Friday, April 10, 2020

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်ဝန်ဆောင်မှုများကို ရွေးချယ်ရယူသုံးစွဲကြပါစို့

ဆောင်းပါး
==========


 နိုင်ဦး (DOCA)

ယနေ့သည်   ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လုံခြုံစိတ်ချရမှုမရှိသော       အစားအသောက်များ၊  အသုံးအဆောင်များ၊     လူသုံးကုန်ပစ္စည်းများကြောင့် ရခဲလှသောလူ့ဘဝကို  များစွာအန္တရာယ်ပေးလျက်ရှိနေ ပါသည်။  စားသုံးသူများသည်  အဆိုပါပစ္စည်းများကြောင့် ရောဂါဆန်းများ၊   ပုံစံအမျိုးမျိုးဖြင့်   ထိခိုက်သေဆုံးမှုများ ကြုံတွေ့နေရပါသည်။

လူသားများသက်တမ်းစေ့နေထိုင်နိုင်ရေး၊ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းသော လုံခြုံစိတ်ချရမှုရှိသော ကုန်စည်၊ ဝန်ဆောင်မှုများရရှိသုံးစွဲဆောင်ရွက်ရေး၊ လုပ်ငန်းရှင်များ အတွင်း တရားမျှတသောပြိုင်ဆိုင်မှုများ  ဖြစ်ပေါ်လာရေး အတွက်   စားသုံးသူများ  အကာအကွယ်ပေးရေးလုပ်ငန်းများ ဖြင့်  စားသုံးသူများ၏    ရပိုင်ခွင့်ရှိသော   အခွင့်အရေးများ အပြည့်အဝရရှိရေးဆောင်ရွက်ပေးရန်    အရေးတကြီး လိုအပ်လျက်ရှိပါသည်။

စားသုံးသူများသည်  ကုန်စည်၊  ဝန်ဆောင်မှုပြုသူ လုပ်ငန်းရှင်များ၊  ထုတ်လုပ်သောအစားအစာ၊  အလှကုန်၊ အိမ်ဆောက်ပစ္စည်း၊  လျှပ်စစ်ပစ္စည်းနှင့်  အခြားထုတ်ကုန် များနှင့်  ဝန်ဆောင်မှုများကို   နေ့စဉ်အမှီပြုကာ  စားရေး၊ ဝတ်ရေး၊ နေရေးကိစ္စများကို ဖြေရှင်းလျက်ရှိနေကြသည်။ ဘေးအန္တရာယ်ကင်းရှင်းပြီး အမှန်တကယ်အကျိုးရှိစေမည့် ကုန်စည်၊        ဝန်ဆောင်မှုများကို       ခံစားလိုကြသည်။ စီးပွားရေးပညာရှင်တစ်ဦးက  ပြောခဲ့ဖူးသည်   “လူသား တို့သည်    မျှော်လင့်ချက်များကို    ငွေဖြင့်လဲလှယ်ယူကြ သည်”  ဟူ၍ဖြစ်သည်။    လုပ်ငန်းရှင်များသည်    စားသုံး သူများ၏  မျှော်လင့်ချက်များကို  ပေးအပ်သောဝန်ဆောင်ခ များနှင့်အညီ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်၊ ဝန်ဆောင်မှု များကိုပေးအပ်ရန် တာဝန်ရှိပါသည်။

စားသုံးသူများအတွက် ထုတ်လုပ်သော ကုန်ပစ္စည်း များ၊  ဝန်ဆောင်မှုပေးသောလုပ်ငန်းများ စိတ်ချရမှု၊ လုံခြုံ မှု    အပြည့်အဝရရှိစေရေးအတွက်    ဌာနဆိုင်ရာများမှ ပြဋ္ဌာန်းထားသော  ဥပဒေများ၊  လိုက်နာရမည့်  ညွှန်ကြား ချက်များ၊    ထုတ်ပြန်ထားသည့်    အမိန့်များအတိုင်း တိကျစွာလိုက်နာ၍    မိမိနိုင်ငံနှင့်   နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း  တိကျစွာလိုက်နာ ဆောင်ရွက်ရန် အရေးကြီးပါသည်။

ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုံခြုံစိတ်ချ ရမှုအဆင့်တိုင်းတွင် လုပ်ငန်းရှင်များသာမက ထုတ်လုပ် သူ၊     တင်ပို့သူ၊      တင်သွင်းသူ၊    လက်ကားရောင်းချသူ၊ လက်လီရောင်းချသူအားလုံး  အကျုံးဝင်သည်။  ကိုယ်စီ ကိုယ်ငအဆင့်တိုင်းတွင်     ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေး စိစစ်ကြပ်မတ် စစ်ဆေးဆောင်ရွက်ကြရပါမည်။ သို့မှသာ     စားသုံးရာတွင်လည်းကောင်း၊    သိုလှောင်၊ ကိုင်တွယ်၊  ထိန်းသိမ်းရာတွင်လည်းကောင်း  လုံခြုံစိတ်ချ ရမှုမရှိ၍     ထိခိုက်နစ်နာဆုံးရှုံးမှုများ    ပေါ်ပေါက်ပါက ကုစားဖြေရှင်းပေးနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှု မရှိ ၍    အောက်ပါအဖြစ်အပျက်များကို   ကြုံတွေ့ရလျက် ရှိပါသည်-

(က) ရက်လွန်၊     တရားမဝင်သော   ဓာတုဆေးသုံး အစားအစာများကို      စားသောက်မိ၍  အော့အန်၊  မူးဝေ၊ သတိလစ်၊  သေဆုံးမှုများ  ဖြစ်ပေါ်နေရခြင်း။

( ခ ) ပဲဆီစစ်စစ်ဟူ၍    စျေးကြီးပေးကာ ဝယ်ယူ သုံးစွဲသောစားဆီများတွင်    တရားမဝင်ဓာတု ဆေးအနံ့ရောစပ်၍ ရောင်းချနေခြင်းများ ကြောင့်  ရောဂါပေါင်းစုံခံစားနေရခြင်း။

( ဂ ) အရည်အသွေးညံ့ဖျင်း၍   စံချိန်စံညွှန်း မညီသော  ဆောက်လုပ်ရေးသုံးပစ္စည်းများ သုံးစွဲဆောက်လုပ်၍ အချိန်မတိုင်မီ  ပြိုကျကာ သေကျေပျက်စီးခြင်း။

(ဃ) အရည်အသွေးမပြည့်မီသော မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအချို့ကြောင့်     ယာဉ်များ တိမ်းမှောက်ပျက်စီးကာ  လူများစွာ သေကျေပျက်စီးခြင်း။

( င ) တရားမဝင်တင်သွင်းလာသော     အရည် အသွေး၊ စံချိန်စံညွှန်းကိုက်ညီမှု        မရှိသော ဆေးဝါးများကြောင့် လူများစွာ သေကျေ ပျက်စီးရခြင်း။

( စ ) အရည်အသွေးအာမခံချက်မရှိသော အလှကုန် ပစ္စည်းများကြောင့်    မြန်မာအမျိုးသမီးများစွာ    အလှပျက်သည့်အပြင်    ဆိုးကျိုးများစွာ  ကြုံတွေ့နေရခြင်း။

(ဆ) ဆောက်လုပ်ရေးလုပ်ငန်း   အချို့တွင်လည်း အခန်းများ၊  အထပ်မြင့်အခန်းများ  ဆောက် လုပ်ရောင်းချရာတွင်   ကြော်ငြာ၊  အာမခံ ထားသည့်ပစ္စည်းများ       သုံးမည့်အစား အခြားစျေးပေါ၍ အရည်အသွေးမမီသော ပစ္စည်းများ သုံးစွဲ၍ နစ်နာနေရခြင်း။

( ဇ ) အရည်အသွေးမပြည့်ဝသော  လျှပ်စစ်ပစ္စည်း များကြောင့်   မီးဘေးအန္တရာယ်များဖြစ်ပွားကာ လူများစွာ အိုးမဲ့အိမ်မဲ့ဖြစ်၍ သေကျေပျက်စီး ခြင်း။

( ဈ ) တယ်လီဖုန်းများ  ဝယ်ယူခြင်း၊   ပြင်ဆင်ခြင်း များဆောင်ရွက်ရာတွင်  ကြော်ငြာထားသည့် အတိုင်း၊        အာမခံထားသည့်အတိုင်း ဆောင်ရွက်ပေးမှုမရှိခြင်း။

(ည) လူမှုမီဒီယာနည်းလမ်းများကို     အသုံးပြု၍ ကုန်ပစ္စည်းများ၊    အစုရှယ်ယာများအား  လိမ်လည်ရောင်းချခြင်း။
ဖြတ်တောက်ခံနေရခြင်း။

အဆိုပါ ထိခိုက်နစ်နာမှုများကို  စားသုံးသူများကြုံတွေ့ နေရကြောင်း မီဒီယာများမှ  မပြတ်ဖော်ပြလျက်ရှိသော် လည်း လက်လှမ်းမမီသော၊ ပညာအသိဉာဏ်နည်းပါးသော စားသုံးသူများ ကြုံတွေ့နေရဆဲဖြစ်နေသည်ကို ဝမ်းနည်း ဖွယ် ကြားသိနေရသည်။

ထို့ကြောင့်ပင်  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန    စားသုံးသူရေးရာဦးစီးဌာနက    စားသုံးသူ ကာကွယ်ရေးဥပဒေ   ၂၀၁၉  ကို ပြဋ္ဌာန်းကာ သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍  မြန်မာနိုင်ငံရှိ   ၅၁ သန်း ကျော်သောပြည်သူများ     ဘေးကင်းလုံခြုံရေးအတွက် လည်းကောင်း၊    ထုတ်ကုန်များ   လုံခြုံစိတ်ချရမှုရှိစေရေး အတွက်လည်းကောင်း အောက်ပါလုပ်ငန်းများကို  အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်-

