Monday, February 24, 2020

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေး




Image may contain: 2 people, people standing and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၃



ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့နှင့် ဒလမြို့ တို့ကို ဆက်သွယ်မည့် မြန်မာ - ကိုရီးယားချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရန်ကုန်မြို့ဘက်ခြမ်းရှိ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုနှင့် Contractor ကုမ္ပဏီဖြစ်သော GS Engineering & Construction Corporation မှ Project Director Mr.Yunho Cho တို့က တံတားဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ နှင့် ပြီးစီးမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြကာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်မတံတား တည်ဆောက်ရေးလုပ်ငန်းများဖြစ်သော Pylon အမှတ်(၁)နှင့် အမှတ်(၂)၏ Bored Pile တူးရန်အတွက် Working Platform များ ပြုလုပ်နေမှုအခြေအနေများနှင့် ယာယီ တံတားတည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒလဘက်ကမ်းသို့ ရေယာဉ်ဖြင့် သွားရောက်၍ ပင်မတံတားတည်ဆောက်ရေး လုပ်ငန်းများ၊ Batching Plant နှင့် Casting Yard ဆောင်ရွက်ထားမှု၊ ဒလတံတားချဉ်းကပ်တံတားအတွက် ဘိုးပိုင်တူးခြင်းလုပ်ငန်းများ၊ ပိုင်ထိပ်အုပ်လုပ်ငန်းအခြေ အနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယ ဝန်ကြီးက Contractor ကုမ္ပဏီနှင့် Sub-Contractor ကုမ္ပဏီများမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည် အသွေးပြည့်မီကောင်းမွန်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး စသည့်အချက်များကို အဓိကထား ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဒလတံတားစီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွား ဖြစ်ပြီး Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည် အပေါ်တွင် သံမဏိကြိုးဆိုင်းတံတားဖြစ်ကာ တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်သည်။
ဒလတံတားတည်ဆောက်ရေးစီမံကိန်းကို ကိုရီးယား သမ္မတနိုင်ငံဘက်မှ ချေးငွေအမေရိကန်‌ဒေါ်လာ ၁၅၇ ဒသမ ၈၃ သန်း၊ မြန်မာဘက်ကထည့်ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၄ သန်း စုစုပေါင်း ၁၈၈ ဒသမ ၁၇ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ခုနစ်ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်

No comments:

Post a Comment