားဗျ၊ ကျုပ်ကတော့ကျုပ်ပါပဲ''ဟူ၍ဒူတာတေးက ရိုးရိုးသားသား စကားဆိုလေသည်။
ပန်းကုံးစွပ်မှုကို မလိုလား၊ ပကတိ ရိုးသားသူ၏ ရုပ်ပုံလွှာက ဒူတာတေး၏ မျက်နှာပြင်ပေါ် ပုံရိပ်ဖော်လျက်ရှိသည်ဟု ကျွန်ုပ် တွေးတောမိလေသည်။
ဒူတာတေး၏ ဘဝဖြတ်သန်းမှုအတ္ထုပ္ပတ္တိကို ရေးရေးရိပ်ရိပ်မြင်မိသော
အခိုက်ဝယ် ကျွန်ုပ်အတွေးဝင်မိသည်ကား မင်းကျင့်တရား (ဝါ)သမ္မတကျင့်တရား (၁ဝ)ပါးတည်း။
အခိုက်ဝယ် ကျွန်ုပ်အတွေးဝင်မိသည်ကား မင်းကျင့်တရား (ဝါ)သမ္မတကျင့်တရား (၁ဝ)ပါးတည်း။
ထုံးတမ်းစဉ်လာ မပျက်စေရာ ဟူဘိသို့ ပင် မင်းကျင့်တရား (သမ္မတကျင့်တရား)ဟူသည် အုပ်ချုပ်သူတို့ ကျင့်ကြံအပ်သော တရားပင် ဖြစ်လေသည်။
မင်းကျင့်တရား၏ သံခိပ် အနှစ်ချုပ်ကို ကျွန်ုပ်နားလည်မိသည်ကား-
၁။ ဆင်းရဲသားများကိုစောင့်ရှောက်ခြင်း
၂။ အကျင့်သီလ ကောင်းမွန်ခြင်း
၃။ ပြည်သူ့အကျိုးအလို့ငှာ မိမိအကျိုး
ကို စွန့်လွှတ်ခြင်း
ကို စွန့်လွှတ်ခြင်း
၎။ ပြည်သူတို့အပေါ်စေတနာမှန်ကန်ခြင်း
၅။ ပြည်သူတို့အပေါ် မေတ္တာထားခြင်း
၆။ အာဏာယစ်မူးခြင်းမှ ရှောင်ကြဉ် ကာ ရိုးသားစွာ ကျင့်ကြံခြင်း
၇။ ပြည်သူ့တို့အပေါ် ရန်ငြှိုးသိုမှု မရှိခြင်း
၈။ ပြည်သူတို့အပေါ် ညှဉ်းပန်းမှု မပြုခြင်း
၉။ ပြည်သူတို့အပေါ် စိတ်ရှည် သည်းခံခြင်း
၁ဝ။ ပြည်သူ့ဆန္ဒနှင့် မဆန့်ကျင်ခြင်း
ဟူ၍ ဖြစ်သည်။
တိုင်းပြည် ဂုဏ်ရည်မြင့်အောင် ဦးစွာ ပြည်သူတို့၏ စွမ်းပကားများအပေါ် တန်ဖိုးထားတတ်ရမည်ဆိုသော အမေရိကန် စာရေးဆရာကြီး ဂျွန်မက္ကဇွဲ၏
'ခေါင်းဆောင်မှုပညာ' အယူအဆကို ကျွန်ုပ် ပြန်ပြောင်း သတိရမိသည်။
'ခေါင်းဆောင်မှုပညာ' အယူအဆကို ကျွန်ုပ် ပြန်ပြောင်း သတိရမိသည်။
ဒူတာတေးသည် နိုင်ငံတွင်းရှိ လူမိုက်များကို အပြတ်ရှင်းမည့် ဇာတိမာန်ကို ပြသလျက်ရှိလေရာ ဘုန်းသမ္ဘာနှင့် ပြည့်စုံ သော ပြည့်ရှင်မင်း (ဝါ) သမ္မတမင်း သည် တရားဥပဒေစိုးမိုးရေးတည်းဟူသော သန်လျက်တော်ကို မြဲမြံစွာ ကိုင်လျက်ဥပဒေ၏ အထက်တွင် ပုန်းအောင်းနေသော လူ့အန္ဓတို့ကို နှိပ်ကွပ်လေ့ရှိသည့် ပုံပမာကို အာရုံပြုမိရင်း ''ရှင်ဘုရင့် ဘုန်း မိုးသို့ချုန်း လူပုန်း တောမှာ မနေသာ'' ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။
No comments:
Post a Comment