ရန်ကုန် ဖေဖော်ဝါရီ ၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည် ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက် ကျိုက်ခေါက်ဘုရားလမ်းရှိ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှု ဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် သန်လျင်လူငယ်သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြိုဆိုနှုတ်ဆက်
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် သင်တန်းကျောင်းရှိ လူငယ်လေးများ က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သန်လျင် လူငယ်သင်တန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး သင်တန်းကျောင်း ရှိ လူငယ်လေးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် သန်လျင်လူငယ် သင်တန်းကျောင်းဝင်း အတွင်းရှိ ရှင်းလင်းဆောင်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သန်လျင် လူငယ်သင်တန်းကျောင်း၏ အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်ချက်များကို သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့နောက် သန်လျင်လူငယ် သင်တန်းကျောင်းဝင်း အတွင်းရှိ ရှင်းလင်းဆောင်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သန်လျင် လူငယ်သင်တန်းကျောင်း၏ အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်ချက်များကို သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သန်လျင် လူငယ်သင်တန်းကျောင်းရှိ လူငယ် များနှင့်တွေ့ဆုံရာ၌ ဆုံးမဩဝါဒ စကားပြောကြားရာတွင် ယခု သင်တန်းကျောင်း ဘယ်လိုအခြေ အနေရှိသလဲ၊ ဘယ်လို လိုအပ်ချက် တွေရှိသလဲ၊ ဘယ်လို ပိုပြီးကောင်း အောင် လုပ်ပေးလို့ရမလဲဆိုတာနဲ့ ကလေးတွေ ဒီမှာထားတဲ့ ရည်ရွယ် ချက် ဘယ်လောက်အထိ အောင်မြင် နိုင်သလဲဆိုတာ လာကြည့်တာဖြစ်ပါ တယ်။
အဲဒီလို အောင်မြင်ဖို့ဆိုတာ ကလေး တွေကိုယ်တိုင်ကလည်း ကြိုးစား ဆောင်ရွက်မှဖြစ်မယ်။ ဂေဟာက ဆရာ ဆရာမတွေ လုပ်ပေးရုံနဲ့လည်း မရဘူး။ ကိုယ်တိုင်လည်း ကြိုးစားရမယ်။ ဒီမှာ ရောက်လာတယ်ဆိုတာ အကြောင်း အမျိုးမျိုးကြောင့် ရောက်လာတာ။ အကြောင်းအမျိုးမျိုးကြောင့် ရောက် လာတဲ့အခါ အရေးကြီးတာက နောင်ကို ထပ်ပြန်မလာရအောင် ကိုယ့်ကိုယ် ကိုယ် ကြိုးစားရမယ်။ ကိုယ့်ကိုယ် ကိုယ်စောင့်ရှောက်ရမယ်။ တိုးတက်မှု ရှိအောင်လုပ်ရမယ်။ ပထမဦးဆုံးအနေ နဲ့ လုပ်ချင်တဲ့စိတ်လည်း ရှိရမယ်။ ကလေးတွေအားလုံး ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ အထူးသဖြင့် နောက်တစ်ခါမဖြစ်အောင် ကိုယ့်ဘဝ မှာ ကိုယ်ဘယ်လိုနေမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားရမယ်။ ဂေဟာက ဆရာ ဆရာမတွေက တတ်နိုင်သလောက် ကူညီမှာပဲ။ လူက လည်း သိပ်များတယ်။ ၁၅၀ ကျော် ရည်မှန်းပြီး တည်ထောင်ခဲ့တာ အခု လူက ၄၀၀ ကျော်ဖြစ်နေတယ်။ ၄၀၀ ကျော်ဖြစ်နေတော့ ကိုယ်ကိုယ်တိုင် ဝင်ပြီးကူညီရမယ်။ ဒီလိုဂေဟာတွေမှာ အုပ်ချုပ်တယ်ဆိုတာက လူငယ်တွေကို ဒဏ်ပေးဖို့မဟုတ်ဘူး။ လူငယ်တွေကို ကူညီဖို့။ အများက ဒီလိုဂေဟာတွေ ဖွင့်တယ်ဆိုတာ ဒဏ်ပေးတယ်လို့ စိတ်ထဲမှာရှိကြတယ်။ အဲဒီလို ဒဏ်ပေး တယ်ဆိုတာ စိတ်ထဲမှာ မထားပါနဲ့။ ငါတို့ကို ပြုပြင်ပေးဖို့ ငါတို့အတွက် ကြိုးစားပေးတာပဲလို့ အဲဒီလို လက်ခံ ပါ။
ယုံကြည်မှုရှိရမယ်
ဒီကို ကိုယ်ရောက်နေတဲ့အချိန်မှာ ကိုယ်ရောက်နေတဲ့ အခြေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ် အောင်လုပ်ပါ။ နောက်ဆုံးကျတော့ ကိုယ့်ကို အကူအညီပေးနိုင်တဲ့သူက ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်။ တခြားသူ က ဘယ်လောက် ကြိုးစားကြိုးစား ကိုယ်ကိုယ်တိုင်လောက် မကူညီနိုင် ဘူး။ ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဖြစ်စေချင်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် ကူညီချင်တဲ့စိတ် ယုံကြည်မှုရှိရမယ်။ ဒါကိုလုပ်နိုင်တယ်ဆိုတာ ယုံကြည်မှု ရှိရမယ်။ အဲဒါတော့ သတိထားကြပါ။ ကြိုးစားကြပါ။ လူတိုင်းလူတိုင်းဟာ တကယ်ပဲ လုပ်ချင်တယ်ဆိုရင် လုပ်နိုင် ပါတယ်။ တကယ်ဆန္ဒရှိတယ်ဆိုရင် မလုပ်နိုင်စရာအကြောင်း မရှိဘူး။ ကြိုးတော့ကြိုးစားရပါမယ်။ လွယ်လွယ် နဲ့တော့ ရမှာမဟုတ်ပါဘူး။ ကိုယ် ဘာလုပ်ချင်သလဲဆိုတာ လုပ်နိုင် အောင် ကြိုးစားရမယ်။ ကိုယ်တစ်ခုခု လုပ်ချင်ပြီဆိုရင် ကိုယ့်ဘ၀မှာ လုပ်ချင် တဲ့ကိစ္စ အောင်မြင်တဲ့ နည်းအမျိုးမျိုးနဲ့ လျှောက်လှမ်းပြီး အချိန်ယူရမယ်။ အဲဒါကြောင့် ကြိုးစားကြပါ။ ဒီမှာ ရောက်နေတဲ့ ကလေးတွေ၊ ကျွန်မတို့ရဲ့ ကလေးတွေဟာ ကိုယ့်ဘဝကို ကိုယ်တိုင် ပြုပြင်လို့ရတယ်ဆိုတာ ယုံကြည်ချက်ရှိဖို့တော့လိုတယ်။
ကလေး တော်တော်များများက မူးယစ်ဆေးဝါးမှုတွေနဲ့ ရောက်လာ တယ်လို့ နားလည်ပါတယ်။ မူးယစ် ဆေးဝါးဆိုတာ ကစားစရာကိစ္စလည်း မဟုတ်ဘူး။ စမ်းစရာကိစ္စလည်း မဟုတ် ဘူး။ တချို့တွေက မူးယစ်ဆေးဝါးကို မိတ်ဆွေတွေက လုပ်နေလို့ ကိုယ် လည်း ဘယ်လိုနေသလဲဆိုတာ စမ်းကြည့်တဲ့သဘောမျိုး၊ ဒါ့အပြင် တစ်ယောက်ယောက်က မြှူဆွယ်လို့၊ စိတ်ပါဝင်စားပြီး စမ်းကြည့်ချင်လို့။ အဲဒီလို စမ်းလိုက်တဲ့အခါ စွဲသွားတယ်။ စွဲသွားတဲ့အခါ ဆိုးကျိုးတွေက အများ ကြီးရှိတယ်။ ကိုယ်ဖြတ်ချင်ရင် ကိုယ့် ဘာသာကိုစပြီး ကြိုးစားရမယ်။ မူးယစ်ဆေးဝါးကို အားကိုးတယ်ဆို တာ စဉ်းစားကြည့်ရင် ကိုယ့်ကိုယ် ကိုယ် အားမကိုးဘူး။ ပြင်ပအရာတစ်ခု ကို အားကိုးနေသလိုပဲ။ ပြင်ပက ကိစ္စ တစ်ခုကို အားကိုးပြီးမှ ဒီဆေးလေး သောက်လိုက်မှ ငါစိတ်ချမ်းသာမယ်လို့ ထင်နေတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးပါ။ ငါ့ကိုငါ တစ်ခုခုဖြစ်မြောက် အောင် လုပ်မယ်ဆိုတဲ့ အဲဒီမာနက တော့ ရှိရမယ်၊ အဲဒီယုံကြည်ချက်လည်း ရှိရမယ်။ စဉ်းစားစရာဘာမှမဟုတ်ပါ ဘူးဆိုပြီး ပစ်တော့မထားပါနဲ့။
ကလေး တော်တော်များများက မူးယစ်ဆေးဝါးမှုတွေနဲ့ ရောက်လာ တယ်လို့ နားလည်ပါတယ်။ မူးယစ် ဆေးဝါးဆိုတာ ကစားစရာကိစ္စလည်း မဟုတ်ဘူး။ စမ်းစရာကိစ္စလည်း မဟုတ် ဘူး။ တချို့တွေက မူးယစ်ဆေးဝါးကို မိတ်ဆွေတွေက လုပ်နေလို့ ကိုယ် လည်း ဘယ်လိုနေသလဲဆိုတာ စမ်းကြည့်တဲ့သဘောမျိုး၊ ဒါ့အပြင် တစ်ယောက်ယောက်က မြှူဆွယ်လို့၊ စိတ်ပါဝင်စားပြီး စမ်းကြည့်ချင်လို့။ အဲဒီလို စမ်းလိုက်တဲ့အခါ စွဲသွားတယ်။ စွဲသွားတဲ့အခါ ဆိုးကျိုးတွေက အများ ကြီးရှိတယ်။ ကိုယ်ဖြတ်ချင်ရင် ကိုယ့် ဘာသာကိုစပြီး ကြိုးစားရမယ်။ မူးယစ်ဆေးဝါးကို အားကိုးတယ်ဆို တာ စဉ်းစားကြည့်ရင် ကိုယ့်ကိုယ် ကိုယ် အားမကိုးဘူး။ ပြင်ပအရာတစ်ခု ကို အားကိုးနေသလိုပဲ။ ပြင်ပက ကိစ္စ တစ်ခုကို အားကိုးပြီးမှ ဒီဆေးလေး သောက်လိုက်မှ ငါစိတ်ချမ်းသာမယ်လို့ ထင်နေတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးပါ။ ငါ့ကိုငါ တစ်ခုခုဖြစ်မြောက် အောင် လုပ်မယ်ဆိုတဲ့ အဲဒီမာနက တော့ ရှိရမယ်၊ အဲဒီယုံကြည်ချက်လည်း ရှိရမယ်။ စဉ်းစားစရာဘာမှမဟုတ်ပါ ဘူးဆိုပြီး ပစ်တော့မထားပါနဲ့။
စိတ်ကြွဆေးပြားတွေဟာ ဘိန်းဖြူ လည်း မဟုတ်ဘူး။ နံပါတ်ဖိုးလည်း မဟုတ်ဘူး။ ဒါပေါ့ပေါ့ပဲ စဉ်းစားလို့မရ ဘူး။ ဆေးဘက်ဆိုင်ရာ သုတေသန တွေလုပ်တဲ့အခါ အထူးသဖြင့် အသက် အရွယ်ငယ်ငယ်နဲ့ စွဲသွားတဲ့လူငယ်များ ဟာ ဒီဆေးပြားကိုဖြတ်ပြီး ဆိုးကျိုး တွေက တော်တော်ခံရတယ်။ အခု ထက်ထိ ကုသနည်းလည်းမရှိဘူး။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် မနှိပ်စက် ပါနဲ့။ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆို တာ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်တာပဲ။ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရုံတင်မကဘူး၊ ပတ်ဝန်းကျင် နဲ့လည်း ပြဿနာဖြစ်သလို ပတ်ဝန်း ကျင်နဲ့လည်း ဆိုင်သွားတယ်။ ဒါကြောင့်မို့ ဒါကို ဂရုစိုက်စေချင် တယ်။
အခုပြင်မယ်ဆိုတဲ့ဆန္ဒ
မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုတွေက ဆက်လာတယ်။ မူးယစ်ဆေးဝါးအတွက် ပိုက်ဆံလိုတဲ့ အခါကျတော့ ခိုးမယ်၊ လုမယ်။ ဒီဟာ တွေကနေပြီးတော့ အကျိုးဆက်တွေ က ပြစ်ဒဏ်ကျတယ်။ ကိုယ့်ဘဝကို အများကြီးထိခိုက်တယ်။ ကိုယ့်ဘဝကို ပြန်ပြီးတော့ ပြင်ချင်တယ်ဆိုရင်၊ ပြန်ပြီးပြုပြင်မယ်ဆိုရင် အချိန်မရွေး ပြုပြင်လို့ရတယ်။ အခုဒီအချိန် ဒီအခါ မှာ တစ်စက္ကန့်လေးမှာ အခုပြင်မယ်ဆို တဲ့ ဆန္ဒနဲ့ စိတ်ကိုပိုင်းဖြတ်လိုက်မယ် ဆိုရင် လုပ်လို့ရတယ်။ ဒါနဲ့မစရင် ပြင်လို့မရဘူး။ နောက်တစ်ခုက ငါ ဘာလုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်ချပြီး မထိန်းနိုင်လို့ ကိုယ်ရည်ရွယ်တဲ့အတိုင်း မဖြစ်ဘူးဆိုရင်လည်း စိတ်ဓာတ်မကျ နဲ့။ နောက်တစ်ခေါက်ထပ်ပြီး ကြိုးစား ရမယ်။ ကြိုးစားနိုင်တဲ့အခွင့်အရေး တွေက ပြန်ပြီးပြန်ပြီးရတယ်။ ကိုယ် အသက်ရှင်နေသရွေ့ အခွင့်အရေး တွေက နေ့တိုင်း နေ့တိုင်းမဟုတ်ဘူး။ တစ်စက္ကန့်တိုင်း တစ်စက္ကန့်တိုင်း ပြန်ပြီးရတယ်။ တစ်ခါမအောင်မြင်လို့ စိတ်မလျှော့နဲ့။ တစ်ခါမအောင်မြင်ရင် နောက်တစ်ခါ အောင်မြင်အောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ စိတ်နဲ့လုပ်ရ မယ်။ အဲဒီလိုလုပ်မှ အောင်မြင်မှာ ဖြစ်ပါတယ်။
အင်အားတစ်ခုရှိ
ဘဝဆိုတာ ကြိုးစားရုန်းကန်ခြင်းပဲ။ ကြိုးစားရတာ၊ ရုန်းကန်ရတာကို ငြီးငွေ့ပါတယ်လို့ မထင်နဲ့။ ကြိုးစားမှု နဲ့ ရုန်းကန်ရင်းနဲ့ ကိုယ့်အရည်အချင်း တွေ ပိုတက်လာတယ်။ ကိုယ့်ပတ်ဝန်း ကျင်ကိုလည်း ကူညီနိုင်တယ်။ လူငယ် တွေမှာ ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရ တဲ့ အင်အားတစ်ခုရှိတယ်။ အဲဒါ ဘာလဲဆိုတော့ အချိန်ပဲ။ လူငယ်တွေ က အချိန်ရှိတယ်။ ဆယ်နှစ်၊ ဆယ့်ငါး နှစ်၊ ဆယ့်ခြောက်နှစ် ရှေ့မှာနေဖို့ အချိန်တွေ အများကြီးရှိသေးတယ်။ အသက်ကြီးလာရင် ဥပမာ အသက် ရှစ်ဆယ်၊ ကိုးဆယ်ဆိုရင် ရှေ့မှာ အချိန်က သိပ်မရှိတော့ဘူး။ ကိုယ် ဘာပဲလုပ်ချင်လုပ်ချင်၊ ဘာပဲပြုပြင်ချင် ပြုပြင်ချင် ပြုပြင်ဖို့အချိန်၊ လုပ်ဖို့အချိန် နည်းသွားပြီ။ လူငယ်တွေမှာတော့ အချိန်ဆိုတာ ကိုယ့်ရဲ့အင်အားပဲ။ ကိုယ့်ရဲ့ အဓိကအင်အားကို အလွဲ သုံးစားမလုပ်ပါနဲ့။ အချိန်ကို ကောင်းကောင်းသုံးပါ။ ကိုယ့်ဘ၀ ရပ်တည်နိုင်ဖို့အတွက် သုံးပါ။ ပထမ ကိုယ့်ဘဝမှာ ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်မှ ကိုယ့်ပတ်ဝန်းကျင်ကို လည်း ကူညီနိုင်မှာပါ။ တချို့ မိသားစုတွေအနေနဲ့ အချိန်ကလွယ်ကူ တာမဟုတ်ဘူး။ တစ်နေ့ တစ်ချိန်မှာ ကိုယ့်မိသားစုကို ကူညီချင်တယ်ဆိုတဲ့ စိတ်ဓာတ်မွေးဖို့ အရေးကြီးပါတယ်။ လူတွေဟာ လောကကြီးမှာ တစ်ယောက်တည်း မရပ်တည်နိုင်ဘူး။ ဘယ်သူမှ တစ်ယောက်တည်းနေလို့မရ ဘူး။ ကိုယ့်မှာ ပတ်ဝန်းကျင်လိုတယ်။ ကိုယ့်မှာ အသိုင်းအဝိုင်းလိုတယ်။ ကိုယ်တစ်ယောက်တည်း အတွက် စဉ်းစားလို့မရဘူး။ ဘေးကနေ ပံ့ပိုးပေး ရမယ်။ ကိုယ့်ဘက်က ဘာမှပြန်မပေး ဘူးဆိုရင် အဓိပ္ပာယ်မရှိဘူး။ ကလေး တွေကိုလည်း ကြိုးစားစေချင်တယ်။
လေ့ကျင့်ယူရမယ်
အခုဒီလာတဲ့အခါမှာ တချို့ကလေး တွေကို ဘာလိုအပ်ချက်ရှိသလဲလို့ မေးတော့ တချို့က ဘာမှမရှိပါဘူးလို့ ပြောတယ်။ လိုအပ်ချက်ဆိုတာ ရှိမှာ ပေါ့။ လိုအပ်ချက်တွေရှိတဲ့အခါမှာ ဆရာ ဆရာမတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်အောင်၊ ဆွေးနွေးနိုင် အောင်လို့လည်း ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ယူရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လိုအပ်ချက်၊ ကိုယ့်ရဲ့ တောင်းဆိုချက် တွေကလည်း ကျိုးကြောင်းဆီလျော် ရမယ်။ ကောင်းကျိုးရှိမယ့် လိုအပ်ချက် တွေ၊ တောင်းဆိုချက်တွေဖြစ်ရမယ်။ တချို့ဟာတွေက တောင်းတာကတော့ ရိုးရိုးပါ။ ရည်ရွယ်ချက်က ရိုးချင်မှ ရိုးမယ်။ အဲဒီလိုမလုပ်ပါနဲ့။ ဘာပဲ လုပ်လုပ် ဖြောင့်ဖြောင့်မတ်မတ် ရိုးရိုး သားသားလုပ်တာ အကောင်းဆုံးပါပဲ။ ဖြောင့်မတ်တဲ့၊ ရိုးသားတဲ့နည်းနဲ့ ရှေ့ကိုတက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့၊ ကိုယ်အောင်မြင်မှုရဖို့၊ တိုးတက်ဖို့ အဲဒါတော့ ကြိုးစားစေချင် တယ်။ စိတ်ဓာတ်မကျပါနဲ့။ လူငယ် တွေမှာ အချိန်ဆိုတဲ့ လက်နက်တစ်ခု ရှိတယ်။ ဒီလက်နက်ကို မှန်မှန် ကန်ကန်သုံးမှ ကိုယ့်အတွက် အရာ ရောက်မှာဖြစ်ပါတယ်။ ဒီအချိန်တွေကို မဖြုန်းပစ်လိုက်ပါနဲ့။
ဒီမှာရှိတဲ့အချိန်ကနည်းတယ်။ ၆ လကနေ တစ်နှစ်ခွဲ။ အကြာဆုံး ဒီမှာ ရှိတာက တစ်နှစ်ခွဲ။ တစ်နှစ်ခွဲဆိုတာ အချိန်သိပ်မများဘူး။ တစ်နှစ်ခွဲအတွင်း မှာဆိုရင် လူတစ်ယောက်ကို လုံး၀ ပြောင်းလဲသွားအောင် လုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ၆ လအောက် မှာဆိုရင် သာတောင်မှ ခက်ခဲတယ်။ ဒီလိုဂေဟာတွေရဲ့ အဓိကရည်ရွယ် ချက်ကတော့ ကလေးများ နောက်ထပ် ပြဿနာမဖြစ်အောင် စိတ်ပိုင်း ဆိုင်ရာကနေစပြီး ပြောင်းလဲပေးဖို့ပဲ။ ၆ လလောက်တောင်မှ မရှိတဲ့အချိန် ဆိုတာ ဆယ်ကျော်သက် လူငယ် တစ်ယောက်ရဲ့စိတ်ကို လုံးဝပြောင်းသွားအောင်လုပ်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမယ့် ကိုယ်က ကြိုးစားမယ်၊ ကိုယ်ကလည်း ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ဒီမှာ တိုးတက် မှုတော့ရှိနိုင်တယ်။ လုံးဝပြောင်းသွား တာမဟုတ်တောင်မှ၊ လုံးဝအောင်မြင် သွားအောင် မဟုတ်ရင်တောင်မှ တိုးတက်မှုတော့ရှိနိုင်တယ်။ အဲဒီတော့ တိုးတက်မှုရှိအောင်ကြိုးစားပါ။
ကလေးငယ်တွေ ကြည့်လိုက်၊ နေ့တိုင်း နေ့တိုင်း ထမင်းနည်းနည်း စားတယ်။ ဒီထမင်း သုံးနပ်စားရင်း စားရင်း တဖြည်းဖြည်း ကြီးထွားလာ တယ်။ ဒီအတိုင်းပဲ ကိုယ့်စိတ်ကိုပြုပြင် တာလည်း နေ့တိုင်းနေ့တိုင်း နည်းနည်း နည်းနည်း ပြုပြင်ခြင်းနဲ့ ကြီးကြီး မားမား ပြုပြင်မှုတွေ ရလာလိမ့်မယ်။ နေ့တိုင်းနေ့တိုင်း ကြိုးစားရမယ်။ ဒီတစ်နေ့လုပ်တာနဲ့ မပြီးသေးဘူး၊ နောက်တစ်နေ့ ပြန်မကြိုးစားနိုင်ဘူး ဆိုရင် တစ်နေ့ ထမင်းစားတာနဲ့ပြီးရော ဆိုပြီး နေနိုင်လို့လား။ နေမှမနေနိုင် တာပဲ။ ဒီလိုပဲ ကလေးတွေကြိုးစားပါ။
ဆရာ ဆရာမတွေကို ကူညီပါ။ ဒီက ဝန်ထမ်းတွေက နည်းပါတယ်။ ၁၆ ယောက်ရှိပါတယ်။ တကယ်တော့ ရှိရမှာက ၂၄ ယောက်။ ၂၄ ယောက်က လည်း လုံလောက်တာမဟုတ်ဘူး။ ထပ်ပြီးတော့ တတ်နိုင်သမျှ ဖြည့်ပေး မယ်။ ဒါမှ ပိုပြီးတော့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင် အောင်လို့ပါ။
ကူညီပေးဖို့လို
သို့သော်ငြားလည်း ကိုယ်ကိုယ်တိုင် ကလည်း ကူညီပေးဖို့လိုတယ်။ ကိုယ်ကိုယ်တိုင် ကူညီပေးခြင်းအားဖြင့် ကိုယ့်အတွက်လည်း အများကြီးကောင်း တယ်။ ကိုယ့်အရည်အချင်းတွေလည်း တက်လာမယ်။ ကိုယ့်ဂေဟာရဲ့ အလုပ် တွေ လည်း ပိုပြီးတော့ကောင်းလာမယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းရှိရမယ်။ တာဝန်ယူ ချင်တဲ့စိတ်ဓာတ်လည်း ရှိရမယ်။ ငါ့မှာ လည်းတာဝန်ရှိတယ်။ ငါ့အတွက် ငါလုပ်ဖို့လည်း တာဝန်ရှိတယ်။ ငါ့ ပတ်ဝန်းကျင်အတွက် ငါလုပ်ဖို့လည်း တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်စေချင်ပါတယ်။ ကလေးတွေ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ဆရာ ဆရာမတွေကို ပြောနိုင်အောင် လို့လည်း ကြိုးစားစေချင်တယ်။ ဒါက ဆရာ ဆရာမတွေကလည်း သဘော တူချင်မှတူမှာပါ။ ဒါပေမယ့် ဘယ်လိုပဲ ပြောပြော ဆွေးနွေးလို့ရတယ်။ ကျွန်တော်တို့က ဒါလိုချင်ပါတယ်။ ဆရာ ဆရာမတွေက ဘာကြောင့် ဘာ့ကြောင့် မပေးနိုင်ဘူးဆိုတာလည်း ရှင်းပြနိုင်ရမယ်။
အဲဒီတော့ တတ်နိုင်တဲ့ဘက်က လည်း ဖြည့်ဆည်းပေးမယ်။ နောက်ပြီး ဒီနေရာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဆွေးနွေး နေတာက ဒီမှာဆိုရင် ကလေးတွေ အတွက် အားကစားလုပ်ဖို့ နေရာမရှိ ဘူး။ အားကစားဆိုတာ ကိုယ်လက် လှုပ်ရှားခြင်းဆိုတာ ကိုယ့်ရဲ့စိတ် ကြည်လင်တယ်။ နောက်ပြီး ကျန်းမာ ရေးနဲ့လည်း ကိုက်ညီတယ်။ အဲဒါတွေ လုပ်နိုင်ဖို့အတွက်လည်း နေရာရှာနေ ပါတယ်။ ဒီလိုနေရာမှာဆိုရင်တော့ ဘောလုံးကန်ဖို့တောင် နေရာမရှိဘူး။ ဘောလုံးကန်ဖို့တောင် နေရာမရှိဘူးဆို တော့ ကလေးတွေအတွက် မလုံ လောက်ဘူးလို့ဘဲ ပြောရမှာပါ။ ဒါတွေ ကတော့ တစ်ဖက်ကနေပြီး ကြိုးစား ပေးမယ်။ တစ်ဖက်ကနေပြီး ဒီမှာ အခု ရှိနေတဲ့ ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ကို ကူညီဖို့၊ ကိုယ့်ဘဝအတွက် တာဝန်ယူနိုင်ဖို့ ကြိုးစားပါ။ လူတိုင်း လူတိုင်းဟာ ကိုယ့်ဘဝအတွက် တာဝန် ယူနိုင်ရမယ်။ ကိုယ်တာဝန်မယူလို့ ဘယ်သူက ယူပေးမှာလဲ။ အဲဒါကို ကလေးအငယ်လေးကစပြီး စဉ်းစား စေချင်တယ်။
ကိုယ့်ဘဝအတွက် ကိုယ်တာဝန်ယူ
ကိုယ့်ဘဝအတွက် ကိုယ်တာဝန်ယူ တယ်ဆိုတာ ကိုယ်ကျက်ရမယ့်စာကို ကျက်တာလည်း ကိုယ့်ဘဝအတွက် ကိုယ်တာဝန်ယူတာပဲ။ ကိုယ်စားရ မယ့်အစားကို စားရတာလည်း ကိုယ့် ဘဝအတွက် ကိုယ်တာဝန်ယူတာပဲ။ ကိုယ်လုပ်ရမယ့် ကိစ္စတွေကိုလုပ်တာ ကလည်း ကိုယ့်ဘဝအတွက် တာဝန် ယူတာပဲ။ အဲဒီတော့ ကိုယ့်ဘဝအတွက် တာဝန်ယူပါ။ ကိုယ့်ဘ၀အတွက် တာဝန်မယူရင် သူများက ကိုယ့်ရဲ့ဘဝ ကိုချုပ်ကိုင်ထားရင် မကောင်းတော့ ဘူး။ လူအများချုပ်ကိုင်ထားတဲ့ ဘဝ ဆိုတာ သာယာတဲ့ဘဝလည်း မဟုတ် ဘူး။ လွတ်လပ်တဲ့ ဘဝလည်းမဟုတ် ဘူး။ အဲဒါကိုသေသေချာချာ လေးလေး နက်နက် စဉ်းစားပါ။ ငါ့ဘ၀အတွက် ငါတာဝန်ယူမယ်။ ငါ့ဘဝကို ငါလိုချင် တဲ့ပုံစံဖြစ်အောင် ငါသွင်းမယ်ဆိုတဲ့ သတ္တိရှိရမယ်။ သတ္တိလိုတယ်။
အလုပ်တစ်ခု လုပ်ဖို့ဆိုတာ လုပ်မယ်ဆိုပြီးတော့ ပေါ့ပေါ့တန်တန် ပြောလို့မရဘူး။ ဒါကြောင့်မို့လို့ လူငယ် တွေနဲ့ ပြောတဲ့အခါ ကြုံတုန်း ဝီရိယ အကြောင်းပြောရတယ်။ ဝီရိယဆိုတာ ကိုယ့်အင်အားထုတ်ပြီး အလုပ်တစ်ခု ဖြစ်အောင် ကြိုးစားမှုပါ။ ဝီရိယဆိုတာ လေးဆင့်ရှိတယ်ဆိုတာ ခဏခဏ လူငယ်တွေကို သတိပေးရတယ်။ ပထမအဆင့်က ဘာလဲဆိုတော့ အလုပ် တစ်ခုကို လုပ်မယ်ဆိုပြီးတော့ စိတ်ထဲ မှာ ရည်ရွယ်လိုက်တာ။ ဒါက ရည်ရွယ်တာပဲ ရှိသေးတယ်။ မဖြစ် သေးဘူး။ ဒုတိယအဆင့်က ဒီအလုပ် ကို စပြီးလုပ်တာ။ ဒါပေမယ့် ဒီအလုပ် ကို စပြီးလုပ်ပေမယ့် ဘယ်လောက် အထိ လုပ်သလဲဆိုတာ တတိယအဆင့် မှာပေါ်မယ်။ အခက်အခဲနဲ့ ရင်ဆိုင်ရ တဲ့အခါကျရင်လည်း ဆက်ပြီးလုပ်တာ ဟာ တတိယအဆင့် ဝီရိယရှိတယ်လို့ ဆိုလိုတယ်။ ဒါပေမယ့် အဆင့် အမြင့်ဆုံးကဘာလဲဆိုတော့ ရှုံးနိမ့်မှု နဲ့ ရင်ဆိုင်ရရင်တောင်မှ ပြန်ပြီးစပြီး တော့လုပ်ရဲတဲ့သတ္တိ၊ ပြန်ပြီး စပြီးတော့ ထုတ်နိုင်တဲ့ အင်အား ဒါဟာ အမြင့်ဆုံး ဝီရိယပဲ။ ကိုယ့်ဘဝကို ဆောက်တည် တဲ့နေရာမှာတော့ ဝီရိယရှိပါ။ စပြီး တော့ တစ်ခုခုကို လုပ်မယ်ဆိုရင် ဆုံးဖြတ်လိုက်။ ဆုံးဖြတ်တဲ့အတိုင်း လုပ်။ အခက်အခဲတွေ တွေ့ရင်လည်း ကျော်လွှား။ ဒီအခက်အခဲတွေက ပိုပိုကြီးလာပြီးတော့ ခက်ခဲရုံတင်မက ဆုံးရှုံးမှုကြီးကို ဖြစ်ရင်လည်း စိတ်ဓာတ်မကျနဲ့ စတုန်းကတည်းက စလာတာပဲ။ အခုလည်း ပြန်ပြီးတော့ စမယ်ဆိုပြီး ပြန်ကြိုးစားချင်တဲ့ စိတ်ဓာတ်တွေမွေးပါ။
ထပ်ပြီးပြောမယ် ကိုယ့်တာဝန် ကိုယ်ယူပါ။ ကိုယ့်ဘဝဟာ လူအများ လက်ထဲမရောက်စေနဲ့။ သက်မဲ့ ပစ္စည်းတွေရဲ့ လွှမ်းမိုးမှုအောက်မှာ လည်း မရောက်သွားပါစေနဲ့။ အဲဒါ ဆိုရင် လူဖြစ်ရကျိုးမနပ်ဘူး။ လူဖြစ် ရကျိုးမနပ်ဘူးဆိုတာ လူဖြစ်ရပြီးမှ ကိုယ့်ဘဝအတွက် ကိုယ်တာဝန်မယူ နိုင်တာဟာ လူဖြစ်ရကျိုးမနပ်တာပဲ။ လူတိုင်း လူတိုင်းဟာ ကိုယ့်ဘ၀ အတွက် ကိုယ်တာဝန်ယူနိုင်တယ်။ အဲဒါကို လုပ်ချင်တဲ့စိတ်ရှိဖို့ပဲလိုတယ်။ စပြီးလုပ်ရဲတဲ့ သတ္တိရှိဖို့ပဲလိုတယ်။ ဘယ်လိုပဲ အခက်အခဲရှိရှိ ဆက်ပြီး တော့ လုပ်နိုင်တဲ့ ဝီရိယလည်းရှိဖို့ လိုတယ်။ အဲဒီတော့ ကလေးတွေ ကြိုးစားပါ။ လိုအပ်တာတွေရှိရင် တင်ပြ ပါ။ အကြံပြုဖို့ စာပုံးလေးတွေထားပြီး အဲဒီအထဲမှာ အကြံပြုချက်တွေကို စာရေးပြီး ထည့်လို့ရပါတယ်။ ဒါပေမယ့် အဲဒီလို အကြံပြုချက်တွေ လုပ်တယ်ဆိုရင် ကောင်းကောင်း မွန်မွန်လုပ်ပါ။ ယဉ်ယဉ်ကျေးကျေး လုပ်ပါ။ လူတိုင်းလူတိုင်းရဲ့တန်ဖိုးဟာ ကိုယ်ဘယ်လောက် ယဉ်ကျေးသလဲ၊ ကိုယ်ဘယ်လောက် သိမ်မွေ့သလဲ အပေါ်မှာ မူတည်တယ်။ တချို့ကတော့ ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်း လုပ်နိုင်တာကို ကိုယ့်ရဲ့ အင်အားလို့ ခေါ်ကြတယ်။ အဲဒါ အင်အားမဟုတ် ဘူး။ အဲဒါချို့ယွင်းချက်။ ဘာပဲ ပြောပြော ကိုယ်တောင်းဆိုစရာရှိရင် လည်း ယဉ်ယဉ်ကျေးကျေးတောင်းဆို။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်သိပါ။ ငါ တန်ဖိုးရှိတဲ့ သူ။ တန်ဖိုးရှိတဲ့သူပီပီ ပြောမယ်၊ ဆိုမယ်၊ နေမယ်၊ ထိုင်မယ် အဲဒီလိုစိတ်ထားစေချင်တယ်။
တန်ဖိုးရှိရှိနဲ့ သုံးစေချင်
လူတိုင်းလူတိုင်းက တန်ဖိုးရှိတယ်။ လူတစ်ယောက် ဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ တရားတော် တွေထဲမှာပါတယ်။ လူဖြစ်ဖို့ဆိုတာဟာ ဗြဟ္မာပြည်က အပ်တစ်ချောင်းက လူ့ပြည်ကို ကျလာပြီးတော့ လူ့ပြည်က အပ်တစ်ချောင်းနဲ့ ထိဖို့ဆိုတာမှ လွယ်သေးတယ်။ လူ့ဘဝကိုရဖို့ဆိုတာ ဒါထက်ပိုခက်တယ်။ ခက်ခက်ခဲခဲနဲ့ ရလာတဲ့ လူ့ဘဝကို တန်ဖိုးရှိရှိနဲ့ သုံးစေချင်တယ်။ အခု တစ်မနက် လာလိုက်တာနဲ့ ဂေဟာရဲ့အခက်အခဲ တွေကိုလည်း တော်တော်များများ သိရတယ်။ ဘာတွေက လိုအပ်ချက် တွေ ရှိနေသလဲဆိုတာလည်း သိရ တယ်။ တချို့တွေကတော့ ရေတိုအတွင်း မှာ ဖြေရှင်းပေးနိုင်တဲ့ကိစ္စတွေရှိ တယ်။ တချို့တွေကတော့ ရေတိုအတွင်း မှာ ဖြေရှင်းပေးလို့မရဘူး။ ရေရှည် အချိန်ယူရမယ်။ ဥပမာဆိုရင် ဒီဂေဟာကို နေရာပြောင်းဖို့ဆိုတာက တော့ ရေတိုအတွင်းမှာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဝန်ထမ်းတွေ တော်တော် များများရဖို့ဆိုတာက ရေတိုအတွင်း မှာဖြစ်အောင်လို့ လုပ်ပေးမယ်။ တခြား ကိစ္စတွေမှာလည်း ရေတိုအတွင်းမှာ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာကို