ကောင်းမြတ်သူ-စုစည်းသည်
မန်ယူ ဂိုးသမား ဒီဂီယာဟာ ဒီနှစ် ပရီမီယာလိဂ်မှာ ဖလားရယူပေးနိုင်တဲ့
ဂိုးသမားဖြစ်တယ်လို့ မန်ယူနည်းပြဟောင်း ဆာအဲလက်ဖာဂူဆန်က
ထောက်ခံပြောဆိုလိုက်ပါတယ်။ ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့နွေရာသီ
အပြောင်းအရွှေ့မှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီပြီးမှ မန်ယူ
ကိုပြန်ခဲ့ရခြင်းဖြစ်ပါတယ်။ သို့ပေမယ့် နည်းပြဗန်ဟားလ်က ဒီဂီယာကို
ရီးရဲမက်ဒရစ်နဲ့ ချုပ်ဆိုမယ့် စာချုပ်ပျက်ကွက်ခဲ့တဲ့အတွက်
လေးနှစ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ဒီဂီယာဟာ မန်ယူကို ဖလားရယူပေးနိုင်တဲ့ ဂိုးသမားဖြစ်တယ်လို့ ဖာဂူဆန်က ဆိုပါတယ်။ ကျွန်တော်တို့ မန်ယူအသင်း ဟာ လက်ရှိ အခြေအနေမှာ ဇယားရဲ့ဒုတိယနေရာမှာ ရောက်ရှိနေတာကို ကြည့်ခြင်းအားဖြင့် မန်ယူဟာ ဖလားရနိုင်တဲ့ အနေအထားကို တွေ့ရမှာ ဖြစ်ပါတယ်လို့ ၂၆နှစ်တာအတွင်း ပရီမီယာလိဂ်ဖလား ၁၃ ကြိမ် ဆွတ်ခူးပေး ခဲ့တဲ့ နည်းပြဖာဂူဆန်က ဆိုပါတယ်။ ကျွန်တော်တို့ မန်ယူဟာ လက်ရှိအခြေ အနေမှာ အကောင်းဆုံးအခွင့်အလမ်းကို ရရှိထားပြီးဖြစ်ပါတယ်။ မကြာမီ ဦးဆောင်အသင်းဖြစ်သွားနိုင်မယ့် အနေအထားလည်းရှိပါတယ်လို့ ဖာဂူ ဆန်က ထောက်ခံပြောဆိုလိုက်ပါတယ်။

No comments:
Post a Comment