နေပြည်တော် ဖေဖော်ဝါရီ ၄
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF)ထံမှ ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြ ခြင်းနှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ လုပ်ငန်း ဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန်က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ နှင့်အညီ အဆိုတင်သွင်းဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အပိုဒ်၊ အပိုဒ်ခွဲအလိုက် ပြည့်စုံစွာဖော်ပြပြီး ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ ထားသော လယ်ယာမြေဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရာတွင် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေ ကြမ်း၏ အပိုဒ် ၆ ၊ အပိုဒ် ၈ အပိုဒ်ခွဲ(ခ)၊ အပိုဒ်ခွဲ(ဃ)၊ အပိုဒ် ၁၃ အပိုဒ်ခွဲ(ဈ)၊ အပိုဒ်ခွဲ (ည)၊ အပိုဒ် ၁၅၊ အပိုဒ် ၁၆၊ အပိုဒ် ၁၉ နှင့် အပိုဒ် ၂၃တို့ကို နိုင်ငံတော်သမ္မတ၏သဘောထားမှတ်ချက်အတိုင်းလည်းကောင်း၊ ဥပဒေကြမ်း၏ အပိုဒ် ၇၊ အပိုဒ်၂၅ နှင့် အပိုဒ်၂၇တို့ကို နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်၍လည်းကောင်း အတည်ပြုပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါ ကြောင်း။
သို့ပါ၍ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့သော လယ်ယာမြေဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြ အပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတ၏သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ နှင့်အညီ အဆိုတင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အပိုဒ်၊ အပိုဒ်ခွဲအလိုက် ပြည့်စုံစွာဖော်ပြပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က စီမံကိန်း၏အမည်သည် သဘာဝ ဓာတ်ငွေ့ ပို့လွှတ်ဖြန့်ဖြူးခြင်းစွမ်းရည် ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်ပါကြောင်း၊ စီမံကိန်း ၏ တည်နေရာသည် မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အနောက် ခြမ်းတွင် ဖြစ်ပါကြောင်း၊ စီမံကိန်း၏ စုစုပေါင်းကုန်ကျစရိတ်အားဖြင့် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၂၉ ဒသမ ၅ သန်းခန့် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်း ကုန်ကျစရိတ်များအနက်မှ EDCF ထံမှ ချေးယူမည့်ချေးငွေသည် အမေရိကန် ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်းခန့်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အဆိုပါစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၆၈ သန်းနှင့်ညီမျှသော မြန်မာကျပ်ငွေ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

EDCF ထံမှ ချေးငွေနှင့်ပတ်သက်သည့် အတိုးနှုန်းသည် တစ်နှစ်လျှင် သုည ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်
EDCF ထံမှ ချေးငွေနှင့်ပတ်သက်သည့် အတိုးနှုန်းသည် တစ်နှစ်လျှင် သုည ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလမှာ ၁၅ နှစ်ဖြစ်ပြီး ချေးငွေပြန်ဆပ် ရမည့်ကာလသည် ဆိုင်းငံ့ကာလကျော်လွန်ပြီးနောက် နောက်ထပ်၂၅ နှစ် အညီ အမျှခွဲ၍ ပြန်ဆပ်ရမည်ဖြစ်ပါကြောင်း၊ စီမံကိန်းကာလသည် ချေးငွေစာချုပ်ကိုချုပ်ဆိုပြီးသည့်နေ့မှစ၍ ၄၈ လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အဆိုပါစီမံကိန်းကို တာဝန်ခံဆောင်ရွက်မည့်ဌာနသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင်ရှိသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းဖြစ်ပါကြောင်း၊ စီမံကိန်းကို ဆောင်ရွက်နိုင်ခြင်းအားဖြင့် အနာဂတ်တွင် မြန်မာနိုင်ငံ၏ အထက်ပိုင်းနှင့် အောက်ပိုင်းတွင်ရှိသည့် သဘာ၀ဓာတ်ငွေ့ပိုက် လိုင်းများကို ချိတ်ဆက်ပေးလာနိုင်မည့် ပင်မကျောရိုးပိုက်လိုင်းကွန်ရက်ကြီး ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား
လောင်စာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ရွှေတောင်ဓာတ်အားပေးစက်ရုံ၊ မြန်အောင်ဓာတ် အားပေးစက်ရုံနှင့် ကျော်စွာဓာတ်မြေဩဇာ စက်ရုံများအတွက် လိုအပ်သည့် ဓာတ်ငွေ့များကို ထောက်ပံ့ပေးနိုင်မည့်အပြင် အခြားသော လုပ်ငန်းများသို့လည်း လောင်စာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခု ချေးငွေစီမံကိန်းသည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၈ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာဖွံ့ဖြိုးမှု အကူအညီဆိုင်ရာမူဝါဒများနှင့်လည်း ကိုက်ညီ မှုရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၂၀၁၈ - ၂၀၃၀ ၏ မဟာဗျူဟာ ၅ ဒသမ ၄၊ ၅ ဒသမ ၅ တို့ပါ Action Plan များနှင့်လည်း ကိုက်ညီမှုရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် EDCF ထံမှချေးငွေ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါချေးငွေနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ) လုပ်ငန်း ဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ၆ လတာကာလ
လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထင်လင်းဦးက အရှေ့တောင်အာရှနှင့်နိုင်ငံတချို့၏ အဆင့်မြင့်ပညာကဏ္ဍတွင် ဘာသာရပ်အလိုက် ဘွဲ့ရဦးရေရာခိုင်နှုန်းပြဇယားကို ကော်မရှင်၏အစီရင်ခံစာ တွင် တင်ပြထားပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံ သည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးကဏ္ဍမှ ဘွဲ့ရရှိသူဦးရေသည် သုည ဒသမ၅ ရာခိုင်နှုန်းသာရှိနေပြီး အခြားနိုင်ငံများထက် များစွာနည်းပါးနေသည်ကို တွေ့ရှိ ရပါကြောင်း၊ ထို့ကြောင့် ကော်မရှင်ကအကြုံပြုတင်ပြထားသည့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးအကြုံပြုချက်ကို အထူးအလေး ထားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပညာရေး၊ ဆောက်လုပ်ရေး၊ လူမှုစီးပွားနှင့် ဥပဒေဆိုင်ရာ ဘာသာရပ်များမှ ဘွဲ့ရရှိနှုန်းသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးလွန်းနေသည့်အတွက် နိုင်ငံတော်၏ မူဝါဒများ၊ စီမံကိန်းများနှင့် လိုက်လျောညီထွေဖြစ်အောင် မွေးထုတ်ပေးနိုင်ရန်လိုအပ်ပါကြောင်း ဆွေးနွေး သည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းက ပုဂ္ဂလိက ပညာရေးကဏ္ဍ၌ အခြေခံပညာနှင့် အဆင့်မြင့်ပညာရပ်များကို ကျောင်းများဖွင့် လှစ်သင်ကြားပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ကျောင်းများ၏ အခန်း ကဏ္ဍနှင့်ပတ်သက်၍ ခိုင်မာသည့် ပုဂ္ဂလိကကျောင်းပညာရေး ဥပဒေတစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်နေပြီဟု အကြံပြုတင်ပြလိုပါကြောင်း၊ ဥပဒေတစ်ရပ်ပေါ်ပေါက်လာပြီဆိုပါက ယင်းဥပဒေ၏အောက်တွင် ကျောင်းများ အတွက်လည်း အကာအကွယ်ရသကဲ့သို့ ကျောင်းသား ကျောင်းသူများအတွက် လည်း အကာအကွယ်ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ ပညာရေး အဆင့်အတန်းကိုလည်း နိမ့်ကျမသွားစေရန် ထိန်းညှိဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့်နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြင့်သည်ထက်မြင့်တက်စေရန် ကော်မရှင်အနေဖြင့် ယခုထက်ပိုမိုကြိုးစား အားထုတ်ဆောင်ရွက်ပေးစေလိုပါ ကြောင်း အကြံပြုဆွေးနွေးသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအကျဆုံးသည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်သည့်အတွက်အခြေခံပညာ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သကဲ့သို့ အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက် ရန်လည်း လိုအပ်ပါကြောင်း၊ သို့သော် ခေတ်မီပညာရေးစနစ်ဖြစ်စေရေးနှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးတို့အတွက် များစွာကြိုးစားရန်လိုအပ်နေ သေးပါကြောင်း၊ ထို့ကြောင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အနေဖြင့် နိုင်ငံနှင့်သင့်လျော်သည့် ပညာရေးစနစ်ဖြစ်ပေါ်လာရန်နှင့် ပြောင်းလဲလိုက်သည့် KG+12 ပညာရေးစနစ်၏ လိုအပ်ချက်၊ အားနည်းချက်များကို မျက်ခြည်မပြတ် လေ့လာဆန်းစစ် အကြံပြုပေးရန် လိုအပ်ပါကြောင်း အကြံပြုဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းက သင်ရိုးသစ် ပြုစုရာတွင် သင်ရိုးရေးဆွဲရေးအဖွဲ့သည် အခြေခံအကျဆုံးဖြစ်သည့်အတွက် သင်ရိုးရေးဆွဲရေးအဖွဲ့များ၏ အနိမ့်ဆုံးရှိရမည့် ပညာအရည်အချင်းသတ်မှတ် ပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင် သည့် ဆရာ ဆရာမများဖြင့် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များ ရှိပါကြောင်း၊ အဆိုပါ အသင်းအဖွဲ့များက ထောက်ခံပေးသည့် ပုဂ္ဂိုလ်များကိုသာ သင်ရိုးရေးဆွဲ ရေးအဖွဲ့တွင် ခန့်အပ်သင့်ပါကြောင်း၊ အဆိုပါအဖွဲ့မှရေးဆွဲထားသည့် သင်ရိုး အသစ်များကို မြေပြင်အခြေအနေ၊ ခေတ်ကာလနှင့် လျော်ညီမှု ရှိ၊ မရှိ ဆန်းစစ် ခြင်းကိုပါ တစ်ပါတည်းဆောင်ရွက်ရန် တာဝန်ပေးသင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။
အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးကျော်နိုင်၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၊ သံဖြူဇရပ်မဲဆန္ဒ နယ်မှ ဦးဉာဏ်ဟိန်း၊ မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာမောင်မောင်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုနှင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)
No comments:
Post a Comment