ကောင်းမြတ်သူ-စုစည်းသည်
အက်စ်တွန်ဗီလာ ကစားသမား ဂျက်ဂရီရယ်လစ်ကို ပေါင် သန်း ၆ဝ ကျော် မပေးရင်
ရောင်းချမှာ မဟုတ်ဘူးလို့ နည်းပြ တင်ရှားဝုဒ်က ပြောဆိုလိုက်ပါ တယ်။ အသက် ၂ဝ
အရွယ်ရှိတဲ့ ဂျက်ဂရီရယ်လစ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ဗြိတိသျှကစားသမား
စံချိန်တင်ပြောင်းရွှေ့ကြေးထက် ပိုပြီးများနေတယ်လို့ ဆိုပါတယ်။
အင်္ဂလန်နည်းပြရွိုင်းဟော့ဆင်ကလည်း ဂျက်ဂရီရယ်လစ်ဟာ အနာဂတ်အင်္ဂလန်အသင်းရဲ့
ကစားသမားဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ သူဟာထူးခြားတဲ့
အရည်အသွေးရှိပြီး အက်စ်တွန်ဗီလာအသင်း အတွက် အကောင်းဆုံး
ခြေစွမ်းပြကစားနိုင်တဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘောလုံးကျွမ်းကျင်မှု
အပြည့်အဝရှိနေတဲ့အတွက် သူ့ရဲ့တန်ဖိုးကလည်း မြင့်တက်လာပါတယ်လို့
တင်ရှားဝုဒ်က ဆိုပါတယ်။
ဂျက်ဂရီရယ်လစ်ဟာ ပရီမီယာလိဂ်ထိပ်တန်းကလပ်တွေရဲ့ စောင့်ကြည့်ခြင်းခံရတဲ့ကစားသမား ဖြစ်ပါတယ်။ လာမယ့်ပြောင်းရွှေ့ရာသီမှာ အသင်းက ရောင်းဖို့ရှိပေမယ့် ပေါင် သန်း ၆ဝ ကျော်မပေးရင်တော့ ရောင်းမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

No comments:
Post a Comment