
ကောလင်း နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေကြီးရေလျှံခဲ့သော ကောလင်း၊ ဝန်းသို၊ ကျွန်းလှ၊ ကန့်ဘလူမြို့နယ်များ၌ ရေကြီးရေလျှံမှုကြောင့်ြေ>ွမဆိုးများပေါများလာပြီး တောင်သူများအနေဖြင့် စပါးရိတ်သိမ်းချိန်တွင် မြွေအန္တရာယ် ကာကွယ်နိုင်ရန်အတွက် လည်ရှည်ဖိနပ်များ အသုံးပြုမှုများပြားလာသည်။
လည်ရှည်ဖိနပ်တစ်ရန်လျှင် ကျပ် ၂၇ဝဝ နှင့် ကျပ် ၃၅ဝဝ နှစ်မျိုးရှိသည်။ တောင်သူများအနေဖြင့် မြွေအန္တရာယ် ကာကွယ်နိုင်ရန် လည်ရှည်ဖိနပ်များကို တစ်နှစ်သာအသုံးပြုကြရန် လိုအပ်သည်။ လည်ရှည်ဖိနပ်များသည် အသုံးပြုမှု သက်တမ်းကြာလာပါက ကွဲပေါက်ဆွေးမြည့်လာ၍ မြွေအန္တရာယ်ကို ကာကွယ်နိုင်မှုမရှိသောကြောင့်ဖြစ်သည်။ ယခုအခါ လယ်ယာလုပ်ငန်းခွင်လုပ်ကိုင်သူတိုင်း လည်ရှည်ဖိနပ်များကို မဖြစ်မနေအသုံးပြုလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ကောလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အကယ်၍ မြွေကိုက်ခံရပါက စိုးရိမ်ပြီးပြေးလွှားခုန်ပေါက်ခြင်းမပြုဘဲ ကိုက်သည့်နေရာတွင် ထိုင်၍ လှုပ်ရှားမှု နည်းနိုင် သမျှနည်းစေပြီး ကိုက်သည့်အစိတ်အပိုင်းပေါ်တွင် ကြိုးကိုတင်းကျပ်စွာ စည်းထားခြင်းမပြုလုပ်ရန်နှင့် စောနိုင်သမျှ စောစွာ နီးစပ်ရာဆေးရုံဆေးခန်းများတွင် အမြန်ဆုံးဆေးကုသမှုခံယူရန်လိုအပ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်းက ပြောကြားသည်။
ကိုကိုမောင်(ကောလင်း)
No comments:
Post a Comment