Tuesday, February 25, 2020

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းစည်းဝေး




Image may contain: 6 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၄



အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ကတိ ဖြစ်မေးခွန်းများနှင့် စပ်လျဉ်း၍ မေးခွန်းရှင်များ၊ နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ကော်မတီရေးရာ ဆောင် အမှတ်(I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေကအဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးသို့ ကွင်းဆင်းစိစစ်ခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးသည်။
ထို့နောက် မေးခွန်းရှင်များ၊ ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းလေ့လာစိစစ်တွေ့ရှိချက်များကို တင်ပြခဲ့ပြီး နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများ၏ ပြန်လည်ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ သတင်းစဉ်

No comments:

Post a Comment