ဖြည့်ဆည်း ပေးမယ်။ ရေရှည်အချိန်ယူရမယ့်ဟာ ကတော့ အချိန်ယူရမှာပဲ။ နောက်ဆုံး အနေနဲ့ ဒီကလေးတွေက စာကြိုးစား တယ်လို့ ပြောတယ်။ နောက်ပြီးတော့ ဖြစ်ဖြစ်မြောက်မြောက်ရှိတယ်ဆိုလို့ ဝမ်းသာတယ်။ ဂုဏ်ယူတယ်။ ဒီလိုပဲ ကြိုးစားရမယ်။ ကိုယ်ကြိုးစားမှပဲ ကိုယ့်ဘဝကို မြှင့်တင်ပေးနိုင်မှာဖြစ် တယ်။ ကလေးတွေရဲ့ကြိုးစားမှုတွေကို ဆက်ပြီးတော့ ကြိုးစားပါ။ ကိုယ့်ဘဝ ကို တစ်နေ့နေ့ တစ်ချိန်ချိန် ပိုပြီးတော့ ကောင်းလာအောင်လုပ်နိုင်တဲ့ ကလေး တွေဖြစ်ပါစေလို့ ဆုတောင်းမေတ္တာ ပို့ပါတယ်ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သန်လျင်လူငယ်သင်တန်း ကျောင်းသို့ ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးသစ္စာက လက်ခံ ရယူသည်။
အဆိုပါ သန်လျင်လူငယ်သင်တန်း ကျောင်းသည် လူမှုဝန်ထမ်းဦးစီးဌာန ၏ လုပ်ငန်းတစ်ရပ်ဖြစ်သော ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ရပ်တွင် ပါဝင်သည့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်လျက်ရှိသော သင်တန်းကျောင်းတစ်ခုဖြစ်သည်။
အဆိုပါ သန်လျင်လူငယ်သင်တန်း ကျောင်းသည် လူမှုဝန်ထမ်းဦးစီးဌာန ၏ လုပ်ငန်းတစ်ရပ်ဖြစ်သော ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ရပ်တွင် ပါဝင်သည့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်လျက်ရှိသော သင်တန်းကျောင်းတစ်ခုဖြစ်သည်။
ရန်ကုန်မြို့ပေါ်ရှိ လေလွင့်လူငယ် များကို ထိန်းသိမ်းစောင့်ရှောက် ပညာ ပေးလေ့ကျင့်မှုများ ဆောင်ရွက်ရန် ရည်ရွယ်ပြီး ဝိုင်အမ်စီအေ လူငယ်ဌာန လူငယ်ဂေဟာ ထိန်းသိမ်းရေးအဖွဲ့ကို
၁၉၂၉ ခုနှစ် အောက်တိုဘာ ၃ ရက် တွင် စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါ အဖွဲ့က အမှတ် ၃၂၀ အနော်ရထာလမ်း တွင် ဂေဟာတစ်ခုကို ၁၉၃၀ ပြည့်နှစ် တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အမြဲတမ်း စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် အတွက် ဘောင်ဒရီလမ်း (ဓမ္မစေတီ လမ်း)သို့ ပြောင်းရွှေ့ကာ ယာယီ စောင့်ရှောက်ရေးဂေဟာအဖြစ် ဖွင့်လှစ် ခဲ့သည်။ ၁၉၅၅ ခုနှစ် မေ ၂၈ ရက် တွင် အမှတ် ၆၄ ကမ္ဘာအေး စေတီလမ်း တွင် လူမှုဝန်ထမ်းဝန်ကြီးဌာန ထောက်ပံ့မှုဖြင့် ရန်ကုန်လူငယ်ဂေဟာ အသစ်ကို ဖွင့်လှစ်စောင့်ရှောက်ခဲ့ သည်။ ၁၉၆၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက် တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လွှဲပြောင်းလက်ခံ၍ ကမ္ဘာအေးလူငယ် သင်တန်းကျောင်းအဖြစ် ဖွင့်လှစ် စောင့်ရှောက်ခဲ့သည်။ ၂၀၁၁ ခုနှစ် မတ် ၂၅ ရက်တွင် အမှတ် ၆၅ ကျိုက်ဝိုင်း ဘုရားလမ်းရှိ မသန်စွမ်းကလေး များ ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ယာယီပြောင်းရွှေ့ခဲ့သည်။ ၂၀၁၂ ခုနှစ် မတ် ၁၄ ရက်တွင် အမှတ် ၂၉ ကျိုက်ခေါက်ဘုရားလမ်း အမှုထမ်း ရပ်ကွက် သန်လျင်မြို့သို့ ပြောင်းရွှေ့၍ သန်လျင် လူငယ်သင်တန်းကျောင်း အဖြစ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၁၉၂၉ ခုနှစ် အောက်တိုဘာ ၃ ရက် တွင် စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါ အဖွဲ့က အမှတ် ၃၂၀ အနော်ရထာလမ်း တွင် ဂေဟာတစ်ခုကို ၁၉၃၀ ပြည့်နှစ် တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အမြဲတမ်း စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် အတွက် ဘောင်ဒရီလမ်း (ဓမ္မစေတီ လမ်း)သို့ ပြောင်းရွှေ့ကာ ယာယီ စောင့်ရှောက်ရေးဂေဟာအဖြစ် ဖွင့်လှစ် ခဲ့သည်။ ၁၉၅၅ ခုနှစ် မေ ၂၈ ရက် တွင် အမှတ် ၆၄ ကမ္ဘာအေး စေတီလမ်း တွင် လူမှုဝန်ထမ်းဝန်ကြီးဌာန ထောက်ပံ့မှုဖြင့် ရန်ကုန်လူငယ်ဂေဟာ အသစ်ကို ဖွင့်လှစ်စောင့်ရှောက်ခဲ့ သည်။ ၁၉၆၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက် တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လွှဲပြောင်းလက်ခံ၍ ကမ္ဘာအေးလူငယ် သင်တန်းကျောင်းအဖြစ် ဖွင့်လှစ် စောင့်ရှောက်ခဲ့သည်။ ၂၀၁၁ ခုနှစ် မတ် ၂၅ ရက်တွင် အမှတ် ၆၅ ကျိုက်ဝိုင်း ဘုရားလမ်းရှိ မသန်စွမ်းကလေး များ ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ယာယီပြောင်းရွှေ့ခဲ့သည်။ ၂၀၁၂ ခုနှစ် မတ် ၁၄ ရက်တွင် အမှတ် ၂၉ ကျိုက်ခေါက်ဘုရားလမ်း အမှုထမ်း ရပ်ကွက် သန်လျင်မြို့သို့ ပြောင်းရွှေ့၍ သန်လျင် လူငယ်သင်တန်းကျောင်း အဖြစ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တိုးမြှင့်ခန့်ထားရန်လိုအပ်
အဆိုပါ လူငယ်သင်တန်းကျောင်း သည် သင်တန်းသားဦးရေ ၁၅၀ ဆံ့ သာဖြစ်ခဲ့ပြီး ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေအသစ်ကို ၂၀၁၉ ခုနှစ်အတွင်းက ပြဋ္ဌာန်းခဲ့ရာ ကလေးသူငယ်၏ အသက်ကို အသက် ၁၈ နှစ်အောက်ဟု သတ်မှတ်ထား၍ လက်ခံစောင့်ရှောက်ရမည့် ဦးရေ သုံးဆ ကျော်တိုးလာသဖြင့် ပိုမိုကျယ်ဝန်းသော နေရာနှင့် ဝန်ထမ်းဦးရေ တိုးမြှင့်ခန့်ထား ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁) ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ နှင့်တွေ့ဆုံပြီး လမ်းညွှန်မှာကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသူ၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးဆက် အောင်၊ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေစိုးမိုး ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ရေး၊ သောက်သုံးရေလုံလောက်စွာရရှိ ရေး၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု လက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရေး၊ လူ့စွမ်းအားရင်းမြစ် များ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးနိုင်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး နှင့် အိမ်ရာစီမံကိန်းများ တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြို့ဟောင်းနှင့် မြို့သစ် ဧရိယာများကို မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့် တင် ထိန်းသိမ်းဆောင်ရွက်သွားရေး၊ နိုင်ငံတော်၏ ကုန်သွယ်ရေးကဏ္ဍ တိုးတက်လာစေရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေ ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ အခြေခံအုတ်မြစ် ခိုင်မာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေများကို မေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ကဏ္ဍ အလိုက် ဖြည့်စွက်ဆွေးနွေးကြသည်။
လမ်းညွှန်မှာကြား
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မဖြစ် မနေ ချပြရှင်းလင်းရန် လိုအပ်ကြောင်း၊ စုပေါင်းအင်အားတွင် မိမိလုပ်အား မည်မျှ ထည့်ဝင်နိုင်သည်ဆိုသည်မှာ အောင်မြင်မှုအတွက် အဓိက အကျဆုံး အချက်ဖြစ်ကြောင်း၊ ပြည်သူ့အပေါ် တွင် ပွင့်လင်းမြင်သာမှုရှိစေရန်၊ ပြည်သူ သိလိုသောအချက်များကို ပြည့်ပြည့်စုံစုံ တိတိကျကျ ပြည်သူ နားလည်အောင် ရှင်းပြရန်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရေး ကြီးသော တာဝန်တစ်ရပ်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment