
မြစ်သား ဇွန် ၆
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ ၅ နှစ်အထိ ကလေးများအား ကာကွယ်ဆေးအားလုံးကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ထိုးနှံ၊ တိုက်ပေးနိုင်ရေး ရွှေသူဌေးရပ်ကွက်၊ မင်းကုန်းရပ်ကွက်နှင့် ရှမ်းပွဲရပ်ကွက် တို့တွင် ဇွန် ၄ ရက် နံနက် ၈ နာရီက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သူနာပြုဆရာမများက ကလေးငယ်များကို တီဘီ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါနှင့် ဝက်သက်ရောဂါများအတွက် ကာကွယ်ဆေးအားလုံးကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ထိုးနှံ၊ တိုက်ပေးနိုင်မှသာလျှင် ကာကွယ်ပေးနိုင်မည်ဖြစ်သောကြောင့် ကာကွယ်ဆေးထိုးရန်ကျန်နေသော ကလေးငယ်များ မရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၅ နှစ်အောက်ကလေးများ ကိုယ်အလေးချိန်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ မေးခိုင်ကာကွယ်ဆေးထိုး ခြင်း၊ ကိုယ်အလေးချိန်ခြင်း၊ ဗိုက်စမ်းသပ်ခြင်းနှင့် တစ်နှစ်ခွဲအောက်ကလေးများကို ကာကွယ်ဆေးထိုးခြင်းတို့ကို ဆောင်ရွက်ပြီး ဇွန် ၅ ရက်တွင် မြို့မရပ်ကွက်၊ ဘူတာရပ်ကွက်တို့တွင်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းထွန်း(မြစ်သား)
No comments:
Post a Comment