Wednesday, January 1, 2020

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏
၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား
No photo description available.
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျာ -
ကျက်သရေမင်္ဂလာအပေါင်း နဲ့ပြည့်စုံလှတဲ့ ၂၀၂၀ ပြည့်နှစ်ရဲ့ နှစ်သစ်ကူးမင်္ဂလာနေ့ရက်မှသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီး ကောင်းချီးမင်္ဂလာအဖြာဖြာကို ရရှိ ခံစားနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။
အခွင့်အလမ်းကောင်းတွေ ရယူ
ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းရဲ့ အတွေ့အကြုံကို အခြေခံကာ ပြည်ထောင်စုတိုင်းရင်းသား သွေး ချင်းများအချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု၊ နားလည် ယုံကြည်မှုများနဲ့အတူ
နှစ်သစ်မှာ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကျော်လွှားရင်ဆိုင်ဖြတ်သန်းနိုင်ကြပြီး အခွင့်အလမ်းကောင်းတွေ ကိုလည်း ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။
ဒီလိုစုစည်းမှုအင်အား၊ ညီညွတ်မှုအင်အားတွေနဲ့ ဆောင်ရွက် မှုကနေ ပြည်ထောင်စုကြီးရဲ့ငြိမ်းချမ်းရေးနဲ့ ပြည်သူများမျှော်လင့် တောင့်တနေကြတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးတို့မှာ ထိရောက်တဲ့ အထောက်အကူများ၊ ရလဒ်ကောင်းများ ရရှိနိုင်ကြမယ်လို့ ယုံကြည်မျှော်လင့်မိပါ တယ်။
ကျွန်တော်တို့ တိုင်းရင်းသားများ စုစည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုကြီးရဲ့ ရှေ့ခရီးလမ်းနဲ့အနာဂတ်ဟာ ကျွန်တော်တို့တိုင်းရင်းသားပြည်သူများရဲ့ လုပ်ဆောင်မှုအရပ်ရပ်အပေါ်မှာ တည်မှီနေမှာဖြစ်လို့ နိုင်ငံတော်ရဲ့အကျိုး၊ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ဂုဏ်သိက္ခာတို့ကို ဆတက်ထမ်းပိုး တိုးမြှင့်သယ်ပိုးနိုင်တဲ့ နိုင်ငံ့သားကောင်းများဖြစ်ကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

No comments:

Post a Comment