နေပြည်တော် ဇူလိုင် ၃
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၁၉)ကြိမ်မြောက်
အရှေ့ တောင်အာရှ လူငယ်ဘော်လီဘော ပြိုင်ပွဲအုပ်စု ဒုတိယနေ့ပွဲစဉ်များကို
ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ဆက်လက်ကျင်းပ ရာ
ဆီမီးဖိုင်နယ်ရောက် အသင်းလေးသင်းထွက်ပေါ် ခဲ့သည်။
အုပ်စုဒုတိယနေ့ပွဲစဉ်များတွင် မြန်မာ(က)၊ (ခ)၊ ထိုင်း အသင်းတို့ နိုင်ပွဲများ ရရှိခဲ့သည်။ အုပ်စု(က)ပွဲစဉ်များတွင် မြန်မာ(ခ)အသင်းက နယူးဇီလန်အသင်းကို ၂၅-၂၇ မှတ်၊ ၂၅-၂၁ မှတ်၊ ၂၅-၁၉ မှတ်၊ ၂၅-၁၁ မှတ် သုံးပွဲ-တစ်ပွဲဖြင့်လည်း ကောင်း၊ ထိုင်းအသင်းက စင်ကာပူအသင်းကို ၂၅-၁၃ မှတ်၊ ၂၅-၁၂ မှတ်၊ ၂၅-၁၄ မှတ် သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အုပ်စု(ခ)တွင် မြန်မာ(က)အသင်းက မော်လ်ဒိုက်အသင်း ကို ၂၅-၁ဝ မှတ်၊ ၂၅-၁၂ မှတ်၊ ၂၅-၁ဝ မှတ် သုံးပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။ ယနေ့ပွဲစဉ် များအပြီးတွင် အုပ်စု(က)၌ နှစ်ပွဲ စလုံး အနိုင်ရရှိထားသည့် မြန်မာ(ခ)နှင့် ထိုင်းအသင်းတို့ ဆီမီးတက်သွားပြီး အုပ်စု ပထမနေရာအတွက်သာ ကစားရတော့မည် ဖြစ်သည်။
သုံးသင်းသာ ပါဝင်သည့် အုပ်စု(ခ)တွင် မြန်မာ(က)နှင့် အင်ဒိုနီးရှားတို့ တစ်ပွဲစီ အနိုင်ရကာ ဆီမီးတက်သွားပြီဖြစ်သည်။
အုပ်စုနောက်ဆုံးနေ့ ပွဲစဉ်များ ကို ဇူလိုင် ၄ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး မွန်းတည့် ၁၂ နာရီ တွင် မြန်မာ (ခ)နှင့် ထိုင်း၊ မွန်းလွဲ ၂ နာရီ တွင် နယူးဇီလန်နှင့် စင်ကာပူ၊ ညနေ ၄ နာရီတွင် မြန်မာ(က)နှင့် အင်ဒိုနီးရှားတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဆီမီးတက် သည့်အသင်းများ ထွက်ပေါ်ခဲ့သော်လည်း ပထမနေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုကိုစိုးညွန့်

No comments:
Post a Comment