(က) တိုင်းဒေသကြီး၊      ပြည်နယ်၊     ခရိုင်များတွင် စားသုံးသူအငြင်းပွားမှု   ဖြေရှင်းရေးလက် အောက်တွင် စားသုံးသူတိုင်ကြားမှု     လက်ခံ ဆောင်ရွက်ရေး      လုပ်ငန်းကော်မတီနှင့်     ထုတ်ကုန်များ     လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီများကို ဖွဲ့စည်း၍ဆောင် ရွက်ခြင်း။

( ခ ) ထုတ်ကုန်များ    လုံခြုံစိတ်ချရမှုမရှိသော လုပ်ငန်းများသို့    ဆက်စပ်ဌာနများနှင့်    ပူးပေါင်းကာကွင်းဆင်းစစ်ဆေးကြပ်မတ် ခြင်း အရေးယူဆောင်ရွက်ခြင်း။

( ဂ ) အာဆီယံနိုင်ငံများနှင့်       သတင်းအချက် အလက်များဖလှယ်ကာ ပူးပေါင်းဆောင် ရွက်ခြင်း။

( ဃ) စျေးကွက်သတင်းများကို ရယူခြင်း၊ ထုတ် ကုန် လုံခြုံစိတ်ချရမှုနှင့် ဘေးဥပဒ်အန္တရာယ် ကင်းရှင်းမှု ရှိ/မရှိ  ရှာဖွေဖော်ထုတ်ခြင်း။

အဆိုပါလုပ်ငန်းများ  ဆောင်ရွက်ရာတွင်  သတင်း အချက်အလက်၊   တံဆိပ်အမှတ်အသားတွင်    ဖော်ပြထား သည့်အချက်များနှင့်     ကိုက်ညီမှုမရှိသော   ကုန်စည်များ၊ ထုတ်လုပ်သည့်ရက်စွဲနှင့်     နောက်ဆုံးသုံးစွဲရမည့်ရက်စွဲ အချက်များမပါသော ကုန်စည်များ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း   ဖော်ပြချက်နှင့်  သုံးစွဲပုံနည်းလမ်း များမပါရှိသော ကုန်စည်၊  အဖွဲ့အစည်းတစ်ခုခု၏ ထောက်ခံချက်မပါရှိသော     ကုန်စည်၊   ဝန်ဆောင်မှုများ မပြုလုပ်ရန်   တားမြစ်ထားကြောင်း   ပညာပေးဟောပြော  ဆွေးနွေးခြင်း၊       ကွင်းဆင်းစစ်ဆေးပညာပေးခြင်း၊      အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းတစ်ခုတည်ထောင်ရန်      လွန်စွာခက်ခဲ သော်လည်း လုပ်ငန်းတစ်ခုကျရှုံးရန်မှာ    လွန်စွာလွယ်ကူ လှပေသည်။ မိမိ၏   ငွေအင်အား၊  လူအင်အား၊  အချိန် အင်အားများစွာဖြင့်  တည်ဆောက်ခဲ့ရသော   လုပ်ငန်းများ ကို    ထုတ်ကုန်များလုံခြုံစိတ်ချရမှုမရှိပါက    ရေရှည် တိုးတက်သော၊  အောင်မြင်သော လုပ်ငန်းတစ်ရပ်အဖြစ် ရေရှည်ရပ်တည်နိုင်မည်   မဟုတ်ပေ။  လုပ်ငန်းရှင်သည် လည်း နာမည်တစ်ခုလုံး ဆုံးရှုံးခြင်း၊ ဂုဏ်သိက္ခာပျက်ယွင်း ခြင်းများ ကြုံတွေ့ကာ  စီးပွားရေးလောကတွင် နာလန်မထူ နိုင်ဖြစ်မည်    စိုးရိမ်ပါသည်။  လုပ်ငန်းရှင်အပါအဝင် စားသုံးသူပါ      မိမိနိုင်ငံသားများဖြစ်၍    နှစ်ဦးနှစ်ဖက် ဆုံးရှုံးနစ်နာမှုများဖြစ်မည်ကို    မလိုလားပေ။    ယင်းသို့ မဖြစ်စေရေး လုပ်ငန်းရှင်များမှ   ကုန်စည်၊    ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင်     လုံခြုံစိတ်ချရမှုရှိပြီး ဘေးဥပဒ်အန္တရာယ်      ကင်းရှင်းစွာ   ထုတ်လုပ်ရောင်းချ ကြရန် မေတ္တာရပ်ခံအပ်ပါသည်။

သို့ပါ၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက်   ထုတ်ကုန်၊   ဝန်ဆောင်မှုများ   လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များမှ စီးပွားရေး ကျင့်ဝတ်များနှင့်အညီ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ၊  ပြဋ္ဌာန်းထားသော၊   ထုတ်ပြန်ထား သော   ဥပဒေ၊ လုပ်ထုံး၊  လုပ်နည်း၊    ညွှန်ကြားချက်များ နှင့်အညီ   လိုက်နာဆောင်ရွက်ကြပါရန်နှင့် စားသုံးသူ များကလည်း  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းသော  ကုန်စည်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအားပေးကြပါရန်    တိုက်တွန်းအပ်ပါ သည်။

No comments:

Post a Comment