Thursday, February 20, 2020

စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း(SMVTI) လွှဲပြောင်းပေးအပ်



Image may contain: 5 people, people standing, crowd and indoor
ရန်ကုန် ဖေဖော်ဝါရီ ၁၉



မြန်မာနိုင်ငံအစိုးရနှင့် စင်ကာပူနိုင်ငံအစိုးရတို့ ပူးပေါင်းဖွင့်လှစ်သော စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (SMVTI) လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်ရှိ အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ စင်ကာပူ နိုင်ငံ ပညာရေးဝန်ကြီးဌာနဝန်ကြီး Mr. Ong Ye Kung ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ များ၊ စင်ကာပူသံရုံးမှ တာဝန်ရှိသူ များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာနသည် ဖွံ့ဖြိုးမှုမိတ်ဖက် များနှင့် ပူးပေါင်းလျက် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်း ကျောင်း (SMVTI)၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်း ကျောင်း (SITE) ၊ နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ဆရာအတတ် သင်ကျောင်း (TTTI)၊ ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်း ကျောင်း (JMASVTI) ၊ ညောင်ရွှေ သက်မွေးပညာ သင်တန်းကျောင်း (NVTI) များတွင် နည်းပညာနှင့် သက်မွေးပညာ သင်တန်းများကို ဖွင့်လှစ်လျက်ရှိပါကြောင်း၊ စင်ကာပူ- မြန်မာ သက်မွေးပညာသင်တန်း ကျောင်းသည်လည်း ပြည်သူအများ စိတ်ဝင်စားပြီး ယုံကြည်အားကိုးသော ပထမတန်းစား သင်တန်းကျောင်း တစ်ကျောင်းဖြစ်လာပါကြောင်း။
စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းသည် အခြေခံပညာ ပြီးမြောက်အောင်မြင်သည့် လူငယ် ၃၀၆၀ ကို စက်မှုအင်ဂျင်နီယာပညာ နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းပညာ များကို ခြောက်လသင်တန်းများ ပို့ချ နိုင်ခဲ့ကြောင်း၊ ၆၀ ရာခိုင်နှုန်းသော သင်တန်းဆင်းများသည် သက်ဆိုင်ရာ နယ်ပယ်များ၌ အလုပ်ရရှိကြပြီး အချို့ သည် နိုင်ငံတကာ ထိပ်တန်းကုမ္ပဏီ များနှင့် ဟိုတယ်များတွင် ဦးဆောင် စီမံခန့်ခွဲသူ ရာထူးနေရာများကို ရရှိ လျက်ရှိကြောင်းနှင့် အနာဂတ်တွင် နှစ်နိုင်ငံအစိုးရများ၏ ပံ့ပိုးမှုဖြင့် သင်တန်းဆင်းအားလုံး အလုပ်အကိုင် ရရှိရန် မျှော်လင့်ပါကြောင်းနှင့် စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းသည် စက်ရုံများ၊ ဟိုတယ်များနှင့် နားလည်မှုစာချွန်လွှာ ၁၈ ခုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှစ်ခု လက်မှတ် ရေးထိုးထားသည်ဟု သိရှိရပါ ကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေး ပညာ သင်တန်းကျောင်းသည် နှစ်နိုင်ငံ စက်ရုံများနှင့် လူငယ်များစွာ ကို အကျိုးပြုလျက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုမှ ရရှိသော အသီးအပွင့်ပင် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စင်ကာပူနိုင်ငံ ပညာ ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Ong Ye Kung က စင်ကာပူ-မြန်မာ သက်မွေး ပညာသင်တန်းကျောင်း SMVTI အား နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးပြီး တည်ထောင်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း၏ အောင်မြင်စွာ ဆောင်ရွက်ခဲ့သော အကြောင်းအရာများကို ဗီဒီယိုကလစ် ဖြင့် ပြသ၍ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကျွမ်းကျင်မှုစွမ်းရည်များကို ပြသကြ သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းဝင်းအတွင်း လှည့် လည်ကြည့်ရှုကြသည်။
အဆိုပါ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းကို ၂၀၁၄ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ နည်းပညာနှင့် သက်မွေးပညာဦးစီး ဌာနနှင့် စင်ကာပူသမ္မတနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် များက သင်တန်းကျောင်းတည် ထောင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၆ ခုနှစ် ဇွန် ၉ ရက်တွင် စင်ကာပူဝန်ကြီးချုပ် Mr. Lee Hsien Loong ကိုယ်တိုင် တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment