Thursday, February 27, 2020

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ EUROCHAN MYANMAR, Garment Advocacy Group မှMr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ILO မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့အား သီးခြားစီလက်ခံတွေ့ဆုံ



Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ယနေ့တွင် EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့(ILO)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines တို့အား နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင် သီးခြားစီလက်ခံ တွေ့ဆုံ သည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အထည်ချုပ်လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်ရာတွင် ဥရောပ သမဂ္ဂမှ ထောက်ပံ့ကူညီပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွား နေသည့်အတွက် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ကြမ်းပစ္စည်း ပြတ်လပ်၍ စက်ရုံများ ပိတ်သိမ်း ရမည့် အခြေအနေများမှ ကာကွယ် နိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အခြားဆက်စပ် ဝန်ကြီးဌာနများ၊ အထည်ချုပ် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ မြန်မာ နိုင်ငံရှိ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ နိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေနှင့် မြန်မာနိုင်ငံရှိ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်၍ EUROCHAN MYANMAR ၏ အကြံဉာဏ်များ ရယူကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
Project ၁၄ ခုရှိ
အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့(ILO)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့် တွေ့ဆုံစဉ် လူမှုဖူလုံရေးအဖွဲ့ ၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ပြုပြင်ပြောင်းလဲ ခြင်း (IT Reform) အား ILO- Korea Project ဖြင့် လည်းကောင်း၊ ကျန်းမာ ရေး ဝန်ဆောင်မှုပေးသည့်ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Medical Reform) အား ILO- Luxembourg Project ဖြင့် လည်းကောင်း၊ စီမံ ခန့်ခွဲမှုကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း အား ILO- Vision Zero Fund Project ဖြင့် လည်းကောင်း၊ ဥပဒေ ရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲ ခြင်း (Legal Reform) အား ILO- Labour Law Reform Project ဖြင့်လည်းကောင်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပြီး ILO ဘက်မှ Master Plan တစ်ခု ရေးဆွဲ ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာ နိုင်ငံတွင် ILO အနေဖြင့် Project ၁၄ ခုနှင့် ဝန်ထမ်းအင်အား ၈၀ ကျော် ခန့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဆက်ဆံရေးရုံးအနေဖြင့် သက်တမ်း ကြာမြင့်လာပြီ ဖြစ်သည့်အတွက် Regular Office ဖွင့်လှစ်နိုင်ရေး၊ National Complaints Mechanism-NCM အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရား ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရာတွင် ILO ၏ ပြဋ္ဌာန်းချက် များနှင့်အညီ ရှေ့ဆက်လက် အောင်မြင်အောင် ဆောင်ရွက်သွား မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment