ဆိုးလ် ဖေဖော်ဝါရီ ၄
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ရောက်ရှိနေသည့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး- ၂၀၂၀ (Peace, Security and Human Development World Summit 2020) ; Assembly and International Summit Council for Peace မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားပြီး Dr. Hak Ja Han Moon ၏ အတ္ထုပ္ပတ္တိမိတ်ဆက်ခြင်းနှင့် Mother Foundation ဖွင့်လှစ်ခြင်းအထိမ်းအမှတ် ညစာ စားပွဲသို့ တက်ရောက်သည်။
ကြိုဆို
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒေသ စံတော်ချိန် နံနက် ၈ နာရီခွဲတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး- ၂၀၂၀ (Peace, Security and Human Development World Summit 2020); Assembly and International Summit Council for Peace မျက်နှာစုံညီအစည်းအဝေး ကျင်းပမည့် Kintex Center သို့ရောက်ရှိရာ Peace, Security and Human Development World Summit 2020 ၏ အထွေထွေအတွင်းရေးမှူး Dr. Young Ho Yun နှင့်တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ
ကမ္ဘာ့ထိပ်သီးအစည်းအဝေး- ၂၀၂၀ (Peace, Security and Human Development World Summit 2020); Assembly and International Summit Council for Peace မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်လာကြသည့် Universal Peace Federation–(UPF) Founder ၊ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ နိုင်ငံခေါင်းဆောင် ဟောင်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။

မိန့်ခွန်းပြောကြား
ယင်းနောက် မျက်နှာစုံညီအစည်း အဝေးကို ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် မစ္စတာဟွန်ဆန်၊ ဖိလစ်ပိုင်နိုင်ငံဒုတိယသမ္မတ Mrs. Maria Leonor Robredo ၊ နိုင်ဂျာ နိုင်ငံဝန်ကြီးချုပ် Mr. Brigi Rayini ၊ ကိုရီးယားသမ္မတနိုင်ငံ လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Lee Joo Young ၊ UPF Founder Dr. Hak Ja Han Moon ၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းနှင့် ကမ္ဘာ့နိုင်ငံများမှ နိုင်ငံ ခေါင်းဆောင်ဟောင်းများက မိန့်ခွန်း များ ပြောကြားကြသည်။
ဒုတိယသမ္မတ ဦးဟန်နီရီဗန်ထီးယူ က မိန့်ခွန်းပြောကြားရာတွင် ယခု ထိပ်သီးအစည်းအဝေးကြီးသည် ကမ္ဘာ တစ်ဝန်းငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကို မြှင့်တင်နိုင်ရန်နှင့် ကမ္ဘာလူသား အားလုံးအတွက် ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို မြှင့်တင်နိုင်ရန်အမြင် ချင်းဖလှယ်နိုင်သည့် အခွင့်အလမ်း ကောင်းများရရှိနိုင်မည် ဖြစ်ပါ ကြောင်း။
တည်ငြိမ်အေးချမ်းသော သာယာ ဝပြောတိုးတက်သော ကမ္ဘာကြီးကို တည်ဆောက်နိုင်ရန် ငြိမ်းချမ်းရေး သည် မရှိမဖြစ်လိုအပ်သဖြင့် ဆွေးနွေး ခြင်း၊ ညှိနှိုင်းခြင်းတို့ဖြင့် အပြန်အလှန် ယုံကြည်နားလည်မှုနှင့် သည်းခံနိုင်မှု တို့ကို တည်ဆောက်ရန်လိုအပ်ပါ ကြောင်း။

မိမိတို့နေထိုင်သောကမ္ဘာကြီးသည် သဘာဝတရားနှင့် လူ့ပယောဂများ ကြောင့် စိန်ခေါ်မှုများနှင့် မသေချာ မရေရာမှုများကို ရင်ဆိုင်ကြုံတွေ့နေ ရပါကြောင်း၊ ယင်းတို့သည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်လူသားတို့၏ ဖွံ့ဖြိုး တိုးတက်မှုကိုသာမက လူသားတို့၏ တည်ရှိမှုကိုပါ ခြိမ်းခြောက်လာ သဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကြိုးပမ်း တည်ဆောက်မှုများအပေါ် ဆိုးကျိုး များ သက်ရောက်လာစေပါကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် အကြမ်း ဖက်မှုတို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်း ရာတွင် တစ်နိုင်ငံတည်းကသာ လုပ်ဆောင်၍မရသဖြင့် ကမ္ဘာ့နိုင်ငံ များ ပူးပေါင်းရင်ဆိုင်ဖြေရှင်းကြရမည် ဖြစ်ပါကြောင်း။
လူသားများ၏လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် ငြိမ်းချမ်းရေး သည် အရေးကြီးသဖြင့် ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို မြှင့်တင်ခြင်းဖြင့် လူ့ အဖွဲ့အစည်းအတွင်း အကြမ်းဖက်မှု များနှင့် ပဋိပက္ခများကိုကာကွယ်ရာ ရောက်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
မိမိတို့ အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း နှင့် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ ပြည့်စုံစေရန် အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။
လူငယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အရင်းအမြစ်အဖြစ် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လူငယ်များအကြား အဆင့် တိုင်း၌ အရည်အသွေးမြင့်မားသော ပညာရေးကို တန်းတူညီမျှရရှိပိုင်ခွင့် ရှိစေရန် အစိုးရ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မိဘများအနေ ဖြင့် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက် ရန် လိုအပ်ပါကြောင်း။
လူမှုဘဝများကို မြှင့်တင်
လူသားများ ဖွံ့ဖြိုးမှုရရှိစေရေး၏ အဓိကရည်ရွယ်ချက်သည် ပြည်သူ များ၏ လွတ်လပ်ခွင့်နှင့်လူမှုဘဝ များကို မြှင့်တင်ပေးရန်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို မြှင့်တင် ရာတွင် မြန်မာနိုင်ငံ၏အတွေ့အကြုံ ကို အကျဉ်းချုံးမျှဝေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်ကြပြီး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ရှည်လျားသောသမိုင်းကြောင်း ရှိခဲ့ပါ ကြောင်း။
မိမိတို့အစိုးရတာဝန်ယူပြီး မကြာမီ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးရရှိရန် ဦးစားပေးလုပ်ငန်းစဉ် အဖြစ် သတ်မှတ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၈) ဖွဲ့ နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို သတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
အတူတကွ ကြိုးပမ်း
ငြိမ်းချမ်းရေးအစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၃)ကြိမ် ကျင်းပ နိုင်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် အခြေခံမူ (၅၁) ချက်ကို သဘောတူညီချက်ရခဲ့ပြီး ဖြစ်ပါ ကြောင်း၊ စိန်ခေါ်မှုများစွာရှိနေသေးသော်လည်း ပြည်တွင်းပဋိပက္ခဖြေရှင်း ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲ ယဉ်ကျေးမှုကို ပြည်သူများက နည်းလမ်းတစ်ခုအဖြစ် လက်ခံလာခဲ့ ကြပါကြောင်း၊ ခိုင်မာသည့်ငြိမ်းချမ်း ရေးသည်သာ မြန်မာနိုင်ငံ၏အားလုံး ပါဝင်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်မှုအတွက်မရှိမဖြစ် လိုအပ် ချက်ဖြစ်သည်ဟု မိမိတို့အခိုင်အမာယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်လူသားများ ဖွံ့ဖြိုး တိုးတက်မှုတို့သည် ကမ္ဘာ့လူသား များ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် အတွက် ပြည်သူလူထု၊ အစိုးရများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းများအနေဖြင့် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့အပြုသဘော ဆောင် ကူညီရင်းအတူတကွ ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့်ငြိမ်းချမ်း ရေး၊ လုံခြုံရေးနှင့်လူသားတိုးတက်မှု ဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး- ၂၀၂၀ (Peace, Security and Human Development World Summit 2020) ၏ အထွေထွေအတွင်း ရေးမှူး Dr. Young Ho Yun တို့သည် မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်အတွင်း အာရှ- ပစိဖိတ် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရန် မြန်မာအစိုးရနှင့် UPF တို့အကြား Letter of Intent ကို လက်မှတ်ရေးထိုးကြသည်။
အလားတူ အာဖရိကနိုင်ငံများ ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရန် နိုင်ဂျာနိုင်ငံဝန်ကြီးချုပ်၊ အာဖရိက သမဂ္ဂကိုယ်စားလှယ်နှင့် UPF အတွင်း ရေးမှူးတို့က Letter of Intent ကို လက်မှတ်ရေးထိုးကြသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန့်စင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး - ၂၀၂၀ (Peace, Security and Human Development World Summit 2020); Assembly and International Summit Council for Peace မျက်နှာစုံညီအစည်း အဝေးကို ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံပေါင်း ၁၇၁ နိုင်ငံမှ နိုင်ငံ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီး အကဲများနှင့် နိုင်ငံခေါင်းဆောင် ဟောင်း ၂၅ ဦးအပါအဝင် ကိုယ်စား လှယ် စုစုပေါင်း ၆၀၀၀ ခန့် တက် ရောက်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် World Summit 2020 အထိမ်းအမှတ် နေ့လယ်စာစားပွဲသို့ တက်ရောက် သည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် UPF တည်ထောင်သူ Dr. Hakja Han Moon ၏ အတ္ထုပ္ပတ္တိမိတ်ဆက်ခြင်းနှင့် Mother Foundation စတင် တည်ထောင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် သည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် UPF တည်ထောင်သူ Dr. Hakja Han Moon ၏ အတ္ထုပ္ပတ္တိမိတ်ဆက်ခြင်းနှင့် Mother Foundation စတင် တည်ထောင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် သည်။
သတင်းစဉ်
No comments:
Post a Comment