Sunday, June 5, 2016

မော်ကွန်းမှတ်တမ်းများသည် နိုင်ငံတော်၏ အဖိုးမဖြတ်နိုင်သည့် သမိုင်းအထောက်အထားများဖြစ်



The Mirror Daily's photo.
နေပြည်တော် ဇွန် ၎

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း သည် ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ရာဇသင်္ဂဟ လမ်း၊ ကုမုဒြာကြာပန်းအဝိုင်းအနီးရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားမှတ်တမ်းများ မော်ကွန်း တိုက်ဦးစီးဌာန (နေပြည်တော်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနအတွင်း မော်ကွန်းပြခန်း၊ မော်ကွန်း/မှတ်တမ်း သိမ်းဆည်းခန်းများ၊ သုတေသီစာဖတ်ခန်း၊ ဝန်ထမ်း ရုံးခန်းများနှင့် အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှု ပညာဘွဲ့လွန် သင်တန်းဌာန၏ သင်တန်းပို့ချနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မော်ကွန်းမှတ်တမ်းများသည် နိုင်ငံတော်၏ အဖိုးမဖြတ်နိုင်သည့် သမိုင်းအထောက် အထားများဖြစ်သည့်အတွက် အရေးကြီးကြောင်း၊ သုတေသီများ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများအတွက် မှီငြမ်းကိုးကားနိုင်မည့် အဖိုး တန်အထောက်အထားများကို ထိန်းသိမ်းထားသည့်ဌာနဖြစ်၍ နိုင်ငံတော်အတွက် အရေးပါသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ မော်ကွန်းမှတ်တမ်းများ ထိန်းသိမ်းသည့် နည်းပညာ၊ ကျွမ်းကျင်မှုများ ခါးဆက်မပြတ် လက်ဆင့်ကမ်းနိုင်ရန် ဦးစားပေးလေ့ကျင့်ပျိုးထောင် စေလိုကြောင်း၊ ဌာန၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်၍ အချိန်မီတင်ပြပေးစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် (နေပြည်တော်)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်ဒီပလိုမာ အချိန်ပိုင်းသင်တန်းများတွင် တက်ရောက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြောင်းလဲနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပတ်ဝန်း ကျင်နှင့်အညီ မိမိတို့၏လုပ်ငန်းများကို အရည်အချင်းပြည့်ဝစွာ စီမံခန့်ခွဲနိုင်ပြီး ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ကြိုးစားလေ့လာသင်ယူကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment