ရန်ကုန် ဇန်နဝါရီ ၂၈
သာသနာရေး ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး ကျင်းပသည့် (၆၇) ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေမဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီး၌ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က စတင်ကျင်းပ လျက်ရှိရာ ယနေ့နောက်ဆုံးနေ့အဖြစ် သဘော ရေးဖြေစာမေးပွဲဖြေဆိုလျက် ရှိသည်။
အဆိုပါစာမေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးဦးစိုးဝင်း တက်ရောက်ပြီး တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖြေဆိုတော်မူ နေကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၄၈ ပါးတို့ကို ဖူးမြော် ကြည်ညိုပြီး တိပိဋက ဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး အဖွဲ့ သြဝါဒါစရိယဆရာတော်ကြီး များ၊ ပုစ္ဆာထုတ်ဆရာတော်များနှင့် ကြီးကြပ်ရေး ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ပြည်ပသာသနာ ပြုဌာနခွဲ ကမ္ဘာအေး သုတေသန စာကြည့်တိုက်တွင် သာသနာရေး ဆိုင်ရာစာအုပ်များ e-Library ဖွင့်လှစ်နိုင်ရန်အတွက် ကျမ်းစာအုပ် များအား e-book အဖြစ်ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ e-Library ဖြစ် မြောက်ရေးအတွက် သာသနာရေး ဆိုင်ရာ စာအုပ်များ e-book အဖြစ် ပြောင်းလဲဆောင်ရွက်နေ သည့်လုပ်ငန်းကို ရန်ကုန်တိုင်းဒေသ ကြီး သင်္ဃန်းကျွန်းမြို့နယ် ရွှေသု ဝဏ်ကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိ တ ဘဒ္ဒန္တသဒ္ဓိယ (ရွှေသုဝဏ်ဆရာ တော်ကြီး)၏ ဦးဆောင်မှုဖြင့် မဟာဓမ္မပါလဖောင်ဒေးရှင်းနှင့် C.E Technology တို့၏ ပံ့ပိုးကူညီမှု များဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း၊ သာသနာရေးဆိုင်ရာ ကျမ်းစာအုပ်များဖြစ်သော ဆဋ္ဌ သင်္ဂါယနာမူ ပိဋကသုံးပုံပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ နိဿယ၊ မြန်မာပြန်၊ အင်္ဂလိပ်ဘာသာပြန် စာအုပ်အပါအဝင် ဗုဒ္ဓစာပေဆိုင်ရာ စာအုပ်ပေါင်း ၂ဝဝ ကျော်၊ စာမျက် နှာပေါင်း ၁၁၄၄၁၄ ကျော်ကို e-book အဖြစ် ဆောင်ရွက်ပြီးဖြစ် ၍ စာအုပ်ပေါင်း ၂ဝဝဝဝ ကျော် စာမျက်နှာပေါင်း ၆ဝဝဝဝဝဝ ကျော် ကို e - book အဖြစ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ ကာလအတွင်း e-Library စတင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း၊ e-Library ပြီးစီးသွားပါက သာသနာ ရေးဆိုင်ရာစာအုပ်များ၊ ပိဋကသုံးပုံ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ နိဿယ၊ မြန်မာပြန်၊ အင်္ဂလိပ် ဘာသာပြန်စာအုပ်တို့ကို Website မှတစ်ဆင့် တစ်ကမ္ဘာလုံး လေ့လာ ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

No comments:
Post a Comment