
ဖြူး နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့ ဖြူးချောင်းတံတားမြောက်ဘက် အနီးတွင်ရပ်ထားသော ဆယ်ဘီး နောက်တွဲယာဉ်အား လမ်းကြောင်းတူ မောင်းနှင်လာသော ၁၂ ဘီးယာဉ်က နောက်မှ ဝင်တိုက်မိသော ယာဉ်တိုက် မှုတစ်ခု နိုဝင်ဘာ ၁ ရက်က ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်(၁၄၂/၅ နှင့် ၆)ကြား ဖြူးချောင်း မြောက်ဘက် ထိပ်တွင် ရန်ကုန်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ကိုမျိုးဇော်(၂၉)နှစ် ရွှေသဇင်လမ်း (၁၆)ရပ်ကွက် လှိုင်သာယာမြို့နယ်နေ မောင်းနှင် သည့် ရပ်တန့်ထားသော YGN/ 3C/----- နီဆန်းဒီဇယ်အစိမ်းရောင် ဆယ်ဘီးနောက်တွဲယာဉ်၏ နောက်ပိုင်း ကို လမ်းကြောင်းတူ ရန်ကုန်-မန္တလေး ဘက်သို့ ယာဉ်မောင်း ထွန်းထွန်းလူ (၄၂)နှစ် အင်ကြင်းလိုင်းခန်း အကျဉ်း ဦးစီးဌာနဝင်း အင်းစိန်မြို့နေ မောင်းနှင် သောMDY- 3C/---- ဖူဆို ၁၂ ဘီး ခဲပြာရောင် ကုန်မျိုးစုံတင်ယာဉ်က နောက်မှ ဝင်တိုက်၍ ယာဉ်ယာဘက် ခေါင်းပိုင်း ကျိုးကြေပျက်စီးသွားပြီး နောက်တွဲယာဉ်မှာ ပျက်စီး မှုမရှိကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိ မှု မရှိကြောင်းစစ်ဆေးတွေ့ရှိရသည်။
ရပ်တန့်ထားသော ယာဉ်အား ဝင်တိုက်သူ ယာဉ်မောင်း ထွန်းထွန်း လူအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ဖြူးမြင့်ဦး)
No comments:
Post a Comment