Wednesday, February 19, 2020

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို Norwegian People's Aid (NPA) အဖွဲ့က ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး



Image may contain: 6 people, people sitting
နေပြည်တော် ဖေဖော်ဝါရီ ၁၈


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် Norwegian People's Aid (NPA) အဖွဲ့အစည်း၏ Country Director ဖြစ်သူ Ms. Marte Graff Jenssen ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက မေခလာခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာအား အတည်ပြု မိတ်ဆက်ခဲ့ပြီးနောက် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှုကို အခြေခံသည့် မိုင်းရှင်းလင်းရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် အခြေအနေများ၊ မိုင်းအန္တရာယ် ကင်းစင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ် သည့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အာဆီယံဒေသတွင်း မိုင်းစင်တာ(ARMAC) အပါအဝင် NPA အဖွဲ့အစည်းကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စ၊ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများ နှင့် မိုင်းဒဏ်ခံစားခဲ့ရသူများအား ထောက်ပံ့ကူညီဆောင်ရွက်ပေးနေ သည့် အခြေအနေများနှင့် မိုင်းအန္တရာယ်နှင့် ပတ်သက် ၍ လမ်းညွှန်ဦးဆောင်ပေးနိုင်မည့် မိုင်းအာဏာပိုင်အဖွဲ့အစည်း ဖွဲ့စည်း တည်ထောင်နိုင်ရေး ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး Norwegian People's Aid (NPA)က အစိုးရ ဦးဆောင်မှုဖြင့် ဆောင်ရွက်မှုတိုင်းတွင် အပြည့်အဝ ပူးပေါင်းကူညီမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment