Wednesday, March 18, 2020

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ၂၇၀၀၀ ကျော်နှင့် ပြည်တွင်း အလုပ်နေရာ ၂၆၀၀၀ ကျော် ခန့်ထားနိုင်ခဲ့




နေပြည်တော် မတ် ၁၇



နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရန် နှင့် အလုပ်ရှင်များအတွက် အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရ အလုပ်အကိုင် ၄၃၅ ဦးနှင့် ပုဂ္ဂလိကအလုပ်အကိုင် ၂၆၄၈၂ ဦး စုစုပေါင်း ၂၆၉၁၇ ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင် ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံသို့ ၄၁၄၅ ဦး၊ စင်ကာပူနိုင်ငံသို့ ကိုးဦး၊ ကိုရီးယားနိုင်ငံသို့ ၅၈ ဦး၊ ထိုင်းနိုင်ငံသို့ ၂၂၃၆၂ ဦး၊ ဂျပန်နိုင်ငံသို့ ၆၉၈ ဦး၊ ယူအေအီးနိုင်ငံသို့ ၁၅ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၃၅ ဦးနှင့် ကာတာနိုင်ငံသို့ ရှစ်ဦး စုစုပေါင်း ၂၇၃၃၀ ကို အလုပ်အကိုင်အတွက် စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment