Tuesday, June 7, 2016

ဘယ်လ်ဂျီယံ၌ လူစီးရထားနှင့် ကုန်ရထားတိုက်မိ


Myanmaalinn's photo.
ဘရပ်ဆဲလ် ဇွန် ၆

ဘယ်လ်ဂျီယံနိုင်ငံ Hermalle-Sous-Huy မြို့၌ ရထားတိုက်မှုဖြစ်ပွားရာ လူကိုးဦး သေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းထောက်များက ပြောသည်။
ခရီးသည်တင်ရထားက ကုန်ပစ္စည်းတင်ဆောင်လာသောရထားကို နောက်မှ ဝင်တိုက်မိခြင်းဖြစ်သည်ဟု ဘယ်လ်ဂျီယံနိုင်ငံ မီးရထားလုပ်ငန်းမန်နေဂျာတစ်ဦး က ပြောသည်။ ရထားနှစ်စင်းမှာ လမ်းကြောင်းတစ်ခုတည်းပေါ်တွင် တိုက်မိ ခြင်းဖြစ်သည်ဟု မီးရထားလုပ်ငန်းက ပြောသည်။
ခရီးသည် တင်ဆောင်လာသောရထားမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့သော်လည်း ကံကောင်းထောက်မ၍ တစ်ဦးတစ်ယောက်မျှ သေဆုံးခဲ့ခြင်းမရှိဟု မြို့တော်ဝန်က ပြောသည်။ Liege နှင့် Namur ကြား ခရီးသွားစဉ် ရထားပေါ်၌ လူ ၄ဝ လိုက်ပါ ခဲ့ခြင်းဖြစ်ပြီး ကုန်တင်ရထားနှင့်တိုက်မိခြင်းဖြစ်သည်။ မီးရထားတွဲခြောက်တွဲမှ နှစ်တွဲမှာ ရထားသံလမ်းချော်ခဲ့သည်ဟု အမျိုးသားမီးရထားထိန်းချုပ်ရေးမှ ထုတ်ပြန် ကြေညာသည်။
(ဘီဘီစီ)

No comments:

Post a Comment