Wednesday, February 26, 2020

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး"Myanmar National Symphony Orchestra Concert 2020" ဖျော်ဖြေပွဲသို့ တက်ရောက်အားပေး




Image may contain: one or more people and people on stage
နေပြည်တော် ဖေဖော်ဝါရီ ၂၅



ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ ဂီတစာဆိုတီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto (Conductor & Composer) ဦးဆောင်သော ဂျပန်အနုပညာရှင်များ ပူးပေါင်းဖျော်ဖြေတင်ဆက်သည့် "Myanmar National Symphony Orchestra Concert 2020" ဖျော်ဖြေပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန -၂ ၌ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည်တို့ တက်ရောက်အားပေးသည်။
အဆိုပါ ဂန္ထဝင်ဂီတဆည်းဆာ ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးကြီးနှင့် နိုင်ငံတကာသံတမန် များ၊ ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် တေးဂီတချစ်မြတ်နိုးသူများ တက် ရောက်ကြသည်။
ဖျော်ဖြေပွဲကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သီချင်း သံစဉ်တေးသွားနှင့် ဂျပန်နိုင်ငံ နိုင်ငံတော်သီချင်း သံစဉ်တေးသွား တို့ကို တီးခတ်ပြီး စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ ဂီတစာဆိုတီးဝိုင်း ခေါင်းဆောင် Mr. Yunosuke Yam-amoto (Conductor & Composer) ဦးဆောင်သည့် ဂျပန်အနုပညာရှင်များ ပူးပေါင်း၍ Emperor ၊ From the New World၊ Trumpeter’s Lullaby ၊ Fiddle – Faddle ၊ Pomp and Cir-cumstance၊ Home Sweet Home စသည့် အနောက်တိုင်း တေးသွား များနှင့် ဂန္ထဝင်သံစဉ် တေးသွားများကို လည်းကောင်း၊ လူချွန်လူကောင်း၊ ဘယ်ပန်းချီရေးလို့မမှီ၊ မန်းတောင် ရိပ်ခိုစသည့် မြန်မာသံစဉ်တေးသွား များကို လည်းကောင်း တီးမှုတ် ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုပန်းစည်း ပေးအပ်
ဖျော်ဖြေတင်ဆက်မှုအပြီးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto ကို ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။
ဆက်လက်၍ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင်၏ ဇနီး စန္ဒရားပညာရှင် Mrs. Kyoko Yamamoto ကို ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ဂျပန်ဂီတပညာရှင် များအဖွဲ့ကို လည်းကောင်း၊ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုင်ငံတော်သံစုံ တီးဝိုင်းအဖွဲ့ကို လည်းကောင်း ဂုဏ်ပြု ပန်းစည်းနှင့် ပန်းခြင်းများ ပေးအပ် သည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်များသည် ဖျော်ဖြေတင်ဆက် သွားကြသည့် ဂီတပညာရှင်များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
"Myanmar National Sym- phony Orchestra Concert 2020" ဖျော်ဖြေပွဲကိုဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်မြို့ Novotel ဟိုတယ်၌ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ယခု ဖျော်ဖြေမှုသည် ဒုတိယကြိမ် ပူးပေါင်း ဖျော်ဖြေတင်ဆက်မှုဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment