Saturday, April 2, 2016

စနိုးဝှိုက်ရဲ့ ညီမဖြစ်သူ ရို့စ်ရက်ဒ်အတွက်ရုပ်ရှင် ဒစ်စနေ ဖန်တီးမည်

The Mirror Daily's photo.
မင်းသမီး ခရစ်စတင်းစတူးဝပ်က စနိုးဝှိုက်မင်းသမီးလေးအဖြစ် ပါဝင်သရုပ် ဆောင်ထားတဲ့ ''Snow White and the Huntsman'' ရုပ်ရှင်ဟာ ယခင်က ဖန်တီးခဲ့တဲ့ စနိုးဝှိုက်ရုပ်သံဖန်တီးမှုရုပ်ရှင် ''Snow White and the Seven Dwarfs'' ဆင့်ပွားလာတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ယခုတစ်ကြိမ်မှာတော့ စနိုးဝှိုက်မင်းသမီးလေးကို လိုက်ရှာနေတဲ့ သူ့ရဲ့ညီမဖြစ်သူ ''ရို့စ်ရက်ဒ်''အကြောင်းကို အဓိက ဇာတ်လမ်းဆင်ရိုက်ကူးသွားမယ့် ရုပ်ရှင်တစ်ကားကို ဖန်တီးသွားဖို့ စီစဉ်နေကြောင်း အေ့ရှိုးဘေ့စ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
ယင်းရုပ်သံဖန်တီးမှုရုပ်ရှင်ကို ဒစ်စနေရုပ်ရှင်ထုတ်လုပ်ရေးက ဖန်တီး ထုတ်လုပ်လျက်ရှိပြီး ယင်းရုပ်ရှင်ဟာ သတိလစ်မေ့မျောနေတဲ့ စနိုးဝှိုက်မင်းသမီး လေးကို လိုက်ရှာနေတဲ့ သူ့ရဲ့ညီမဖြစ်သူ ရို့စ်ရက်ဒ်အကြောင်း ရေးသားထားတဲ့ ဂန္ထဝင်ပုံပြင်ကို အခြေခံကာ ဖန်တီးလျက်ရှိကြောင်းလည်း သိရပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment