နေပြည်တော် ဇန်နဝါရီ ၂၇
ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် UNFPA (The United
National Fund For Population Agency) မှ Ms. Janet E.Jackson (UNFPA
Represntative) နှင့် Ms.Elaine Chan
(Human Rights Officer, OHCHR) တို့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ
လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အမှတ် (I-2) ဥပဒေကြမ်းကော်မတီ
အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထို့သို့တွေ့ဆုံရာတွင် မြန်မာဗုဒ္ဓ ဘာသာဝင်မိန်းမများ အထူးထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

No comments:
Post a Comment