ယူတတ်လျှင် ခရီးသွားလုပ်ငန်းမှရ
'ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ' ဆိုစကားကို လူမှုဘဝနယ်ပယ်စုံတွင်
သုံးလေ့ရှိပါသည်။ အထူးသဖြင့် ပြည်သူ့ဝန်ဆောင်မှုနယ်ပယ်တွင်
ပိုမိုအကျုံးဝင်သည်ဟု ဆိုနိုင်ပါသည်။ အများပြည်သူအကျိုးအတွက်
သယ်ပိုးဆောင်ရွက်ရင်း မိမိအကျိုးစီးပွားဖြစ်ထွန်းခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်သူ့အကျိုးသယ်ပိုးဆောင်ရွက်ေ သာ ဝန်ဆောင်မှုလုပ်ငန်းတိုင်း မိမိလည်းအကျိုးရှိ၊ အများပြည်သူလည်း စိတ်ချမ်းသာမည့် မွန်မြတ်သည့် ကုသိုလ်ကို ယူတတ်ဖို့လိုပါသည်။
ထိုကဲ့သို့သော အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများတွင်
ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်သည်ဟု ဆိုရပါမည်။ အဘယ်ကြောင့်
ဆိုသော် ခရီးသွားခြင်းသည် စိတ်လက်ပေါ့ပါးခြင်း၊ ကျန်းမာရွှင်လန်းခြင်း၊
အသိအမြင်ဗဟုသုတတိုးပွားခြင်း၊ အသက်ရှည်ခြင်းစသည့် အကျိုးထူးများသဖြင့်
ခရီးသွားဧည့်သည်များအား မွန်မြတ်သောစေတနာဖြင့် ဝန်ဆောင်မှု ပေးနေ၍
ဖြစ်ပါသည်။
ထိုမျှသာမက ခရီးသွားလုပ်ငန်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားလည်းဖြစ်သည့်အ ပြင်
ယဉ်ကျေးမှုနှင့် လူမှုရေး အကျိုးအမြတ်များရရှိခြင်းသာမက
အလုပ်အကိုင်အခွင့်အလမ်းများပါ တိုးတက်ရရှိစေနိုင်သော
ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။ အဆိုပါလုပ်ငန်းမှာ လွန်ခဲ့သည့်နှစ်များစွာက
မထင်မရှားရှိခဲ့သော်လည်း များမကြာမီနှစ်များမှ စတင်၍ ထင်ရှားသော
ဝန်ဆောင်မှုလုပ်ငန်းဖြစ်လာခဲ့ပါသ ည်။
စီးပွားရေးမောင်းနှင်အားတွင် ပြည်တွင်းခရီးသွားများထက် ပြည်ပ ခရီးသွားများက တွန်းအားပိုမိုရရှိစေပါသည်။ ၂ဝ၁၁ ခုနှစ်အစောပိုင်းကာလက မြန်မာနိုင်ငံသို့လာရောက်လည်ပတ် သူ
ခရီးသွားဧည့်သည် သိန်းဂဏန်းမျှသာ ရှိခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့်
ဖွံ့ဖြိုးတိုးတက်မှုများကြောင့် ခရီးသွားဧည်သည်များ တစ်စတစ်စတိုးတက်လာ
ခဲ့ပါသည်။
ယခုအခါ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်၌ လာရောက်လည်ပတ်ရာ ခရီးစဉ်ဒေသဖြစ်လာခဲ့ပါသည်။ ခရီးသွားများ စိတ်ဝင်စားဖွယ်ရာဒေသဖြစ်လာ သကဲ့သို့ မြန်မာတို့၏ဝန်ဆောင်မှုမှာလည်း နှစ်လိုဖွယ်ရာဖြစ်လာပါသည်။ထို့ေ ကြာင့်
၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှု
တစ်သန်းကျော်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် မှတ်တိုင်တစ်ခု
စိုက်ထူနိုင်ခဲ့ပါသည်။ ၂ဝ၁၃ ခုနှစ်တွင်မူ တိုးတက်မှုနှုန်းမြန်ဆန်လာပြီး
ခရီးသွားဧည့်သည် ၂ ဒသမ ဝ၄ သန်းကျော် လာရောက်ခဲ့ကာ ခရီးသွားစံချိန်
တင်ခဲ့ပါသည်။ ယမန်နှစ်ကမူ ခရီးသွားဧည့်သည် သုံးသန်းကျော်လာရောက်ခဲ့ပြီး
ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား လေးသန်းခွဲလာရောက်နိုင်သည်ဟု
ခန့်မှန်းထားပါသည်။
