ထ

ထားဝယ် မတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကရပ်ပြင်တောင်ရပ် လေသာ လမ်းရှိ ဦးလှဝင်းနေအိမ်၌ မတ် ၂၇ ရက် နံနက်ပိုင်းက မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် ဦးလှဝင်း(၆ဝ)နှစ်သည် သုံးဘီးမောင်းရန်နေအိမ်မှထွက်ခွာသွားစဉ် ¤င်း၏ ဓနိမိုး၊ ထရံကာ၊ တစ်ထပ်နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။
မီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ရဲသူရိန်ခင်မောင်ရီ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်ငါးစီး၊ ခရိုင် ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးသိန်းအောင်နှင့် ဒေသခံပြည်သူ များက ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁ဝ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)
No comments:
Post a Comment