Wednesday, February 19, 2020

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ




Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁၈


 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျာမန်လွှတ်တော်မှ အာဆီယံ ပါလီမန်များ၏ဥက္ကဋ္ဌ Mrs. Renate Kunast နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ရေးနှင့် ဆက်လက်ကူညီပေးရေး၊ ဥပဒေပြုရေးဆိုင်ရာကိစ္စနှင့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များအပြင် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသမီးများပိုမိုပါဝင် နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အဖွဲ့ဝင် ဒေါက်တာဦးကြွယ်ကြွယ်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment