ဗျူနိုအေရိစ် ဇန်နဝါရီ ၂၇
သမ္မတ ခရစ္စတီးနားဖာနန်ဒက် ဒီကစ်ရှ်နားက အာဂျင်တီးနား ထောက် လှမ်းရေးအေဂျင်စီအား ဖျက်သိမ်းရန် စီစဉ်နေကြောင်း ကြေညာလိုက်သည်။
ထောက်လှမ်းရေးအဖွဲ့အစည်းသစ်တစ်ရပ်ထူထောင်သွားရန် မူကြမ်း တစ်ရပ်ရေးဆွဲနေကြောင်း ၎င်းက ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြား သည်။ အာဂျင်တီးနားထောက်လှမ်း ရေးလုပ်ငန်းသည် ၁၉၈၃ ခုနှစ်တွင် အဆုံးသတ်သွားသော စစ်အစိုးရ ကာလအတွင်းတည်ဆောက်ခဲ့သည့် ပုံစံအတိုင်း ဖြစ်နေကြောင်းဖြင့် လည်း မစ္စစ်ဖာနန်ဒက်က ပြောသည်။
ထိပ်တန်းအရာရှိများအား စုံစမ်း စစ်ဆေးမှုပြုလုပ်ရန် စီစဉ်နေစဉ် စစ်ဆေးမှုမပြုလုပ်မီ တစ်နာရီခန့် က အစိုးရရှေ့နေ အယ်လ်ဘတ်တို နစ္စမန်း ထူးဆန်းစွာ သေဆုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး ဤဖြစ်ရပ်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အစိုးရ ရှေ့နေအယ်လ်ဘတ် တိုနစ္စမန်းသည် ၁၉၉၄ ခုနှစ်က မြို့တော်ရှိ ဂျူးစင်တာ၌ ဗုံးခွဲမှု ကြောင့် လူပေါင်း ၈၅ ဦး သေဆုံးခဲ့ သောအမှုကို စုံစမ်းဖော်ထုတ်ရန် ကြိုးစားနေသူဖြစ်သည်။
မိမိအနေဖြင့် ထောက်လှမ်းရေး အေဂျင်စီကို ပြုပြင်ပြောင်းလဲသွားရန် မူကြမ်းတစ်ရပ်ရေးဆွဲထားပါကြောင်း သမ္မတက ပြောကြားသည်။
လက်ရှိထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းပြီး ပြည်ထောင်စုထောက် လှမ်းရေးအေဂျင်စီအဖြစ် ပြုပြင် ပြောင်းလဲရန်နှင့် ခေါင်းဆောင်အသစ် ကို သမ္မတက ရွေးချယ်၍ လွှတ်တော် မှ အတည်ပြုချက်ရယူရန်လိုကြောင်း သမ္မတက ပြောသည်။
မစ္စတာ နစ္စမန်းသည် ဇန်နဝါရီ ၁၈ ရက်က ဗျူနိုအေရိစ်ရှိ ၎င်း၏အခန်း၌သေဆုံးခဲ့ရာ ၎င်းနှင့်အတူ သေနတ်တစ်လက်လည်း ဘေးတွင် တွေ့ရှိခဲ့သည်။
(ဘီဘီစီ)

No comments:
Post a Comment