နေပြည်တော် ဖေဖော်ဝါရီ ၁
“ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ် တွင် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်ဆေး(စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း ဗဟိုအခမ်းအနား”ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မြို့နယ်ခန်းမ၌ပြုလုပ်သည်။
ပထမဦးစွာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုးဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ် Ms. June Kunugi တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အလွန်ကူးစက်မြန်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရိုတာဗိုင်းရပ်စ်ကာကွယ် ဆေးကို (၁၂) ခုမြောက်ရောဂါကာကွယ်ဆေး အဖြစ် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီ အစဉ်တွင် ထည့်သွင်းထိုးနှံသွားမည်ဖြစ်ပါ၍ ဝန်ကြီးဌာနနှင့် ပြည်သူများအတွက် အရေးကြီး သည့်နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ကလေးများ တွင်ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ သည် ရိုတာဗိုင်းရပ်စ်ကြောင့် အဓိကဖြစ်ပွားပြီး ရိုတာဗိုင်းရပ်စ်သည် အလွန်ကူးစက်မြန်ပါ ကြောင်း။
ဝမ်းမလျှောခင် နှစ်ရက်အလိုနှင့် ဝမ်းလျှောပြီး ၁၀ ရက်အထိ ဗိုင်းရပ်စ်ပိုး ရှိနေ တတ်ပြီး ပတ်ဝန်းကျင်တွင် ကိုးရက်မှ ၁၉ ရက် အတွင်း အသက်ရှင်နေနိုင်သဖြင့် ကလေးများ ထံသို့ လွယ်ကူစွာပျံ့နှံ့ကူးစက်နိုင်ပါကြောင်း၊ ထို့အပြင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် အသက် ၁၈ လပြည့်ပြီးကလေး များကို စတုတ္ထအကြိမ် ဆုံဆို့-မေးခိုင် ပါဝင် သော ကာကွယ်ဆေးကိုပါ ထည့်သွင်းထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် (သို့မဟုတ်) ဩဂုတ်လတွင် မြန်မာ တစ်နိုင်ငံလုံးရှိ အသက်ကိုးနှစ်မှ ၁၀ နှစ်အရွယ်ရှိ မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (Human Papilloma Virus Vaccine)ကိုလည်း ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းအစီအစဉ်တွင် (၁၃) ခုမြောက် ရောဂါကာကွယ်ဆေးအဖြစ် ထပ်မံထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း။
ကလေးငယ်များသည် ဝမ်းလျှောနေစဉ် တွင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတိုးတက်မှုများကို များစွာထိခိုက်နိုင်ပြီး အခြားရောဂါများလည်း ကူးစက်ဖြစ်ပွားနိုင် သဖြင့် ပြည်သူများက မိမိတို့၏ကလေးများကို ကာကွယ်ဆေး တိုက်ကျွေးပေးရမည်ဖြစ်ပါ ကြောင်း၊ ရိုတာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး နှစ်ကြိမ်တိုက်ကျွေးခြင်းအတွက် ကုန်ကျ ငွေမှာ လေးဒေါ်လာဖြစ်ပြီး ကာကွယ်ဆေး သယ်ဆောင်ခ စသည့်ကုန်ကျစရိတ်များပါ ထည့်သွင်းတွက်ချက်ပါက ကလေးတစ်ဦးလျှင် ခုနစ်ဒေါ်လာ ကုန်ကျပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ် ဆေးထိုးလုပ်ငန်းအတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် သုံးစွဲလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဘဏ္ဍာငွေ အများဆုံးပံ့ပိုးကူညီပေးနေသော Gavi, the Vaccine Alliance အဖွဲ့ကိုလည်း ကျေးဇူးတင် ရှိပါကြောင်း၊ ယခုထိုးနှံပေးနေသော (၁၂)ခု မြောက်ကာကွယ်ဆေးဖြစ်သော ရိုတာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေးကို ပြည်သူများအနေဖြင့် မပျက်မကွက် ထိုးနှံတိုက်ကျွေးကြရန် နှိုးဆော် ပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာ နိုင်ငံသူနာပြုနှင့် သားဖွားအသင်း၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက် ကြစေလိုပါကြောင်း။
ယခုလုပ်ငန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာနှင့်အဖွဲ့က ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်နေ ပါကြောင်း၊ လှိုင်သာယာမြို့နယ်သည် လူဦးရေ ထူထပ်သိပ်သည်းမှုကြောင့် ရောဂါကူးစက် နိုင်ခြေလွန်စွာများခြင်း၊ နိုင်ငံတစ်ဝန်းမှ လူများ စုဝေးရောက်ရှိနေခြင်းတို့ကြောင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများတွင် ဆေး မရရှိသောကလေးများကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လှိုင်သာယာမြို့နယ်မှ ပြည်သူများ ယခုကာကွယ်ဆေးအပါအဝင် ရောဂါကာကွယ် ဆေးများ၏အကျိုးကျေးဇူးများကို သိရှိရန် အတွက် ယခုအခမ်းအနားကို လှိုင်သာယာ မြို့နယ်တွင် ကျင်းပရခြင်းဖြစ်ပါကြောင်း။
ယခုလုပ်ငန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာနှင့်အဖွဲ့က ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်နေ ပါကြောင်း၊ လှိုင်သာယာမြို့နယ်သည် လူဦးရေ ထူထပ်သိပ်သည်းမှုကြောင့် ရောဂါကူးစက် နိုင်ခြေလွန်စွာများခြင်း၊ နိုင်ငံတစ်ဝန်းမှ လူများ စုဝေးရောက်ရှိနေခြင်းတို့ကြောင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများတွင် ဆေး မရရှိသောကလေးများကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လှိုင်သာယာမြို့နယ်မှ ပြည်သူများ ယခုကာကွယ်ဆေးအပါအဝင် ရောဂါကာကွယ် ဆေးများ၏အကျိုးကျေးဇူးများကို သိရှိရန် အတွက် ယခုအခမ်းအနားကို လှိုင်သာယာ မြို့နယ်တွင် ကျင်းပရခြင်းဖြစ်ပါကြောင်း။
ယခု ရိုတာဗိုင်းရပ်စ်ရောဂါကာကွယ် ဆေးကို သတ်မှတ်ထားသောအသက်အရွယ်၌ နှစ်ကြိမ်တိုက်ကျွေးခြင်းဖြင့် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု၊ သေဆုံးမှု များလျော့နည်းခြင်း၊ ကိုယ်ခန္ဓာနှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှုများကောင်းမွန်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခု ကဲ့သို့ ပြည်သူများအတွက် ရောဂါကာကွယ်ဆေး များတိုက်ကျွေးထိုးနှံခြင်းအပါအဝင် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့မှဌာနေ ကိုယ်စားလှယ် Ms. June Kunugi တို့က အမှာစကားပြောကြားကြသည်။
ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ပြီး နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာသူများက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ၏ပြခန်းများကို လှည့်လည်ကြည့်ရှုပြီး ကာကွယ် ဆေးထိုး၊ ဆေးတိုက်ရန် လာရောက်သည့် ကလေးများကိုအားပေးကာ အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
သတင်းစဉ်
No comments:
Post a Comment