ထိုသို့နိုင်ငံတကာခရီးသွားများ တိုးတက်လာခြင်းမှာ ဝန်ဆောင်မှု ကောင်းစွာပေးနေခြင်းတစ်မျိုးတည်းဖြင့်လည်းမဟုတ်ပါ။ ခရီးသွားများ စိတ်ဝင်စားဖွယ်အခင်းအကျင်းမျာြး ဖစ်အောင် ဖန်တီးပေးခြင်း၊ ထိန်းသိမ်းပေးခြင်းတို့နှင့်လည်းဆိုင်ပါသည်။
နိုင်ငံတကာခရီးသွားများအတွက် တည်ငြိမ်အေးချမ်းမှုနှင့်
ခရီးသွားလုပ်ငန်းဆိုင်ရာ ကန့်သတ်မှုများအား ပိုမိုဖြေလျှော့ပေးနိုင်ပါလျှင် ခရီးသွားများတိုးတက်လာမည်ဖြစ်၍ ထိုသို့ဆောင် ရွက်နိုင်ပါက ခရီးသွားဧည့်သည် ငါးသန်းအထိတိုးတက်လာနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသများပေါ်ထွက် လာခြင်း၊ ယခုနှစ်အကုန်တွင် အာဆီယံအသိုက်အဝန်းထူထောင်ခြင်း စသည့်အရေးပါသောလုပ်ဆောင်မှုများကို ဖန်တီးထားနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတ က်မှုမှာ တစ်နှစ်ထက်တစ်နှစ် သိသာထင်ရှားလာမည်မှာ အမှန်ဖြစ်ပါသည်။
ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ တိုးတက်ဖြစ်ထွန်းလာမည့် အကျိုး အမြတ်များမှာ များပြားလာမည်ဖြစ်ပါသည်။ သန်းနှင့်ချီသော ခရီးသွားများ၏ စိတ်ချမ်းမြေ့မှုတို့ကို ဆောင်ကြဉ်းပေးရင်း မိမိတို့အကျိုးစီးပွားများလည်း ဖြစ်ထွန်းလာမည်ဖြစ်ပါသည်။ ထို့ကြောင့် မွန်မြတ်သောစေတနာဖြင့် ဝန်ဆောင်မှုကုသိုလ်တို့ကို အားလုံးပါဝင်ရယူခြင်းဖြင့် မိမိအကျိုး၊ နိုင်ငံ့အကျိုးများကို ဆောင်ရွက်နိုင်ကြစေရန် ဆန္ဒပြုလိုက်ပါသည်။ ။
ထိုကဲ့သို့သော အများပြည်သူဝန်ဆောင်မှုလုပ်ငန်းမ
ထိုမျှသာမက ခရီးသွားလုပ်ငန်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက
စီးပွားရေးမောင်းနှင်အားတွင် ပြည်တွင်းခရီးသွားများထက် ပြည်ပ ခရီးသွားများက တွန်းအားပိုမိုရရှိစေပါသည်။ ၂ဝ၁၁ ခုနှစ်အစောပိုင်းကာလက မြန်မာနိုင်ငံသို့လာရောက်လည်ပတ်
ယခုအခါ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်၌ လာရောက်လည်ပတ်ရာ ခရီးစဉ်ဒေသဖြစ်လာခဲ့ပါသည်။ ခရီးသွားများ စိတ်ဝင်စားဖွယ်ရာဒေသဖြစ်လာ သကဲ့သို့ မြန်မာတို့၏ဝန်ဆောင်မှုမှာလည်း နှစ်လိုဖွယ်ရာဖြစ်လာပါသည်။ထို့ေ
ထိုသို့နိုင်ငံတကာခရီးသွားများ တိုးတက်လာခြင်းမှာ ဝန်ဆောင်မှု ကောင်းစွာပေးနေခြင်းတစ်မျိုးတည်
မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသများပေါ်ထွက် လာခြင်း၊ ယခုနှစ်အကုန်တွင် အာဆီယံအသိုက်အဝန်းထူထောင်ခြင်း စသည့်အရေးပါသောလုပ်ဆောင်မှုများက
ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ တိုးတက်ဖြစ်ထွန်းလာမည့် အကျိုး အမြတ်များမှာ များပြားလာမည်ဖြစ်ပါသည်။ သန်းနှင့်ချီသော ခရီးသွားများ၏ စိတ်ချမ်းမြေ့မှုတို့ကို ဆောင်ကြဉ်းပေးရင်း မိမိတို့အကျိုးစီးပွားများလည်း ဖြစ်ထွန်းလာမည်ဖြစ်ပါသည်။ ထို့ကြောင့် မွန်မြတ်သောစေတနာဖြင့် ဝန်ဆောင်မှုကုသိုလ်တို့ကို အားလုံးပါဝင်ရယူခြင်းဖြင့် မိမိအကျိုး၊ နိုင်ငံ့အကျိုးများကို ဆောင်ရွက်နိုင်ကြစေရန် ဆန္ဒပြုလိုက်ပါသည်။ ။
No comments:
Post a Comment