
နေပြည်တော် ဇွန် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့မပြည်သူ့စစ်အဖွဲ့ဝင်များသည် ဇွန် ၄ ရက် ညနေ ၅ နာရီခွဲခန့်က မော်တောင်းရွာအနီး၌ ကွမ်းလုံမြို့နေ ယာဉ်မောင်း ကိုကိုထွန်း မောင်းနှင်ပြီး မာဒီးနှင့် ဘရန်ဒွဲအောင်တို့ လိုက်ပါ လာသည့် မသင်္ကာဖွယ်ရာ ယာဉ် အမှတ် 9B/---- မာဇဒါအမျိုးအစား ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ သစ်သီးဖာများ၏အောက် တွင် အနက်ရောင်အားမြှင့်ယမ်းမှုန့်များ ထည့်ထားသော သံပုံး ၅ဝ အား တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား စိစစ် ချက်အရ KIA အဖွဲ့မှ အောင်ထွန်း ဆိုသူက တပ်ဖွဲ့ဝင်အချင်းချင်းဖြစ်သူ မာဒီးနှင့် ဘရန်ဒွဲအောင်တို့အား KIA ''ဝ'' နယ်မြေအတွင်းမှ ယမ်းမှုန့်များကို သယ်ဆောင်စေ၍ ၄င်းထံသို့ ပို့ဆောင်ပေးရန် တာဝန် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၊ ယာဉ်နှင့် ယမ်းမှုန့်များအား မူဆယ်မြို့ မြို့မ ရဲစခန်းသို့ စနစ်တကျအပ်နှံပြီး ဥပဒေ အရ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(မြဝတီ)
No comments:
Post a Comment