နေပြည်တော် နိုဝင်ဘာ ၃
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဂျပန်နိုင်ငံ ဆူမီတိုမို မီဆူအီဘဏ်လုပ်ငန်း ကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr.Takeshi Kunibe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တက်ရောက်
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့ တက်ရောက်ကြသည်။
ဆွေးနွေး
ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာများ၊ ဘဏ်လုပ်ငန်းနှင့်သက်ဆိုင်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များ၊ စီးပွားရေးစီမံကိန်းကြီးများတွင် ဘဏ္ဍာရေးရင်းနှီး မြှုပ်နှံမှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

No comments:
Post a Comment