Wednesday, January 1, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏
၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
Image may contain: 1 person
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေ ထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ၂၀၂၀ နှစ်သစ်မင်္ဂလာနေ့ရက်မှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သလိုက် ပါတယ်။
ကျွန်တော်တို့ ၂၀၁၉ ခုနှစ်ကို ကျော်လွန်ဖြတ်ကျော် ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး ကျွန်တော်တို့နိုင်ငံ အနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ်မှာ လျှောက် လှမ်းခဲ့တာ ကိုးနှစ်တာကာလကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အတိတ်ကိုပြန်ကြည့်မယ်ဆိုရင် အောင်မြင်တာတွေရှိ သလို အခက်အခဲတွေကို ကျော်လွှားခဲ့ရတာတွေလည်း ကျွန်တော်တို့ ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း၊ နိုင်ငံရေးအတွက်သော်လည်းကောင်း အရေးပါတဲ့နှစ်တစ် နှစ်ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အကောင်းဆုံး ဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားပါမယ်။
မိဘ ပြည်သူများကလည်း အစစအရာရာ ချင့်ချိန်သုံးသပ် ပြီးတော့မှ တပ်မတော်နဲ့လက်တွဲပြီး ဒီ ၂၀၂၀ ကာလကို လည်း ကျော်လွန်ဖြတ်ကျော်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။ မိဘပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်း ထပ်လောင်းဆုတောင်း အပ်ပါတယ်ခင်ဗျာ။

No comments:

Post a Comment