မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဧည့်စာရင်းတိုင်ကြားခြင်း၊ တိုင်ကြားရန်ပျက်ကွက်ပါက အရေးယူခံရသည့် ပုဒ်မများအား ပယ်ဖျက် ကာ အမျိုးသားလွှတ်တော်က ဇွန် ၃ ရက်နေ့တွင် ပြုလုပ်သော အစည်း အဝေး၌ အတည်ပြုခဲ့သည်ကို တွေ့ရသည်။
ဥပဒေကြမ်း၏ ပုဒ်မ ၁၃ (ဎ) တွင် တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအတွက် စစ်ဆေးရန်လိုအပ်သောနေရာများကို လုံလောက် သော အကြောင်းပြချက်ဖြင့် စစ်ဆေးခြင်း၊ (ဓ)တွင် ဖွား-သေမှတ်ပုံတင် စာရင်းနှင့်အိမ်ထောင်စုပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ရောက်ရှိခြင်း နှင့်လူဦးရေစာရင်းများကို အချိန်နှင့်တစ်ပြေးညီ ပြုစုခြင်း အပိုဒ်များကို ထည့်သွင်းအတည်ပြုခဲ့ကြသည်။
ဤဥပဒေအားပြင်ဆင်ခြင်းမှာ လုံခြုံရေး ဦးစားပေးအစီအစဉ်များအား လျှော့ချခြင်းဟူသော အဓိပ္ပာယ်ရပါသည်။ မြန်မာနိုင်ငံမှာ တစ်လျှောက် လုံး လုံခြုံရေးဦးစားပေးအစီအစဉ်များနှင့် ယဉ်ပါးလာခဲ့သော နိုင်ငံဖြစ်ပေ သည်။ နိုင်ငံတစ်နိုင်ငံအတွက် လုံခြုံရေးနှင့်တည်ငြိမ်ရေးမှာ အရေးကြီး လှသည်ကို အားလုံးကငြင်းမည်မဟုတ်ပေ။ သို့သော် ထိုလုံခြုံရေးအစီ အစဉ်များအပေါ်မူတည်၍ ကိုယ်ကျိုးရှာခြင်း၊ အာဏာအလွဲသုံးစား ပြုခြင်းများက ပြည်သူများကို စိတ်ပျက်စေခဲ့သည်။ ထို့ပြင် မည်သည့် နိုင်ငံ၌မဆို လုံခြုံရေးအစီအစဉ်တစ်ရစ် တိုးလိုက်တိုင်း၊ နိုင်ငံသားများ၏လွတ်လပ်ခွင့်တစ်ရစ်လျော့သွားခြင်းပင်ဖြစ်သည်။ သို့သော် လုံခြုံရေးအစီ အစဉ်လျှော့ချလိုက်သည်တွင် ရာဇဝတ်မှုထူပြောလာခြင်းကို ရင်ဆိုင်လာ ရတတ်သည်။ မြန်မာပြည်လိုနိုင်ငံတွင် မူးယစ်ဆေးဝါး၊ သစ်မှောင်ခို၊ အကောက်ခွန်မဲ့ပစ္စည်းများနှင့် အခြားသောတရားမဝင်လုပ်ငန်းများက ခေါင်းထောင်လာကြတော့သည်။
ယခုနှစ် ဇန်နဝါရီလမှမေလအထိ ပြုစုထားသော စာရင်းဇယားများအရ လူသတ်မှုနှင့် မုဒိမ်းမှုများ တဖြည်းဖြည်းမြင့်တက်နေသည်ကို တွေ့ရသည်။
အကြောင်းရင်းများကို သုံးသပ်ရာတွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ အရက် သေစာသောက်စားမှုဓလေ့ လူငယ်များတွင် များပြားလာမှုနှင့် ရဲတပ်ဖွဲ့ဝင် အင်အားမလုံလောက်မှုတို့ကြောင့် ဆိုပါသည်။
ဂန္ဓဝင်လစ်ဘရယ်ဝါဒ၏ ရှေ့ပြေးသီအိုရီများကို ဖော်ထုတ်ခဲ့သော ဂျွန်လော့စ်၏ အစိုးရနှင့် ပတ်သက်သောကျမ်းတွင် လူမှုပဋိညာဉ် အခြေခံ အယူအဆပေါ်တွင် ဖြစ်ပေါ်လာသော နူးညံ့သိမ်မွေ့သည့် အစိုးရပုံစံကို တင်ပြထားသည်။ ထိုလူမှုပဋိညာဉ်ဆိုသည်မှာ အစိုးရ၏ အခွင့်အာဏာကိုလျှော့ချစွန့်လွှတ်ခြင်းအားဖြင့် လူသားတို့သည် ¤င်းတို့၏မွေးရာပါ အခွင့်အရေးများဖြစ်သော အသက်ရှင်ရပ်တည်နိုင်ရန် လွတ်လပ်ခွင့်၊ ကျန်းမာရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်တို့ကို ရရှိနေနိုင်မည်ဖြစ်သော အုပ်ချုပ်မှုနှင့်အကာအကွယ်ရမှုတို့ကို မျှော်မှန်းလာနိုင်မည်ဟု ဆိုသည်။
ယခုအစိုးရ၏အာဏာကို လျှော့ချသောကာလသို့ ရောက်ရှိလာ သည်။
သို့သော် ယဉ်ကျေးသော၊ နေပျော်သော လူ့ယဉ်ကျေးမှုတစ်ရပ် ထူထောင်ရန်မှာခက်ခဲလှပြီးအလွန်ပင်ကြေကွဲ၊ ကျိုးပျက်လွယ်သည်ဟုလည်း ဆိုကြသည်။ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထိန်းသိမ်းထားနိုင်ရန်မှာ ဥပဒေ စည်းမျဉ်းနှင့်အညီ ထူထောင်ထားသောအစိုးရနှင့် လူ့အဖွဲ့အစည်းဖြစ်ရန် လိုအပ်ပြီး ဥာဏ်ရည်ဥာဏ်သွေးမတူညီမှုကိုလည်း အသိအမှတ်ပြုရမည် ဖြစ်သည်။ အုပ်ချုပ်ရေးအာဏာပိုင် မလွဲမသွေလိုအပ်သည်နှင့်တစ်ပြိုင် တည်း တန်ဖိုးတရားများကို သင်ကြားပေးရမည်ဖြစ်ပြီး ဘာသာရေး၊ မိသားစုတန်ဖိုးများကို ကာကွယ်ရမည်ဖြစ်ပါသည်။ ၄င်းပြင် အပြောင်း အလဲကာလတွင်ကိုယ်စီတာဝန်ယူမှုများ၊ တာဝန်ခံမှုများရှိပါမှ အုပ်ချုပ် ရေး ယ္တရားများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်မှသာ ဟန်ချက် ညီသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ရရှိလာမည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပါသည်။
No comments:
Post a Comment