
နေပြည်တော် မတ် ၂၈
မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မတ် ၂၄ ရက်က မဘိမ်း မြို့နယ် ပင်ကြိမ်ကျေးရွာအနီး နေဝင်း၏နေအိမ်တဲကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၃ဝ ကိုလည်းကောင်း၊ ထို့အတူ မတ် ၂၃ ရက်က တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် တောင်ကြီး-ဟိုပုံးသွား ကားလမ်းပေါ် တွင် တင်မျိုးထွန်း(ခ)ဖာရွက် မောင်းနှင်လာသည့် ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၂ ပြားကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ¤င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)
No comments:
Post a Comment