Wednesday, January 28, 2015

လေးလကြာတိုက်ပွဲဆင်နွှဲအပြီး ကိုဘာနီမြို့ကို ကာဒစ်တပ်များက အကြမ်းဘက်သမားများလက်မှ ပြန်ရယူ

Photo: လေးလကြာတိုက်ပွဲဆင်နွှဲအပြီး ကိုဘာနီမြို့ကို ကာဒစ်တပ်များက အကြမ်းဘက်သမားများလက်မှ  ပြန်ရယူ
========================================

ကိုဘာနီ  ဇန်နဝါရီ  ၂၇

ကာဒစ်တပ်ဖွဲ့ဝင်များက ဆီးရီး ယားမြောက်ပိုင်း ကိုဘာနီမြို့၌ လေးလ ကြာတိုက်ပွဲဆင်နွှဲခဲ့ပြီး   အိုင်အက်စ် စစ်သွေးကြွများကို အဆိုပါမြို့မှ ပြန် လည်မောင်းထုတ်နိုင်ခဲ့သည်။

ဂျီဟတ်များ တပ်ဆုတ်သွားပြီး နောက် ကိုဘာနီမြို့အရှေ့ပိုင်းဒေသ များသို့  ပေါ်ပြူလာပရိုတက်ရှင် ယူနစ်  (YPG) မှ တိုက်ခိုက်ရေးသမား များ ဝင်ရောက်နိုင်ခဲ့ပြီဟု ဆိုသည်။

အိုင်အက်စ်ဆန့်ကျင်  တိုက်ခိုက် ရေးတပ်ဖွဲ့ဝင်များသည် ကိုဘာနီမြို့၏ ၉ဝ ရာခိုင်နှုန်း   ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း  အမေရိကန်က  ပြော သည်။

  ဆီးရီးယားရှိ   အိုင်အက်စ်တို့ အား လေကြောင်းတိုက်ခိုက်မှု ပြုရာ တွင် ကိုဘာနီမြို့သည် အမေရိကန် ဦးဆောင်သော    ညွန့်ပေါင်းအဖွဲ့၏  မဟာဗျူဟာမြောက်  စစ်ဆင်ရေးကို အဓိကစမ်းသပ်ရာ မြို့တစ်မြို့ဖြစ်သည်။ အိုင်အက်စ်တို့က  စက်တင်ဘာလ တွင်    ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နောက်  တူရကီနယ်စပ်အနီး  ထောင် ပေါင်းများစွာသော      ပြည်သူများ ထွက်ပြေးခဲ့ရသည်။    ကာဒစ်တို့ မတိုက်ခိုက်မီ    စစ်သွေးကြွများက ကျေးရွာပေါင်း ၃ဝဝ နီးပါးကိုလည်း သိမ်းပိုက်ထားသည်။

တိုက်ပွဲများအတွင်း  လူပေါင်း အနည်းဆုံး  ၁၆ဝဝ  သေဆုံးခဲ့ပြီး ယင်းတို့တွင် ဂျီဟတ်ဝါဒီ ၁၁၉၆ ဦး ပါဝင်ကြောင်း ယူကေအခြေစိုက် ဆီး ရီးယား  အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့က ပြောကြားသည်။ 
           
(ဘီဘီစီ)

No comments:

Post a Comment