နေပြည်တော် ဇန်နဝါရီ ၂၈
နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်း ဆောင်ရည်ဆု ချီးမြှင့်ရေးစိစစ်ရွေး
ချယ်ရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းဝေးကို ယနေ့ညနေ ၃နာရီတွင်
နေပြည်တော်ရှိသမ္မတရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ စိစစ်ရွေး ချယ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ ဖြစ် ကြသည့် ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး များလည်း Video Conferencing စနစ်ဖြင့် အစည်းအဝေးတွင် ပါဝင် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မြို့ပြနှင့် ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ စီးပွာရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ် ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသိန်းအောင်နှင့် လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ပညာရပ်ဆိုင် ရာဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်တို့က ကော်မတီ အလိုက် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းထားရှိမှု၊ ရွေးချယ်ဆောင်ရွက်မည့် ဆု အမျိုးအစားများ သတ်မှတ်ထားရှိမှု၊ အမှတ်ပေးစည်းမျဉ်းများသတ်မှတ်ထားရှိမှုနှင့် သတ်မှတ်ချက်များ နှင့် ကိုက်ညီသူများအား ရွေးချယ် ထားရှိမှု၊ ကွင်းဆင်းစစ်ဆေးအကဲ ဖြတ်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထား ရှိမှုနှင့် ကွင်းဆင်းစစ်ဆေးမည့် လုပ်ငန်း အခြေအနေများနှင့် ကော်မတီအလိုက်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများက နိုင်ငံ တော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ တိုင်းဒေသေကြီးနှင့် ပြည်နယ် အလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင် သည့်အခြေအနေ၊ ဆုအမျိုးအစား အလိုက် ရွေးချယ်ထားရှိမှုများကို Video Conferencing စနစ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည် သုံး သပ်ဆွေးနွေးပြီး လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာ ကြသူများက သတင်းထုတ်ပြန် ရေး၊ ဆုတံဆိပ်ပြုလုပ်ရေး၊ ပို့ဆောင် ရေး၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ခြင်း အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ကော်မတီအလိုက်၊ ဌာနအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ဆက် လက် ဆောင်ရွက်မည့်အခြေအနေ များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် စိစစ်ရွေးချယ်ရေး ကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ယခု နှစ်ကျင်းပမည့် ဆုချီးမြှင့်ပွဲအခမ်း အနားအတွက် ပိုမိုကောင်းမွန် သည့် ရလဒ်များပေါ်ထွက်လာ အောင် အားလုံးက တက်ညီလက် ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန် ဆွေးနွေးပြောကြားပြီး အစည်း အဝေးကို ညနေပိုင်းတွင် ရုပ်သိမ်း လိုက်သည်။
(သတင်းစဉ်)

No comments:
Post a Comment