Wednesday, April 1, 2020

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ စီမံကိန်းတာဝန်ခံနှင့် အဖွဲ့နှင့် ဆွေးနွေး




နေပြည်တော် မတ် ၃၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်သည် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှု အေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001 မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator, Mr. Geert De Bruycker နှင့်အဖွဲ့ အား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ဆွေးနွေးသည်။

ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ် ၄၀/၄၂ ဗိုလ်ဆွန်ပက်လမ်းရှိ Center for Tourism Development မြေညီထပ်ပြုပြင်မွမ်းမံမှု၊ ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ၂၀၂၀-၂၀၃၀ ရေးဆွဲရေး လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် သင်တန်းများကို On Campus သင်ကြားခြင်းအား ရပ်နားထားစဉ်ကာလအတွင်း Online မှတစ်ဆင့် သင်တန်းများစီစဉ်ဆောင်ရွက်ရေးဆိုင်ရာများ၊ ဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းများ နှင့် အခြားဘာသာရပ်ဆိုင်ရာသင်တန်းများကို Online စနစ် ဖြင့် စဉ်ဆက်မပြတ်ပို့ချနိုင်ရေး၊ ကိုဗစ်-၁၉ ကာလအလွန် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လိုအပ်သောငွေကြေးနှင့် နည်းပညာပံ့ပိုးမှု များ ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာများကို ပြောကြားသည်။

ထို့နောက် စီမံကိန်းတာဝန်ခံ Mr. Geert De Bruycker နှင့် CTD သင်တန်းတာဝန်ခံ ဒေါ်အိရွှေဇင်အောင်တို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment