Tuesday, June 7, 2016

အမေရိကန်သတင်းစာဆရာတစ်ဦးနှင့် စကားပြန်တစ်ဦး အာဖဂန်တွင်အသတ်ခံရ


Myanmaalinn's photo.
ကဘူးလ် ဇွန် ၆

အမေရိကန် ဝါရင့်ဓာတ်ပုံသတင်းစာဆရာတစ်ဦးနှင့် NPR သတင်းဌာန အတွက် တာဝန်ထမ်းဆောင်နေသော စကားပြန်တစ်ဦးတို့သည် အာဖဂန်တောင်ပိုင်းရှိ အာဖဂန်တပ်ဖွဲ့နှင့်အတူ လိုက်ပါနေစဉ်တွင် အသတ်ခံရခြင်းဖြစ်ကြောင်း ဇွန် ၅ရက်က NPRသတင်းဌာနနှင့် စစ်ဘက်ဆိုင်ရာအရာရှိများက ပြောခဲ့သည်။
NPR သတင်းဌာနမှ ဒေးဗစ်ဂီလ်ကေးနှင့် အာဖဂန်စကားပြန် ဇာဘီဟူလာတာ မာနာတို့သည် ဟဲလ်မန့်၊ လက်ရှ်ကာဂါနှင့် မာဂျာပြည်နယ်များသို့ အာဖဂန်တပ်ဖွဲ့နှင့် အတူသွားရောက်ရာ ၎င်းတို့စီးနင်းလာသောယာဉ်သည် တာလီဘန်တို့၏ ချုံခိုတိုက်ခိုက် မှုကိုခံခဲ့ရသည်ဟု အာဖဂန်စစ်ဘက်မှ ပြောခွင့်ရှိသူ ရှာကီအာမတ်တာဆာလ်က ရိုက်တာ သတင်းဌာနသို့ ပြောခဲ့သည်။
ယင်းတိုက်ခိုက်မှုသည် ဒေသစံတော်ချိန် ညနေ နှစ်နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းတစ်ဦးနှင့် စစ်သားတစ်ဦးတို့လည်းသေဆုံးခဲ့သည်ဟု တာဆာလ်က ပြောခဲ့သည်။ ယင်းတို့နှစ်ဦးနှင့်အတူသွားရောက်သောNPR ဝန်ထမ်းနှစ်ဦးမှာ ထိခိုက်မှု မရှိကြောင်း NPR သတင်းဌာနက ပြောခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များက မာဂျာနှင့် လက်ရှ်ကာဂါကြားရှိလမ်းကို ယင်းဒေသတွင်း ပြင်းထန်သောတိုက်ခိုက်မှုအပြီး မကြာသေးမီကပင် ဖွင့်လှစ်ခဲ့သည်။ တိုက်ခိုက်မှု အသေးစိတ်နှင့် သတင်းစာဆရာများ သေဆုံးမှုကို ၂ဝ၅ ကြိမ်မြောက် အုပ်ချုပ်သူများ အစည်းအဝေးတွင် အတည်ပြုမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မိုဟာမက်အေမင်က ပြောခဲ့သည်။
ဟဲလ်မန့်ဒေသတွင် တာလီဘန်တို့နှင့် နေတိုးကျောထောက်နောက်ခံ အစိုးရတပ် များကြား အပြင်းအထန်တိုက်ပွဲများရှိခဲ့သည်။ သတင်းစာဆရာများ ကာကွယ်ရေး ကော်မတီ၏ ပြောကြားချက်အရ အာဖဂန်နစ္စတန်သည် မီဒီယာသမားများအတွက် အ္တရာယ်အရှိဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ၁၉၉၂နှစ်မှစ၍ သတင်းစာဆရာအနည်းဆုံး ၂၇ဦးအသတ်ခံခဲ့ရကြောင်း ပြောခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment