Sunday, July 3, 2016

ရှမ်းယူနိုက်တက်နှင့် ဧရာဝတီ သရေကျပြီး ရန်ကုန်နှင့် ဇွဲကပင်နိုင်ပွဲရယူ




The Mirror Daily's photo.


၂ဝ၁၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ပထမနေ့ပွဲစဉ်များကို ယနေ့ကျင်းပသည်။

(တောင်ကြီးကွင်း)
ရှမ်းယူနိုက်တက် - ဂိုးမရှိ
ဧရာဝတီ - ဂိုးမရှိ

ဒုတိယအကျော့တွင် နိုင်ပွဲမရသေးသည့် ဧရာဝတီအသင်းသည် အဝေးကွင်း၌ သရေတစ်မှတ်ရယူနိုင်ခဲ့သော် လည်း ငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့သည်။ ဒုတိယအကျော့ အစတွင် သုံးပွဲဆက်အနိုင်ရရှိခဲ့သည့် ရှမ်းယူနိုက်တက် အသင်းသည် နှစ်ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ရပြီး ယခုပွဲ တွင်လည်း အဆုံးသတ်အားနည်းမှုကြောင့် သရေတစ်မှတ် ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်း အနည်းငယ်အပြောင်းအလဲလုပ်ခဲ့ပြီး လက်ရွေးစင်ဟောင်းများဖြစ်သည့် စိုးမင်းဦးနှင့် နေလင်းထွန်းတို့ကို ပွဲစကတည်း က အသုံးပြုခဲ့ပြီး ဧရာဝတီအသင်းမှာလည်း အမာခံကစား သမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ အိမ်ရှင်ရှမ်းယူနိုက် တက်အသင်းမှာ ပွဲစကတည်းက တိုက်စစ်အသားပေး ကစားခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးအချို့ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ တိုက်စစ်မှူး ဂူစတာဗို အပိုင် ခေါင်းတိုက်ခွင့်ရခဲ့သော်လည်း လွဲချော်ခဲ့၍ နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း တိုက်စစ် ပိုမြှင့်လာသလို ဧရာဝတီအသင်းကလည်း အခွင့်အရေး ပြန်လည်ဖန်တီးနိုင်ခဲ့သည်။ သို့သော် နှစ်သင်းစလုံးအခွင့် အရေးများ အသုံးမချနိုင်၍ ဂိုးမရှိသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။ ဇွဲကပင်အသင်း အနိုင်ရခဲ့သောကြောင့် ဧရာဝတီနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှာ အဆင့် တစ်ဆင့်စီ ကျဆင်းခဲ့ရသည်။

သုဝဏ္ဏကွင်း၌ကျင်းပသောပွဲတွင် ဇွဲကပင်အသင်းက ဇေယျာရွှေမြေအသင်းကို အောင်မိုး၊ စောစီးအိုင်တို့ သွင်းယူသည့် ဂိုးများဖြင့် နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသည့် ရန်ကုန်အသင်းမှာ ချင်းယူနိုက်တက်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ကျော်ကိုကိုက ရန်ကုန်အတွက် ဟက်ထရစ်သွင်းယူခဲ့ပြီး ချင်းအတွက် ချေပဂိုးကို ဆောင်လမန်ကသွင်းယူခဲ့သည်။
ယနေ့ပွဲ
(သုဝဏ္ဏကွင်း) Horizon - ဟံသာဝတီ
(အောင်ဆန်းကွင်း) မကွေး - ရခိုင်
(ဗထူးကွင်း) ရတနာပုံ - Southern
(သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်)

No comments:

Post a Comment