Wednesday, February 26, 2020

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အား လက်ခံတွေ့ဆုံ




Image may contain: 1 person, sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၅


 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organiz-ation-ILO) ၏ ဒုတိယညွှန်ကြား ရေးမှူးချုပ် Mr.Greg Vines အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိုင်အယ်လ်အိုအကြား ပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ၏အလုပ် သမားဥပဒေ ပြုပြင်ပြောင်းလဲမှုများ နှင့် Myanmar Decent Work Country Programme (DWCP) ကို အကောင်အထည်ဖော် ဆောင်ရွက်မှု တို့တွင် ILO အနေဖြင့် ပံ့ပိုးကူညီမှု များနှင့်စပ်လျဉ်း၍ လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။ သတင်းစဉ်

No comments:

Post a Comment