Monday, July 4, 2016

ယနေ့အထိ ကျောက်စိမ်းအတွဲပေါင်း ၃ဝ တွဲမှ ယူရို ၄၂၇ သန်းကျော် ရောင်းချပြီးဖြစ်


The Mirror Daily's photo.
နေပြည်တော် ဇူလိုင် ၃
(၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့ဆက်လက်၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရာ ယူရိုငွေ ၄၁ ဒသမ ၄၈ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲပေါင်း ၅ဝ၁ တွဲကို ရောင်းချပေးနိုင်ခဲ့ကြောင်း ပြပွဲကျင်းပရေးကော်မတီမှ သိရသည်။
ယခင်နေ့များက ပုလဲအတွဲပေါင်း ၃၁၂ တွဲကို ယူရို ၃ ဒသမ ၁၂ သန်း၊ ကျောက်မျက်အတွဲပေါင်း ၆၃ တွဲကို ယူရို ၃ ဒသမ၂၉ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
သို့ဖြစ်၍ ကျောက်စိမ်းအတွဲများကို ဇွန် ၂၈ ရက်မှစ၍ ရောင်းချခဲ့ရာ ယနေ့အထိ ကျောက်စိမ်းအတွဲပေါင်း ၃၈၈ဝ တွဲကိုရောင်းချခဲ့ပြီးဖြစ်၍ စုစုပေါင်းရောင်းချရငွေမှာ ယူရို ၄၂၇ ဒသမ ၁၁ သန်းဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၄ ရက်တွင် ကျောက်စိမ်းအတွဲပေါင်း ၆ဝ၊ ဇူလိုင် ၅ ရက်တွင် ကျောက်စိမ်းတွဲ ၆ဝ နှင့် ဇူလိုင် ၆ ရက်တွင် ကျောက်စိမ်းတွဲ ၄၆ တွဲကို ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment